Pages

Subscribe:

Friday, March 13, 2015

မော်ရင်ဟိုနှင့် ချယ်လ်ဆီးတို့သည် PSGအပေါ် လေးစားမှု မရှိခဲ့ဟု ဆေးလ်ဗား ဝေဖန်



မော်ရင်ဟိုနှင့် ချယ်လ်ဆီးတို့သည် PSGအပေါ် လေးစားမှု မရှိခဲ့ဟု ဆေးလ်ဗား ဝေဖန်

ချယ်လ်ဆီးအသင်းနှင့် မန်နေဂျာ ဟိုဆေးမော်ရင်ဟိုတို့သည် မိမိတို့အပေါ် လေးစားဂရုပြုမှု မရှိခဲ့ကြောင်း PSG နောက်ခံလူ သီယာဂို ဆေးလ်ဗားက ဝေဖန် ပြောကြားလိုက်သည်။

အသက်(၃၀)အရွယ် ဘရာဇီးလ် လက်ရွေးစင်သည် အချိန်ပိုတွင် ချယ်လ်ဆီးဘက်သို့ ဒုတိယ ချေပဂိုး သွင်းယူကာ အဝေးဂိုး စည်းမျဉ်းအရ ပြင်သစ်ချန်ပီယံ အသင်းကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရောက်စေခဲ့သူ ဖြစ်သည်။ ချယ်လ်ဆီးသည် တစ်ယောက်လျော့ PSGကို မိနစ်(၉၀)နီးပါး လူအင်အား အသာစီးဖြင့် ကစားခဲ့ရသော်လည်း ဦးဆောင်ဂိုးတိုင်းကို ချေပခွင့် ပေးခဲ့ရသဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ အဆိုပါ ပွဲစဉ်တွင် မော်ရင်ဟိုနှင့် ချယ်လ်ဆီးတို့သည် PSGကို လုံလောက်သည့် လေးစားမှု မရှိခဲ့ဟု ဆေးလ်ဗားက ဆိုသည်။

PSGသည် ပြီးခဲ့သည့် ရာသီက ယခုအဆင့်တွင် ချယ်လ်ဆီးကို အဝေးဂိုးဖြင့် အရေးနိမ့်ပြီး ထွက်ခွာခဲ့ရဖူးသည်။ ဆေးလ်ဗားက “ဒါဟာ လက်စားချေလိုက်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ဘက်က ကျွန်တော်တို့ကို လုံလောက်တဲ့ လေးစားမှုမျိုး မပြသခဲ့ဘူး။ အထူးသဖြင့် မော်ရင်ဟိုပေါ့”ဟု မှတ်ချက်ပြုခဲ့သည်။ ၎င်းက “ပွဲစဉ်ရေးဆွဲမှုတွေ အပြီးမှာ သူက PSGနဲ့ ကစားချင်တယ်လို့ ပြောခဲ့တယ်။ လန်ဒန်နဲ့ ပဲရစ်က နီးတော့ ပရိသတ်တွေ လိုက်အားပေးရတာ အဆင်ပြေတယ် ဆိုပြီးတော့ပါ။ လက်တွေ့မှာတော့ အဲဒါက တကယ့် အကြောင်းပြချက် အစစ်မဟုတ်ဘူး။ မော်ရင်ဟို ဒီလိုပြောတယ် ဆိုတာက မနှစ်တုန်းက ကျွန်တော်တို့ကို သူ့အသင်းက နိုင်ထားတာကို ရည်ညွှန်းတာပါ”ဟုလည်း ဝေဖန်သွားသည်။

Soccer Myanmar

0 comments:

Post a Comment