Pages

Subscribe:

Friday, June 19, 2015

အာဆင်နယ် ကွင်းလယ်လူ ဝီလ်ရှီးယားကို မန်စီးတီး အလေးအနက် စိတ်ဝင်စားနေ



အာဆင်နယ် ကွင်းလယ်လူ ဝီလ်ရှီးယားကို မန်စီးတီး အလေးအနက် စိတ်ဝင်စားနေ

မန်ချက်စတာစီးတီး အသင်းသည် အာဆင်နယ် ကွင်းလယ်လူ ဂျက်ဝီလ်ရှီးယားကို အလေးအနက် စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

Sky Sportsက မန်စီးတီး မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီသည် အသက်(၂၃)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင်ကို ခေါ်ယူရန် အသင်းတာဝန်ရှိသူများကို တိုက်တွန်းထားကြောင်း ဖော်ပြခဲ့သည်။ ဝီလ်ရှီးယားသည် အင်္ဂလန်၏ အတိုးတက်ဆုံး ကစားသမားတစ်ဦး ဖြစ်လာမည်ဟု မျှော်လင့်ခဲ့သော်လည်း ပြီးခဲ့သည့် (၄)နှစ်အတွင်း ဆိုးရွားသည့် ဒဏ်ရာ ပြဿနာများက ၎င်း၏ ခြေစွမ်း မြင့်တက်မှုကို အနှောင့်အယှက် ပေးနေခဲ့သည်။ မန်စီးတီး ဥက္ကဋ္ဌ ခါလ်ဒွန်း အယ်လ်မူဘာရက်သည် ပယ်လီဂရီနီ၏ လက်ရှိ လူစာရင်းကို အဆင့်မြှင့်တင်ပေးမည်ဟု ကတိပြုထားရာ နွေရာသီ ဈေးကွက်တွင် ဝီလ်ရှီးယားကို ကမ်းလှမ်းလာဖွယ် ရှိနေသည်။

မန်စီးတီးသည် ငယ်မွေးခြံပေါက် ကစားသမား စည်းမျဉ်းနှင့် ကိုက်ညီစေရန်အတွက် အင်္ဂလန် အခြေစိုက် ကစားသမားများကို အဓိက ချိတ်ဆက်နေရာ လတ်တလောတွင် လီဗာပူးလ် တောင်ပံတိုက်စစ်မှူး ရာဟင်မ် စတာလင်ကိုလည်း ကြိုးပမ်းလျက် ရှိသည်။ ဝီလ်ရှီးယားသည် အာဆင်နယ်တွင် ကစားသမားဘဝ တစ်လျှောက်လုံး မြှုပ်နှံ ကစားလာသူဖြစ်ပြီး မန်စီးတီး၏ ပြည်တွင်း အခြေစိုက် ကစားသမား လိုအပ်ချက်နှင့်လည်း ကိုက်ညီနေမည် ဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ရာသီအတွင်း အာဆင်နယ် ကွင်းလယ်၌ ဝီလ်ရှီးယားအတွက် ပွဲထွက်ခွင့် အကန့်အသတ်များ ရှိလာခဲ့ခြင်းကြောင့်လည်း မန်စီးတီး အနေဖြင့် ကစားသမားကို မျှော်လင့်နိုင်ခြေ ပိုမိုမြင့်မားလာနိုင်ကြောင်း Sky Sportsက ဖော်ပြသွားသည်။

Soccer Myanmar

0 comments:

Post a Comment