Saturday, June 20, 2015
ဗလန်စီယာမှ ထွက်ခွာဖြစ်ဖွယ် ရှိကြောင်း အော့တာမန်ဒီ အရိပ်အမြွက်ဆို
ဗလန်စီယာမှ ထွက်ခွာဖြစ်ဖွယ် ရှိကြောင်း အော့တာမန်ဒီ အရိပ်အမြွက်ဆို
ယခု နွေရာသီတွင် ဗလန်စီယာ အသင်းမှ ကျောခိုင်း ထွက်ခွာဖြစ်ဖွယ် ရှိနေကြောင်း နောက်ခံလူ နစ်ကိုလက်စ် အော့တာမန်ဒီက ပြောကြားလိုက်သည်။
လတ်တလောတွင် အာဂျင်တီးနား လက်ရွေးစင် အသင်းနှင့်အတူ ကိုပါအမေရိကဖလား ပြိုင်ပွဲ၌ ပါဝင်ကစားနေသည့် ဗဟိုနောက်ခံလူသည် မန်ချက်စတာ ယူနိုက်တက်၏ နံပါတ်(၁) ဦးစားပေး ပစ်မှတ်အဖြစ် နာမည်ကြီးလျက် ရှိသည်။ အော့တာမန်ဒီက မိမိသည် ဗလန်စီယာမှ ထွက်ခွာရန် ဆန္ဒရှိကြောင်း၊ ယင်းကို စပိန် ကလပ်ဘက်ကလည်း သိရှိထားပြီးဖြစ်ကြောင်း ESPNသို့ ဖွင့်ဟခဲ့သည်။ “ကျွန်တော် ဘာလိုလားတယ်ဆိုတာ ဗလန်စီယာက ကောင်းကောင်း သိပါတယ်။ ကျွန်တော့် အေးဂျင့် လုပ်ဆောင်နေတာတွေဟာ ကျွန်တော့် အတည်ပြုချက်နဲ့ပါ။ ကျွန်တော့် စိတ်ဆန္ဒအတိုင်း သူ့အနေနဲ့ လိုအပ်ရင် ဘယ်အသင်းနဲ့မဆို စကားပြောဆိုခွင့် ရှိပါတယ်”ဟု အော့တာမန်ဒီက ဆိုသည်။
၎င်းက “အသင်းဥက္ကဋ္ဌရယ်၊ ကျွန်တော့် အေးဂျင့်ရယ်နဲ့ စကားပြောပြီးပါပြီ။ ဥက္ကဋ္ဌက ကျွန်တော့် စိတ်ဆန္ဒကို ကောင်းကောင်း နားလည်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ လောလောဆယ်တော့ ကျွန်တော့် အတွေးက ဗလန်စီယာအတွက်ပဲ ရှိနေဦးမှာပါ။ ကျန်တာတွေကိုတော့ အေးဂျင့်နဲ့ပဲ လက်လွှဲထားတယ်။ သူက လိုအပ်တာကို လုပ်ပေးပါလိမ့်မယ်”ဟုလည်း ပြောကြားခဲ့သည်။ အော့တာမန်ဒီသည် ပြီးခဲ့သည့် ရာသီက ဗလန်စီယာတွင် အထူးခြေစွမ်းပြပြီး လာလီဂါ (၃၈)ပွဲ ကစားကာ (၆)ဂိုး သွင်းယူနိုင်ခဲ့သလို လာလီဂါ၏ တစ်ရာသီလုံး အကောင်းဆုံး (၁၁)ဦး စာရင်းတွင်လည်း ရွေးချယ်ခံခဲ့ရသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment