Pages

Subscribe:

Sunday, April 19, 2015

လီဗာပူးလ် အသင်း နှင့် စာချုပ် သစ်ချုပ်ဆိုဖို့ ကျွန်တော် ဘာကြောင့် နှစ်ခါစဉ်းစားမှာလဲ (ကော်တင်ဟို)



လီဗာပူးလ် အသင်း နှင့် စာချုပ် သစ်ချုပ်ဆိုဖို့ ကျွန်တော် ဘာကြောင့် နှစ်ခါစဉ်းစားမှာလဲ (ကော်တင်ဟို)

လီဗာပူးလ် အသင်းဟာ ယခုရာသီ မှာ စာချုပ် ကစ္စမပြေလည် မှုများစွာနှင့် ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ ဖိလစ်ပီကော်တင်ဟို ကတော့ သူ့ရဲ့စာချုပ်သစ်အတွက် မလိုအပ်ပဲဇီဇာကြောင်မှုများကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ကြိုးကြာနီ တို့သည် ပြီးခဲ့သည့်လများကတည်းက ရာဟင်းစတာလင်၊ ဂျော်ဒန်ဟန်ဒါဆန်၊ ဂျွန်ဖလန်နဂန် တို့နှင့် စချုပ်သစ်အတွက် စေ့စပ်ညှိနှိုင်းမှုများ အောင်မြင်ခြင်းမရှိသေးပဲ တိကျတဲ့ အဖြေမရှိသေးပါဘူး။

ဒါပေမဲ့ ကော်တင်ဟို ကတော့ စာချုပ်သစ်အတွက် စာရွက်ပေါ်ကို ဘော့ပင် အလျှင် အမြန် တင်ပြီး တော့ ၂၀၂၀ အထိ ရှိတဲ့ စာချုပ်ကို ဖေဖေါ်ဝါရီ လက ရေးထိုးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

"""လီဗာပူးလ် အသင်း က ကျွန်တော့အပေါ်မှာ အကောင်းဆုံးနွေးထွေးမှုကိုပေးပါတယ်၊ သူတို့ကျွန်တော့ဆီ ကို စာချုပ်သစ်အတွက် အဆိုပြုချက် တစ်ခုနဲ့လာတဲ့အခါမှာ ကျွန်တော်စာချုပ်သသ်အတွက် နှစ်ခါမစဉ်းစားခဲ့ပါဘူး""" လို့ ကော်တင်ဟို က ပြောကြားခဲ့ပါတယ်။

""" ကလပ် အသင်းက ကျွန်တော့် အပေါ် ကောင်းမွန်တာကိုပဲ အမြဲကြည့်ပါတယ်၊ ကျွန်တော် ဒီမှာ အလွန်ပျော်ရွှင်နေပါတယ်၊ ဒါကြောင့် ကျွန်တော် စာချုပ်အတွက် မစဉ်းစားခဲ့ပါဘူး""" လို့ ကော်တင်ဟို က ပြောကြားခဲ့ပါတယ်။

ကော်တင်ဟို သည် အပတ်တိုင်းမှာ သူ့ရဲ့အလုပ်ကို အကောင်းဆုံးကြိုးစားလုပ်ဆောင်သွားပြီး သူ့ရဲ့အကောင်းဆုံးတွေကို ကစားပွဲတွေမှာ ပြသသွားမည်ဖြစ်ကြောင်းဆက်လက်ပြောကြားခဲ့ပါတယ်။

လာမည့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့ရင် လည်း လီဗာပူးလ် အသင်း နဲ့စာချုပ်သစ်ကို ရပ်ဆိုင်းခဲ့မည်မဟုတ်ပါဘူးလို့ပြောကြားခဲ့ပါတယ်။

"""ကျွန်တော့်ရဲ့ စိတ်တွေက လီဗာပူးလ် အသင်းဆီမှာပါ၊ ကျွန်တော်က လီဗာပူးလ်ကစားသမားတစ်ယောက်ပါ၊ ကျွန်တော် ချန်ပီယံလိဂ် ဝင်ခွင့် ရ မရ ကို မတွေးပါဘူး၊ ဘာပြုလို့လဲဆိုရင် ကျွန်တော်ဒီမှာပျော်ပါတယ်၊ ဒီမှာပဲ ဆက်နေသွားလိုပါတယ်""" လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး """ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ရာသီက မပြီးဆုံးသေးပါဘူး၊ ပွဲအနည်းငယ် ကစားဖို့ကျန်ပါသေးတယ်၊ ဘာမဆို ဖြစ်နိုင်ပါသေးတယ်၊ ကျွန်တော်တို့ ရာသီအကုန်ထိ အကောင်းဆုံး ကြိုးစားကြမှာပါ၊ အက်ဖ်အေ ဖလားရောပေါ့၊ အသင်း နဲ့ ကျွန်တော့် အတွက် ကြိုးစားသွားမှာပါ""" လို့ ပြောကြားခဲ့ပါတယ်။

#KS
Football Cafe

0 comments:

Post a Comment