Pages

Subscribe:

Tuesday, March 10, 2015

ပေါ်တို – ဘေဆယ် (ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒု-ကျော့ ပွဲကြိုသုံးသပ်ချက်)




ပေါ်တို – ဘေဆယ်

ဒီပွဲကတော့ ပိုပြီး စိတ်ဝင်စားဖို့ကောင်းသလို ခန့်မှန်းဖို့လည်း ခက်ခဲတဲ့ပွဲဖြစ်ပါတယ်။ ပေါ်တိုဟာ ဘေဆယ်ကွင်းမှာ ရဂိုးယူပြီး သရေရအောင် ကစားနိုင်ခဲ့လို့ အိမ်ကွင်းမှာ ဂိုးမပေးရဖို့သာအ ဓိက ဖြစ်ပါတယ်။ ဒါပေမယ့် ပေါ်တိုက တိုက်စစ်အားကောင်းတဲ့အတွက် သွင်းဂိုးတေါ တွေ့ရဦးမယ် ထင်ပါတယ်။

ပေါ်တိုဟာ ပြည်တွင်းလိဂ်မှာလည်း အကောင်းဆုံး ခြေစွမ်းကို ထိန်းထားနိုင်တဲ့ အသင်းဖြစ်ပါတယ်။ ပေါ်တို ရှုံးပွဲမရှိတာ အတော်ကြာနေပြီဖြစ်ပါတယ်။ ဒုတိယအကျော့ အဆုံးအဖြတ်ပွဲကို အိမ်ကွင်းမှာ ကစားမှာ ဖြစ်တဲ့အတွက် ပေါ်တိုအသာစီး ရပြီးရင်း ပိုရနေတာတော့ အမှန်ပါပဲ။ ပေါ်တိုအသင်းဟာ ရှုံးပွဲမရှိတာ အတော်လေး ကြာနေပြီဖြစ်ပါတယ်။ ပေါ်တိုဟာ ပြိုင်ပွဲ နောက်ဆုံး ၁၆ ပွဲမှာ တစ်ပွဲသာ ရှုံးထားတဲ့ အသင်းဖြစ်ပါတယ်။ အတည်ငြိမ်ဆုံးခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့ ပေါ်တိုအိမ်ကွင်းဟာ ဘေဆယ်အတွက်တော့ ဘယ်လိုမှ မလွယ်ကူနိုင်ပါဘူး။

ဘေဆယ်ဟာလည်း ခြေစွမ်းမာကျောတာကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးရှိနေတဲ့ အုပ်စုကနေ ၁၆ သင်းအဆင့်ကို တက်လှမ်းလာတဲ့အသင်းဖြစ်ပါတယ်။ ဘေဆယ် ခြေစွမ်းက မာကျောပြီးတည်ငြိမ်တယ်ဆိုပေမယ့် ပေါ်တူဂီမြေမှာ ကစားရမယ်ဆိုတဲ့အချက်က ပွဲရဲ့အဖြေကို ပြောင်းလဲသွားစေနိုင်တယ်ဆိုတာ မေ့ထားလို့မရပါဘူး။

ပေါ်တိုဘက်မှာ တယ်လိုရဲ့ခြေစွမ်းကလည်း အကောင်းဆုံးမှာ ရှိနေပါတယ်။ နောက်ဆုံး နှစ်ပွဲမှာ လေးဂိုးသွင်းထားတဲ့ ကစားသမား ဖြစ်ပါတယ်။ ဘေဆယ်ဘက်က ဂိုးရမှ ဖြစ်မှာဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့ ပွဲစစချင်းမှာ တိုက်စစ်ဖွင့်ကစားပြီး ပေါ်တိုဆီက ဂိုးရအောင် ယူသွားနိုင်ချေရှိပါတယ်။ ပေါ်တိုဘက်က ဂိုးစပေးရလိုက်ရရင်တော့ အတော်လေး ဒုက္ခများသွားမယ့် အခြေအနေပါ။ ဒီပွဲဟာ မထင်မှတ်ပဲ ဂိုးများသွားမယ့် ပွဲတစ်ပွဲလို့ ယူဆနိုင်ပါတယ်။

သုံးသပ်ချက်

အိမ်ရှင်ပေါ်တိုရဲ့ ကစားအားပိုသာတယ်ဆိုတာတော့ ငြင်းလို့မရပါဘူး။ အိမ်ရှင်အသာစီးရတယ်ဆိုပေမယ့် နိုင်ဖို့တော့ မလွယ်လှပါဘူး။ နိုင်ရင်လည်း ဂိုးမပြတ်ပဲနိုင်တာမျိုး ဖြစ်ပါလိမ့်မယ်။ ပေါ်တိုနိုင်ဖို့ထက်စာရင် ဘေဆယ်ဘက်မှာ သရေရဖို့ အခွင့်အရေး ပိုများပါတယ်။ အပြန်အလှန်သွင်းဂိုးတွေ တွေ့နိုင်တဲ့ ပွဲတစ်ပွဲပါ။

Soccer Myanmar

0 comments:

Post a Comment