Friday, March 13, 2015
လီဗာပူးလ် ကစားသမား ဘဝကို FAဖလား အောင်မြင်မှုဖြင့် အဆုံးသတ်နိုင်ရန် ဂျရတ်မျှော်လင့်
လီဗာပူးလ် ကစားသမား ဘဝကို FAဖလား အောင်မြင်မှုဖြင့် အဆုံးသတ်နိုင်ရန် ဂျရတ်မျှော်လင့်
လီဗာပူးလ် ကစားသမား ဘဝကို FAဖလား ဆွတ်ခူးရယူမှုဖြင့် အဆုံးသတ်ရန် အသင်းခေါင်းဆောင် စတီဗင်ဂျရတ်က မျှော်လင့်လျက် ရှိသည်။
လီဗာပူးလ်၏ သက်တော်ရှည် ကစားသမားကြီး ဂျရတ်သည် ရာသီကုန်တွင် အမေရိကန်ကလပ် လော့စ်အန်ဂျလိစ် ဂလက်စီသို့ ပြောင်းရွှေ့ရန် စီစဉ်ထားပြီး ဖြစ်သည်။ ၎င်းသည် ယခုအခါ တံကောက်ကြော ဒဏ်ရာမှ သက်သာလာပြီး အသင်းအတွက် ပါဝင်ကစားပေးရန် အသင့်ရှိနေသည်။ အသက်(၃၄)နှစ်ရှိ ဂျရတ်က ရာသီကုန်တွင် လီဗာပူးလ်ကို ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ပရီးမီးယားလိဂ် ထိပ်ဆုံး(၄)သင်း စာရင်း ပါဝင်နိုင်ရန်နှင့် FAဖလား ဆွတ်ခူးရယူပေးနိုင်ရန် မျှော်လင့်ထားကြောင်း ဖွင့်ဟခဲ့သည်။ လီဗာပူးလ်သည် FAဖလား ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် ဘလက်ဘန်း ရိုဗာကို အဝေးကွင်းတွင် သွားရောက် ကစားရမည် ဖြစ်သည်။
ယခုလကုန်တွင် ပြုလုပ်မည့် လီဗာပူးလ် All Star ရန်ပုံငွေ ပွဲစဉ်အတွက် Promotion အစီအစဉ်တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ဂျရတ်က “ကျွန်တော်က လောလောဆယ် တံကောက်ကြော ဒဏ်ရာက သက်သာလာကာစ ရှိသေးတယ်။ ဒီရာသီ အသင်းကို အားကောင်းကောင်း အနေအထား တစ်ရပ်နဲ့ အပြီးသတ်စေချင်တယ်။ ထိပ်ဆုံး(၄)သင်းမှာ ပါဝင်ဖို့၊ နောက်ပြီး ဖြစ်နိုင်ရင် FAဖလား ချန်ပီယံဆုကို ဆွတ်ခူးဖို့ပေါ့လေ။ ဒီအောင်မြင်မှုမျိုးနဲ့ ကျွန်တော် အသင်းကို စွန့်ခွာသွားချင်တယ်”ဟု ပြောကြားခဲ့သည်။
အဆိုပါ ရန်ပုံငွေ ပွဲစဉ်တွင် လီဗာပူးလ် ကစားသမားဟောင်းများ ပါဝင်ပူးပေါင်းကာ ချယ်လ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီနှင့် တိုက်စစ်မှူး ဒီဒီရာ ဒရော့ဂ်ဘာတို့ကဲ့သို့ ပုဂ္ဂိုလ်များကလည်း အားဖြည့်မည်ဖြစ်သည်။ ရန်ပုံငွေပွဲတွင် ဂျရတ်၏ အသင်းနှင့် လီဗာပူးလ် ခံစစ်မှူးဟောင်း ဂျင်မီကာရေဂါ၏ အသင်းတို့ ကစားမည်ဖြစ်ရာ အောက်ပါအတိုင်း နှစ်သင်းခွဲခြား သတ်မှတ်ထားသည်။
ဂျရတ်အသင်း – ဘရတ်ဒ်ဂျုံးစ်စ်၊ စတီဖန်ဝါးနော့ခ်၊ ဂျွန်တယ်ရီ၊ ဂျွန်အာနီရီဆေး၊ ရှာဘီအလွန်ဆို၊ စတီဗင်ဂျရတ်၊ သီအာရီအွန်နရီ၊ ကီဗင်နိုလန်၊ ရိုင်ယန်ဘာဘယ်လ်၊ လူးဝစ်ဆွာရက်ဇ်၊ ဖာနန်ဒိုတောရက်စ်
ကာရေဂါအသင်း – ပီပီရေနာ၊ မာတင်ကယ်လီ၊ ဂျေမီကာရေဂါ၊ အယ်လ်ဗာရိုအာဘီလိုအာ၊ လူးဝစ်ဂါစီယာ၊ ရောလ်မီရာလက်စ်၊ ယွန်ဂျိုရှယ်လ်ဗီ၊ ကရိတ်ဂ်ျနွန်း၊ ဒါ့ခ်ကောက်၊ ဒီဒီရာဒရော့ဂ်ဘာ၊ ကရိတ်ဂ်ျဘယ်လာမီ
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment