Pages

Subscribe:

Saturday, April 4, 2015

ကလင်းအတွက် ယူရို ၃၅ သန်း ပေးချေရန် မန်ချက်စတာ ယူနိုက်တက် ဆန္ဒရှိနေ



ကလင်းအတွက် ယူရို ၃၅ သန်း ပေးချေရန် မန်ချက်စတာ ယူနိုက်တက် ဆန္ဒရှိနေ

မန်ချက်စတာယူနိုက်တက်သည် ဆောက်သမ်တန် ညာနောက်ခံ ကစားသမား နေသန်နီရယ် ကလင်းကို ခေါ်ယူရန် အသင့်ရှိနေကြောင်းနှင့် ၎င်းအတွက် ဂျာဗီးယား ဟာနန်ဒက်ဇ်နှင့် အလဲအထပ်လုပ်ရန် ဆန္ဒရှိနေကြောင်း Goal မှ ဖော်ပြခဲ့သည်။

အသက် ၂၃ နှစ်အရွယ် ကလင်းသည် ၂၀၁၂ ခုနှစ်က ခရစ္စတယ်ပဲလေ့စ်မှ ဆောက်သမ်တန်သို့ ပြောင်းရွှေ့လာ ခဲ့ပြီးနောက် ခြေစွမ်းပြသနိုင် ခဲ့ပြီး အင်္ဂလန် အသင်းတွင်လည်း နေရာ တစ်နေရာ ရယူနိုင် ခဲ့သည်။ ထို့နောက် ယူနိုက်တက်က အဆိုပါ ညာနောက်ခံ ကစားသမားကို အိုးထရတ်ဖို့ဒ်သို့ ယူရို ၃၅ သန်းဖြင့် ခေါ်ယူရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

မက္ကဆီကို တိုက်စစ်မှူး ဟာနန်ဒက်ဇ်သည် လူးဝစ်ဗန်ဂါးလ်၏ လူစာရင်းတွင် ပိုလျှံနေသည့် ကစားသမားဖြစ်ပြီး ပြီးခဲ့သည့် နွေရာသီက ရီးယဲမက်ဒရစ်သို့ အငှားဖြင့် ပြောင်းရွှေ့ကစားခဲ့ရသူ ဖြစ်သည်။ သို့သော်လည်း ၎င်းကစားသမားသည် စပိန်မြေတွင်လည်း ပွဲထွက် ကစားခွင့် ရရှိရန် ရုန်းကန်နေရသည်။

ဟာနန်ဒက်ဇ်၏ ပြောင်းရွှေ့ကြေးသည် ယူရို ၁၄ သန်းဖြစ်ပြီး ကလင်းကို ဆောက်သမ်တန်မှ ခေါ်ယူရန် အတွက် ယူနိုက်တက်က ယူရို ၂၀.၄ သန်း ထပ်မံပေးချေရဖွယ် ရှိကြောင်း Goal မှ ဆိုခဲ့သည်။ ကလင်းကို ပရီးမီးယားလိဂ် ထိပ်သီး အသင်းများက ပြီးခဲ့သည့်နှစ် ဘောလုံး ရာသီကတည်းက စောင့်ကြည့်ခဲ့ကြပြီး ကင်းထောက်စေလွှတ်မှုကိုလည်း အနည်းဆုံး တစ်ဒါဇင်အထိ ပြုလုပ်ခဲ့ကြသည်။

တော့တင်ဟမ် မန်နေဂျာ မော်ရစ်စီယို ပိုချက်တီနိုသည် ဝှိုက်ဟတ်လိန်းတွင် ကလင်းနှင့် ပြန်လည်ပေါင်းစည်းရန် စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ် ခဲ့သော်လည်း ဆောက်သမ်တန် ညာနောက်ခံ ကစားသမားကို ခေါ်ယူမှုတွင် ယူနိုက်တက်က အသာ ရရှိနေကြောင်း Goal မှ ဖော်ပြခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment