Pages

Subscribe:

Friday, June 19, 2015

ချယ်ဆီးတွင် ဖယ်လ်ကာအိုနှင့် ကွာဒရာဒို အောင်မြင်မှု ရရှိလိမ့်မည်ဟု ပီကာမန်း ဆို



ချယ်ဆီးတွင် ဖယ်လ်ကာအိုနှင့် ကွာဒရာဒို အောင်မြင်မှု ရရှိလိမ့်မည်ဟု ပီကာမန်း ဆို

ရာဒါမယ် ဖယ်လ်ကာအိုနှင့် ဟွမ်ကွာဒရာဒိုတို့သည် လာမည့်နှစ် ရာသီတွင် ချယ်ဆီးအသင်း အောင်မြင်မှုများ ရရှိစေရန် အကူအညီပေးနိုင်လိမ့်မည်ဟု ကိုလံဘီယာ နည်းပြ ဟိုဆေးပီကာမန်းက ပြောကြားလိုက်သည်။

ပရီးမီးယားလိဂ် ချန်ပီယံအသင်းသည် လာမည့်နှစ်အတွက် ဖယ်လ်ကာအိုကို စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ အငှားဖြင့် ခေါ်ယူရေးအတွက် မိုနာကိုနှင့် သဘောတူညီမှုရရန် နီးစပ်လျက်ရှိသည်။ ဖယ်လ်ကာအို၏ ကိုလံဘီယာ အသင်းဖော် ကွာဒရာဒိုသည် ဇန်နဝါရီလက ယူရို ၃၃ သန်းဖြင့် ချယ်ဆီးသို့ ရောက်ရှိလာခဲ့နောက် ၁၃ ပွဲ ကစားပြီး ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိသလို ဂိုးဖန်တီးမှုလည်း တစ်ကြိမ်မှ မပြုလုပ်နိုင်ခဲ့ပေ။

ပြီးခဲ့သည့်နှစ်က မန်ချက်စတာယူနိုက်တက်တွင် အငှားဖြင့် လာရောက်ကစားခဲ့သည့် ဖယ်လ်ကာအိုသည်လည်း အခက်အခဲများနှင့် ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲအရပ်ရပ်တွင် ၂၉ ပွဲကစားပြီးနောက် ၄ ဂိုးသာ သွင်းနိုင်ခဲ့သည်။ သို့သော်လည်း ပီကာမန်းက ၎င်း၏ ကိုလံဘီယာ ကစားသမားများသည် စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် အောင်မြင်မှု မရရှိမည်ကို စိုးရိမ်ခြင်း မရှိကြောင်း ဆိုခဲ့သည်။

“ဖယ်လ်ကာအိုနဲ့ ကွာဒရာဒိုက ချယ်ဆီးမှာ အောင်မြင်မှု ရရှိဖို့အတွက် အပြန်အလှန် ကူညီကြပါလိမ့်မယ်” ဟု ပီကာမန်းက ကြာသပတေးနေ့တွင် ဘရာဇီးလ်နှင့် ယှဉ်ပြိုင်ရမည့် ကိုပါအမေရိကပွဲ မတိုင်မီ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ထို့အပြင် သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ကွာဒရာဒိုကလည်း မိမိအနေငြ့် လာမည့်နှစ်တွင် ချယ်ဆီး၌ ဖယ်လ်ကာအိုနှင့် တွဲဖက်ကစားလိုကြောင်းနှင့် လက်ရှိတွင် ချီလီ၌ ကိုလံဘီယာအသင်း အောင်မြင်မှု ရရှိရေးအတွက် အာရုံစိုက်ထားကြောင်း ပြောကြားသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment