Saturday, March 14, 2015
စတာလင်၏ စာချုပ်သစ် ကိစ္စ မပြေလည်သေးမှုကို ဘိုင်ယန်နှင့် ရီးယဲလ်တို့ စောင့်ကြည့်နေ
စတာလင်၏ စာချုပ်သစ် ကိစ္စ မပြေလည်သေးမှုကို ဘိုင်ယန်နှင့် ရီးယဲလ်တို့ စောင့်ကြည့်နေ
ရာဟင်မ် စတာလင်နှင့် လီဗာပူးလ်တို့ စာချုပ်သက်တမ်း တိုးရေးကိစ္စ ကြန့်ကြာနေမှုအပေါ် ရီးယဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်တို့က အလေးအနက် စိတ်ဝင်စားမှု ပြသလာကြောင်း သိရှိရသည်။
ပြီးခဲ့သည့် တစ်နှစ်အတွင်း သိသိသာသာ ခြေစွမ်းတက်လာသည့် အင်္ဂလန် လက်ရွေးစင် တောင်ပံကစားသမားလေးကို လီဗာပူးလ်က စာချုပ်သက်တမ်း တိုးမြှင့်ရန် ကြိုးပမ်းနေသည်မှာ လပေါင်းအတော်များများ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အသက်(၂၀) အရွယ်ရှိ စတာလင်က မိမိသည် လတ်တလောတွင် အသင်းအတွက်သာ အာရုံစိုက် ကစားပေးလိုပြီး အခြား ကိစ္စများကို မစဉ်းစားချင်သေးဟု လီဗာပူးလ် တာဝန်ရှိသူများထံ ပြောကြားထားသည်။ လီဗာပူးလ်သည် ပရီးမီးယားလိဂ် ထိပ်ဆုံး(၄)သင်းတွင် ပါဝင်ခွင့် ရရေးနှင့် FAဖလား ဆွတ်ခူးရေးတို့အတွက် အားသွန် ကြိုးပမ်းလျက် ရှိသည်။
လတ်တလောတွင် စတာလင်သည် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၃၅၀၀၀)သာ ရရှိပြီး စာချုပ်သက်တမ်းမှာ (၂၀၁၇)ခုနှစ်ထိသာ ကျန်ရှိတော့သည်။ ဥရောပ၏ နာမည်ကျော် အသင်းများဖြစ်သည့် ရီးယဲလ်နှင့် ဘိုင်ယန်တို့သည် အဆိုပါ အနေအထားအပေါ် အလေးအနက် စိတ်ဝင်စားမှု ပြသနေခြင်းကလည်း လီဗာပူးလ်အတွက် ဖိအားသဖွယ် ဖြစ်လာသည်။ လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာက မိမိတို့သည် အလွန်ကောင်းမွန်သည့် ကမ်းလှမ်းချက် တစ်ရပ်ကို စတာလင်ထံ ပေးပို့ထားကြောင်း ပြောကြားခဲ့သည်။ ဗြိတိန် မီဒီယာများက ဂျမေကာဖွား လူငယ်လေးအတွက် လီဗာပူးလ်က တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၀၀၀၀၀)ထိ ပေးချေရန် အဆိုပြုထားကြောင်း ဖော်ပြခဲ့ကြသည်။
စတာလင်သည် အသင်းတွင် ရာသီကုန်ထိ ဆက်ကစားပြီး လီဗာပူးလ် အနေဖြင့် ချန်ပီယံလိဂ် ဝင်ခွင့်ရမရကို အခြေခံကာ ၎င်း၏ အနာဂတ်ကို ဆုံးဖြတ်ဖွယ် ရှိနေကြောင်းလည်း ခန့်မှန်းချက်များ ထွက်ပေါ်နေခဲ့သည်။
Soccer Myanmar
Labels:
ပရီးမီးယားလိဂ်,
ဘွန်ဒက်စ်လီဂာ,
လာလီဂါ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment