Pages

Subscribe:

Friday, March 6, 2015

ကြယ်စင်စု စာရင်းဝင် ကစားသမားတစ်ဦး ဖြစ်ခွင့်ရခြင်းအတွက် ဂုဏ်ယူမိဟု ဘေးလ်ဖွင့်ဟ



ကြယ်စင်စု စာရင်းဝင် ကစားသမားတစ်ဦး ဖြစ်ခွင့်ရခြင်းအတွက် ဂုဏ်ယူမိဟု ဘေးလ်ဖွင့်ဟ

ကြယ်စင်စု စာရင်းဝင် ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ခံရသော ခံစားချက်သည် ထူးကဲ ကောင်းမွန်လွန်းကြောင်း ဂါရတ်သ်ဘေးလ်က ဖွင့်ဟ ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ် အသင်းသည် ဝေလလက်ရွေးစင် တောင်ပံတိုက်စစ်သမားကို ပြီးခဲ့သည့် ဘောလုံးရာသီ အစောပိုင်းက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀)ဖြင့် တော့တင်ဟမ် ဟော့စပါးထံမှ ဝယ်ယူခဲ့သည်။ ၎င်းသည် ဘောလုံးလောက၏ ကြယ်စင်စု အသင်းအဖြစ် တင်စားခံရသည့် ရီးယဲလ်တွင် ဥက္ကဋ္ဌ ဖလော်ရန်တီနိုပီရက်ဇ် စိတ်ကြိုက် စုစည်းထားသည့် ဟာမက်စ်ရိုဒရီဂွတ်ဇ်၊ တိုနီခရူးစ်၊ လူကာမိုဒရစ်၊ ကာရင်မ်ဘန်ဇီးမား၊ ခရစ္စတီယာနို ရော်နယ်လ်ဒို အစရှိသည့် ကစားသမားများနှင့်အတူ ပါဝင်ခွင့် ရလာခြင်းအတွက် ပျော်ရွှင်ကျေနပ်မိကြောင်း ဘေးလ်က ဆိုသည်။

“ကြယ်စင်စုလို့ သုံးနှုန်း ခေါ်ဆိုခံရတဲ့ အသင်းမှာ အစိတ်အပိုင်း ဖြစ်ရတာ တကယ့်ကို ထူးကဲပါတယ်”ဟု ဘေးလ်က ASသို့ ပြောကြားခဲ့သည်။ ၎င်းက “ဒီအခြေအနေမှာ ကင်မရာပေါင်း များစွာရဲ့ အာရုံစိုက် စောင့်ကြည့်မှုကိုတော့ ခံရတယ်။ ဒါဟာ မလိုလားစရာ အနေအထား တချို့ကိုတော့ ဦးတည်သွားနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အားလုံးဟာ ဒါကို မေ့ထားပြီး ပျော်ပျော်ရွှင်ရွှင်၊ စုစုစည်းစည်းပဲ ဖြတ်သန်း နေထိုင်ကြပါတယ်”ဟုလည်း မှတ်ချက်ပြုခဲ့သည်။ ဘေးလ်သည် ယခုရာသီတွင် အသင်းအတွက် (၃၅)ပွဲ ကစားကာ (၁၂)ဂိုး သွင်းယူထားပြီး ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment