Wednesday, April 1, 2015
ယူနိုက်တက်နှင့် ဆက်သွယ်နေကြောင်း သတင်းများကို ဒီပေး၏အေးဂျင့် ငြင်းဆို
ယူနိုက်တက်နှင့် ဆက်သွယ်နေကြောင်း သတင်းများကို ဒီပေး၏အေးဂျင့် ငြင်းဆို
မန်ချက်စတာ ယူနိုက်တက်နှင့် ဆက်သွယ်မှုများ ရှိနေကြောင်း သတင်းများကို မမ်ဖစ်ဒီပေး၏ အေးဂျင့်ဖြစ်သူက ငြင်းဆိုလိုက်သည်။
နွေရာသီ ဈေးကွက်ဖွင့်ချိန်တွင် အသက်(၂၁)နှစ်အရွယ် တောင်ပံတိုက်စစ် ကစားသမားလေး အနေဖြင့် အိုးလ်ထရက်ဖို့ဒ်သို့ ကူးပြောင်းမည်ဟု ကောလာဟလများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း ဒီပေး၏ အေးဂျင့်ကမူ လတ်တလောတွင် မိမိတို့သည် မည်သည့် အသင်းနှင့်မျှ ဆွေးနွေးမှု မရှိသေးဟု ဖြေရှင်းခဲ့သည်။ PSV အင်ဒိုဗန် အသင်းဘက်ကမူ မိမိတို့ အနေဖြင့် လူငယ်ခြေတက် ကစားသမားလေးကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် အခြေအနေ မရှိတော့ဟု အစောပိုင်းကတည်းက ဝန်ခံထားသည်။
ဒီပေးသည် ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ် စိတ်ကြိုက် ကစားသမား တစ်ဦး ဖြစ်ပြီး ၎င်း၏ တိုက်စစ်အမြင် ထက်သန်သော အရည်အသွေးများကြောင့် လီဗာပူးလ်၊ တော့တင်ဟမ် ဟော့စပါး အစရှိသည့် အသင်းများကလည်း စိတ်ဝင်စားနေသည်။ ယူနိုက်တက်နှင့် သတင်းများအပေါ် ဒီပေး၏ အေးဂျင့် ကီးစ် ပလော့စ်မာက မှတ်ချက်ပေး ဖြေရှင်းခဲ့ရာတွင် “မဟုတ်ပါဘူး။ ဒါတွေက လောလောဆယ် ထွက်ပေါ်နေတဲ့ ကောလာဟလတွေပါ။ သူဟာ လောလောဆယ် PSVနဲ့ပဲ စာချုပ်ထားတာ ဖြစ်ပါတယ်။ တခြား ဘယ်အသင်းနဲ့မှ ကျွန်တော်တို့ ဆက်သွယ်မှု မရှိသေးပါဘူး”ဟု ပြောကြားသွားသည်။
Goal.comကမူ နယ်သာလန် အသင်းကို ဗန်ဂါးလ် ကိုင်တွယ်စဉ် ခေါ်ယူ နေရာပေးခဲ့ပြီး ခြေစွမ်းပြခဲ့သည့် ဒီပေးသည် (၂၀၁၅-၁၆) ရာသီတွင် အိုးလ်ထရက်ဖို့ဒ်၌ ဆရာဟောင်းနှင့် သွားရောက် ပေါင်းဆုံလိမ့်မည်ဟု ဖော်ပြထားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment