Wednesday, April 1, 2015
ချယ်လ်ဆီး အနာဂတ်အပေါ် ဆက်ခ်ျ၏ ဆုံးဖြတ်ချက်ကို အာဆင်နယ် စောင့်ဆိုင်းနေ
ချယ်လ်ဆီး အနာဂတ်အပေါ် ဆက်ခ်ျ၏ ဆုံးဖြတ်ချက်ကို အာဆင်နယ် စောင့်ဆိုင်းနေ
အတည်ပြု ကမ်းလှမ်းမှုတစ်ရပ် မပြုလုပ်မီ ပီတာဆက်ခ်ျ အနေဖြင့် ချယ်လ်ဆီးနှင့် အနာဂတ်ကို ယတိပြတ် ဆုံးဖြတ်ရန် အာဆင်နယ်က စောင့်ဆိုင်းနေကြောင်း သိရသည်။
ချက်လက်ရွေးစင် ဝါရင့်ဂိုးသမားကြီး ဆက်ခ်ျသည် ယခုရာသီ ဘယ်လ်ဂျီယံ လူငယ်လက်တက် ဂိုးသမားလေး သီဘော်ကော်တွိုက်စ် လက်စွမ်း ပြနေခြင်းကြောင့် ချယ်လ်ဆီး အရန်ခုံတွင်သာ ထိုင်နေရသည်။ အဆိုပါ အခြေအနေကြောင့် လာမည့်ရာသီ စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် ဆက်နေရန် မသေချာတော့ဟု ဆက်ခ်ျက ဖွင့်ဟထားသည်။ ချယ်လ်ဆီး၏ ပွဲထွက်ဂိုးသမား နေရာကို ဆယ်စုနှစ် တစ်ခုမျှ ချုပ်ကိုင်ထားခဲ့ပြီး ပရီးမီးယားလိဂ်၏ အကောင်းဆုံး ဂိုးသမား တစ်ဦးအဖြစ် သက်သေထူထားနိုင်ခဲ့သည့် ဆက်ခ်ျကို အာဆင်နယ်က စိတ်ဝင်စားနေသော်လည်း ၎င်းကိုယ်တိုင် အသင်းမှ ထွက်ရန် ဆုံးဖြတ်ပြီးမှ ကမ်းလှမ်းချဉ်းကပ်ဖွယ် ရှိနေသည်။
အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် ဝေါ့ဆစ်ခ်ျ ဆက်ဇနီ၏ လက်စွမ်းအပေါ် အားရမှု မရှိသည့်နောက် ဒေးဗစ်အော့စ်ပီနာနှင့် အားပြိုင်မည့် ထိပ်တန်း ဂိုးသမားသစ်တစ်ဦး ခေါ်ယူရန် လိုလားနေသည်။ အသက်(၃၂)နှစ်ရှိ ဆက်ခ်ျသည် အာဆင်နယ်၏ ကာလရှည်ကြာ ပစ်မှတ်တစ်ခု ဖြစ်ခဲ့ပြီး ယခုနွေရာသီတွင် လက်တွေ့ခေါ်ယူနိုင်ရန် အလားအလာ အကောင်းဆုံး ဖြစ်လာသည်။ အာဆင်နယ်သည် ချယ်လ်ဆီး၏ ခါးသီး မြို့ခံပြိုင်ဘက် ဖြစ်နေခြင်းကမူ ဆက်ခ်ျအတွက် ချဉ်းကပ်ရာတွင် အဟန့်အတားအချို့ ရှိလာနိုင်သည်။ သို့သော်လည်း ချယ်လ်ဆီးက ပေါင်စတာလင် (၁၀)သန်းဝန်းကျင် ကမ်းလှမ်းမှုမျိုးကိုမူ လက်ခံသွားနိုင်ကြောင်း သိရသည်။
ဆက်ခ်ျသည် (၂၀၀၄)ခုနှစ်က ချယ်လ်ဆီးသို့ ရောက်ရှိလာပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု (၃)ကြိမ်၊ FAဖလား (၄)ကြိမ်၊ ချန်ပီယံလိဂ် ဆုဖလား(၁)ကြိမ်နှင့် လိဂ်ဖလား (၃)ကြိမ် ဆွတ်ခူးရယူနိုင်ခဲ့သည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment