Pages

Subscribe:

Saturday, March 14, 2015

မန်စီးတီးတွင် ကစားသမားချင်း မပြေမလည် ဖြစ်နေသည် ဆိုခြင်းကို ပယ်လီဂရီနီ ငြင်းဆန်



မန်စီးတီးတွင် ကစားသမားချင်း မပြေမလည် ဖြစ်နေသည် ဆိုခြင်းကို ပယ်လီဂရီနီ ငြင်းဆန်

မန်ချက်စတာစီးတီး မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက အသင်းတွင် ကစားသမားချင်း မပြေလည်မှုများ ရှိနေသည် ဆိုခြင်းကို ငြင်းဆန် သွားခဲ့သည်။

လီဗာပူးလ်ကို အန်းဖီးလ်တွင် အရေးနိမ့်သည့် ပွဲစဉ်၌ မန်စီးတီး အသင်းခေါင်းဆောင် ဗင်းဆင့်ကွမ်ပနီနှင့် ကွင်းလယ်ကစားသမား ဖာနန်ဒင်ဟိုတို့ အချင်းများခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည့်နောက် ပယ်လီဂရီနီက ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းတွင် ဘရာဇီးလ် ကွင်းလယ်လူ ဖာနန်ဒင်ဟို ကိုယ်တိုင်ကလည်း မိမိနှင့် ကွမ်ပနီတို့သည် အသင်း၏ စွမ်းဆောင်ရည် ပိုင်းကို မြှင့်တင်နိုင်ရန် ဆွေးနွေး ပြောဆိုခဲ့ခြင်းသာဖြစ်ကြောင်း ပြောကြားထားသေးသည်။

ပယ်လီဂရီနီက “ဒါက သာမန် အခြေအနေ တစ်ခုပါ။ ပြီးတော့ လွန်ခဲ့တဲ့ ရက်ပေါင်း(၂၀)လောက်က ကိစ္စဟာ အခုအချိန်မှာ အရေးလုပ်ပြီး ပြောနေဖို့ မလိုတော့ဘူးလို့လည်း ကျွန်တော် ထင်တယ်လေ။ ပွဲတစ်ပွဲမှာ ကစားသမားချင်း ပြောဆိုဆွေးနွေးမှုတွေ ရှိခဲ့တာ မဆန်းပါဘူး။ ဒါက အသင်းအပေါ် ဘယ်လိုမှ မရိုက်ခတ်ဘူး။ သူတို့နှစ်ယောက်မှာ ဘာပြဿနာမှ မရှိသလို အသင်းအဝတ်လဲခန်းမှာ ဘာပြဿနာမှ မရှိဘူး။ သတင်းစာတွေမှာ ရေးနေတဲ့ ကိစ္စကို ကျွန်တော် စိတ်မပူပါဘူး။ အဲဒီမှာက လက်တွေ့နဲ့ ကွဲလွဲတာတွေ အများကြီး တွေ့ရတတ်တယ်လေ”ဟု မှတ်ချက်ပြုခဲ့သည်။

၎င်းက “ကျွန်တော်က အသင်းကို တစ်သမတ်တည်း ကိုင်တွယ်နေတာပါ။ ကစားသမားတွေနဲ့လည်း ဘာပြဿနာမှ မရှိဘူး။ ဒါကြောင့် သတင်းစာတွေမှာ ရေးနေတာတွေက ဘာဖြစ်ဖြစ် ကျွန်တော့်အတွက် ကိစ္စမရှိဘူး”ဟုလည်း ပြောဆိုသွားသည်။

Soccer Myanmar

0 comments:

Post a Comment