Saturday, April 18, 2015
ပရီးမီးယားလိဂ်တွင် ဒိုင်လူကြီးများကိုစောဒကအတက်ဆုံးအသင်းအဖြစ် ချယ်လ်ဆီး ရပ်တည်
ပရီးမီးယားလိဂ်တွင် ဒိုင်လူကြီးများကိုစောဒကအတက်ဆုံးအသင်းအဖြစ် ချယ်လ်ဆီး ရပ်တည်
Written by အောင်ငြိမ်းသွေး
အင်္ဂလန်၊ ဧပြီ ၁၈။ ။ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဒိုင်လူကြီးများကို မလေးမစားဖြင့်စောဒကအတက်ဆုံး အသင်းမှာ ချယ်လ်ဆီးအသင်းဖြစ်ကြောင်း ဒိုင်လူကြီးများ ၏ အချက်အလက်မှတ်တမ်းများကို ကိုးကား၍ တယ်လီဂရက်သတင်းစာက ဖော်ပြခဲ့သည်။
ချယ်လ်ဆီးအသင်း၏နောက်တွင် ဆန်းဒါးလန်းအသင်းက အဆိုးရွားဆုံးအသင်းအဖြစ် ရပ်တည်ခဲ့ပြီး၎င်းတို့၏နောက်တွင် အာဆင်နယ်၊ စတုခ်စီးတီးနှင့် ဗီလာတို့ ရပ်တည်ခဲ့ကြသည်။
လီဗာပူးလ်အသင်းမှာ ကွင်းလယ်ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို အလိုက်နာဆုံးအသင်းအဖြစ် ရပ်တည်ခဲ့ပြီး၎င်း၏နောက်တွင် ဘန်လေနှင့်ဝက်စ်ဘရွန်းအသင်းတို့ ရပ်တည်ခဲ့ကြသည်။
ထိုအချက်အလက်များမှာ အက်ဖ်အေမှ ထုတ်ပြန်ထားသော Fair Play စည်းမျဉ်းဆိုင်ရာ အချက်အလက် ၆ ချက်ဖြင့် တွက်ချက်မှုတွင် တစ်ချက် အပါအ၀င်ဖြစ် သည်။ ထိုအချက်များမှာ အ၀ါကတ်/အနီကတ်၊ သန့်ရှင်းမျှတစွာကစားမှု၊ ပြိုင်ဘက်အပေါ်လေးစားမှု၊ ဒိုင်လူကြီးအပေါ်လေးစားမှု၊ နည်းပြအဖွဲ့နှင့်ဝန်ထမ်းများ၏ အပြုအမူ၊ အများပြည်သူများနှင့်ဆက်ဆံရေး အပြုအမူတို့ ဖြစ်သည်။
မော်ရင်ဟို၏ အသင်းသားများမှာ ကွင်းအတွင်းဒိုင်လူကြီးကို စောဒကတက်ကြသလို ချယ်လ်ဆီးအသင်း၏ နည်းပြအဖွဲ့များမှာလည်း ကွင်းဘေးမှနေ၍ ဆိုးရွား လသည့် အပြုအမူများကို အပြုလုပ်ဆုံးနေရာ၌ ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။ ချယ်လ်ဆီး၏အထက်တွင် ဆန်းဒါးလန်းအသင်းက ရပ်တည်ခဲ့သည်။
သန့်ရှင်းမျှတစွာကစားသည့် အသင်းအဖြစ် ၀က်စ်ဟမ်းအသင်းမှာ ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။ ယခုရလဒ်အတိုင်း ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါက ၀က်စ်ဟမ်းအ သင်းမှာ ရာသီအဆုံးတွင် ယူရိုပါလိဂ်ဝင်ခွင့် ရရှိမည်ဖြစ်သည်။
Ref : telegraph
Mizzima
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment