Thursday, April 2, 2015
နေပြည်တော် ဖူဆယ် အုပ်ချုပ်သူနဲ့ ကစားသမားဟောင်းများ နိုင်ငံတော် သမ္မတနဲ့ အုပ်ချုပ်သူထံ စာရေးသား ပေးပို့ 
နေပြည်တော် ဖူဆယ် အုပ်ချုပ်သူနဲ့ ကစားသမားဟောင်းများ နိုင်ငံတော် သမ္မတနဲ့ အုပ်ချုပ်သူထံ စာရေးသား ပေးပို့ 
နေပြည်တော် ဖူဆယ်အသင်း အုပ်ချုပ်သူဟောင်း ကိုနိုင်ဝင်းနဲ့  ကစားသမား တစ်ချို့ ဟာ ဆုကြေးငွေနဲ့ လစာကြွေးတွေ ပြန်လည် ရရှိဖို့ နဲ့ နိုင်ငံတော် သမ္မတ အပါအ၀င် တာဝန် ရှိသူတွေထံ ဒုတိယ အကြိမ်မြောက် စာရေးသား ပေးပို့ တောင်းဆိုခဲ့တယ်လို့ သိရသည်။
ကိုနိုင်ဝင်း အပါအ၀င် ကစားသမားတွေ ဖြစ်တဲ့ ရဲနောင်၊ အောင်ကျော်ရွှေ၊သဲ နောင်နောင်ဦး၊ ပြည့်ဖြိုးအောင်၊ ငြိမ်းမင်းဦးတို့ဟာ သက်ဆိုင်ရာ စာရွက်စာတမ်းတွေ ပြင်ဆင်ကာ နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ နှစ်ဦး၊ အမျိုးသား လွှတ်တော် ဥက္ကဌ၊ ပြည်သူ့ လွှတ်တော် ဥက္ကဌနဲ့ ရွှေပြည်သာ မြို့ နယ် လွှတ်တော် ကိုယ်စားလှယ်တို့ထံ စာရေးသား ပေးပို့ တောင်းဆိုခဲ့တာ ဖြစ်ပါသည်။ “ဖြစ်နိုင်ရင် အမြန်ဆုံး ဖြေရှင်းပေးဖို့ ပေးပို့ တောင်းဆို ခဲ့တာပါ။သည်ကနေ့ ပဲ အမြန်ချောပို့ နဲ့ ပေးပို့ လိုက်တာပါ၊အမြန်ဆုံး ပြန်ရချင်ပါတယ်” လို့ ကိုနိုင်ဝင်း ကပြောပါသည်။
နေပြည်တော် ဖူဆယ် အသင်းဟာ အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်းရဲ့သား ဦးဖြိုးကိုကိုတင့်ဆန်း ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့တဲ့ အသင်းဖြစ်ပြီး အော်ရီဒူးဖလား ပြိုင်ပွဲ အပြီးမှာ အသင်းကို ဖျက်သိမ်းခဲ့တာ ဖြစ်ပါသည်။ “ကစားသမားနဲ့ အုပ်ချုပ်သူတွေကို စာချုပ် ဖျက်သိမ်းရင် သုံးလစာ လျော်ကြေး ပေးရမှာလေ။ အဲဒါကိုလည်း မပေးသေးဘူး။ သူတို့ ပေးရမှာက စုစုပေါင်း လျော်ကြေး သိန်းသုံးရာငါးဆယ် ရှိပါတယ်” လို့ ကိုနိုင်ဝင်းက ဆိုပါသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment