Pages

Subscribe:

Friday, March 13, 2015

ကွမ်ပနီနှင့် ဆက်ဆံရေး ပျက်ပြားနေသည် ဆိုခြင်းကို ဖာနန်ဒင်ဟို ငြင်းဆန်




ကွမ်ပနီနှင့် ဆက်ဆံရေး ပျက်ပြားနေသည် ဆိုခြင်းကို ဖာနန်ဒင်ဟို ငြင်းဆန်

မိမိနှင့် အသင်းခေါင်းဆောင် ဗင်းဆင့်ကွမ်ပနီတို့ကြား ဆက်ဆံရေး ဆိုးရွားနေကြောင်း သတင်းများကို မန်ချက်စတာ စီးတီး ကွင်းလယ်လူ ဖာနန်ဒင်ဟိုက ငြင်းဆိုသွားခဲ့သည်။

အသက်(၂၉)နှစ်ရှိ ဘရာဇီးလ် လက်ရွေးစင်သည် မတ်လ(၁)ရက်က အန်းဖီးလ်တွင် လီဗာပူးလ်ကို အရေးနိမ့်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ပထမပိုင်း အပြီး၌ ကွမ်ပနီနှင့် အခြေအတင် စကားများခဲ့သည်။ ယင်းနှင့် ပတ်သက်ပြီး ဘယ်လ်ဂျီယံ လက်ရွေးစင် ကွမ်ပနီသည် ဖာနန်ဒင်ဟိုနှင့် တင်းမာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယင်းကဲ့သို့ လုပ်ကြံဇာတ်လမ်းမျိုးအတွက် မိမိ အံ့ဩမိကြောင်း ဖာနန်ဒင်ဟိုက တုံ့ပြန်ခဲ့သည်။ ၎င်းက ထိုအခြေအနေသည် ကစားသမား နှစ်ဦးကြား အပြန်အလှန် ဆွေးနွေးပြောဆိုခြင်းသာ ဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။

ဖာနန်ဒင်ဟိုက “အသင်းတိုင်းမှာ ကစားသမားတိုင်းက အသင်းဖော် အချင်းချင်း ဆွေးနွေး ပြောဆိုတာတွေ ရှိပါတယ်။ ဒါကလည်း ကွင်းထဲမှာ စွမ်းဆောင်ရည်ပိုင်း ပိုကောင်းလာစေချင်လို့ပါ။ ဒီလို ဆက်သွယ် ဆွေးနွေးမှုတိုင်းက မရှိမဖြစ် လိုအပ်ပါတယ်။ ကိုယ်က အသင်းဖော်နဲ့ စကားပြောဖို့ လိုပါတယ်။ ကျွန်တော်နဲ့ ကွမ်ပနီကြားက ကိစ္စကလည်း အဲဒါသက်သက်ပါပဲ”ဟု ပြောကြားခဲ့သည်။ ၎င်းက “ဒါဟာ ဆွေးနွေးပြောဆိုမှု တစ်ခုပါ။ အဲဒီထက် ဘာမှ မပိုဘူး။ ရန်ဖြစ်နေတယ် ဆိုတာမျိုး လူတွေက ဘာကြောင့် ထင်သွားသလဲ မသိဘူး။ ကျွန်တော်တို့ အချင်းချင်းက ကစားပုံ ပိုကောင်းလာအောင် ဘယ်လို မြှင့်တင်နိုင်မလဲ ဆိုတာကိုသာ ပြောနေကြတာ ဖြစ်ပါတယ်”ဟုလည်း ပြောဆိုသွားသည်။

Soccer Myanmar

0 comments:

Post a Comment