Pages

Subscribe:

Friday, March 6, 2015

မန်စီးတီးကို ကွမ်ပနီ တစ်ကျော့ပြန် အကောင်းဆုံး ဦးဆောင်နိုင်လိမ့်မည်ဟု ဟတ်ထောက်ခံ



မန်စီးတီးကို ကွမ်ပနီ တစ်ကျော့ပြန် အကောင်းဆုံး ဦးဆောင်နိုင်လိမ့်မည်ဟု ဟတ်ထောက်ခံ

ဗင်းဆင့်ကွမ်ပနီ အနေဖြင့် အကောင်းဆုံး ပုံစံ ပြန်လည်ရရှိလာပြီး အသင်းကို ဦးဆောင်နိုင်လိမ့်မည်ဟု မန်ချက်စတာစီးတီး ဂိုးသမား ဂျိုးဟတ်က ထောက်ခံ ပြောကြားခဲ့သည်။

မန်စီးတီး မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီသည် ပြီးခဲ့သည့် ပွဲစဉ်အချို့တွင် အမှားများ ရှိခဲ့သည့် အသင်းခေါင်းဆောင် ကွမ်ပနီကို လက်ဆက်စတာ စီးတီးနှင့် ပွဲစဉ်တွင် ချန်လှပ်ထားခဲ့သည်။ အိမ်ကွင်း ပွဲစဉ်အဖြစ် လက်ဆက်စတာကို (၂-၀)ဖြင့် အနိုင်ရခဲ့ရာတွင် ဘယ်လ်ဂျီယံ လက်ရွေးစင် ဗဟိုနောက်ခံလူသည် အရန်ခုံတန်းတွင်သာ ရှိနေခဲ့သည်။ သို့သော်လည်း ဟတ်က ကွမ်ပနီသည် အခြေအနေကို နားလည်ကြောင်းနှင့် ၎င်း၏ ပွဲထွက်နေရာအတွက် ပြန်လည် တိုက်ပွဲဝင် ရယူရန် အပြည့်အဝ အရည်အချင်းရှိကြောင်း ဆိုသည်။ ဟတ်ကိုယ်တိုင်လည်း လက်စွမ်း အားနည်းနေသည့် ကာလများတွင် ပယ်လီဂရီနီ၏ ပွဲထွက် လူစာရင်းမှ ချန်လှပ်ခြင်း ခံရဖူးသည်။

ဟတ်က “ကွမ်ပနီက ဒါကို လက်ခံမှာပါ။ ကျွန်တော်တို့ အားလုံးလည်း အတူတူပါပဲ။ တစ်ခါတစ်လေ မန်နေဂျာဟာ အသင်းလူစာရင်းကို အပြောင်းအလဲ လုပ်ဖို့ လိုပါတယ်။ ပွဲတိုင်းပွဲတိုင်း လူတစ်ယောက်က ပင်တိုင် ကစားနေလို့ မဖြစ်နိုင်ဘူးလေ။ ကျွန်တော် ကိုယ်တိုင်က ဒီသင်ခန်းစာကို လက်တွေ့ သင်ယူပြီးပြီ။ ကွမ်ပနီဟာ မယုံနိုင်လောက်အောင် ထူးချွန်တဲ့ ကစားသမားမျိုးပါ။ ကျွန်တော် တွဲကစားဖူးသမျှ အကောင်းဆုံး တစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ဆက်စတာနဲ့ပွဲမှာ သူမပါပေမယ့် ရှေ့ဆက် ပွဲစဉ်တွေမှာ အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ပြီး သူပြန်လာမှာ သေချာပါတယ်။ ကွမ်ပနီဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး နောက်ခံလူတစ်ယောက် ဖြစ်ပါတယ်”ဟု ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment