Thursday, April 2, 2015
မန်စီးတီး တိုက်စစ်မှူး ယိုဗီတစ်ကို ခေါ်ယူနိုင်ရန် အင်တာ ဆွေးနွေးနေ
မန်စီးတီး တိုက်စစ်မှူး ယိုဗီတစ်ကို ခေါ်ယူနိုင်ရန် အင်တာ ဆွေးနွေးနေ
အင်တာမီလန် အသင်းသည် မန်ချက်စတာစီးတီး တိုက်စစ်မှူး စတီဗန် ယိုဗီတစ်ကို ခေါ်ယူရန် အတွက် ဆွေးနွေး ပြောဆိုမှုများ ပြုလုပ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
အင်တာအသင်း နည်းပြ ရောဘတ်တို မန်စီနီသည် နွေရာသီတွင် ယိုဗီတစ်ကို အငှားဖြင့် ကမ်းလှမ်း ခေါ်ယူနိုင်မည်ဟု မျှော်လင့်နေသည်။ ယိုဗီတစ်သည် ဖီအိုရင်တီးနား အသင်းနှင့်အတူ အီတလီ စီးရီးအေ အတွေ့အကြုံကောင်းများ ပိုင်ဆိုင်ခဲ့ပြီးသူ ဖြစ်သည်။ မွန်တီနီဂရိုး လက်ရွေးစင် ကစားသမားသည် ဒဏ်ရာ ပြဿနာများကြောင့် အစ်တီဟတ်တွင် အကောင်းဆုံး ခြေစွမ်းမျိုး မပြသနိုင်ဘဲ ရုန်းကန်နေ ရသည်။ အင်တာသည် အသင်းကို ပုံစံသစ်ဖြင့် ဖွဲ့စည်း တည်ဆောက်ရန် စီစဉ်နေရာ ယိုဗီတစ်သည် အဓိက ပစ်မှတ် ကစားသမား တစ်ဦးသဖွယ် ဖြစ်လာသည်။
မန်စီးတီး အနေဖြင့်မူ (၂၀၁၃)ခုနှစ်တွင် ပေါင်စတာလင် (၂၂)သန်း အကုန်အကျခံပြီး ၎င်းတို့ ဝယ်ယူခဲ့သည့် ကစားသမားအတွက် အပြီးအပြတ် ဝယ်ယူမည့် ကမ်းလှမ်းမှုမျိုးကိုသာ ပိုမို လိုလားနေသည်။ အင်တာသည် ပြီးခဲ့သည့် နွေရာသီကလည်း ယိုဗီတစ်အတွက် ချဉ်းကပ်မှုများ ပြုလုပ်ခဲ့သော်လည်း ထိုစဉ်က ပရီးမီးယားလိဂ် ချန်ပီယံ အသင်းက ငြင်းပယ်ခဲ့သည်။ သို့သော်လည်း မန်စီးတီး အနေဖြင့် ဇန်နဝါရီ ဈေးကွက်ကာလတွင် ဆွမ်ဆီးစီးတီး တိုက်စစ်မှူး ဝီလ်ဖရိုက်ဒ် ဘိုနီကို ခေါ်ယူလိုက်ခြင်းကြောင့် ယိုဗီတစ်အတွက် အစ်တီဟတ်မှ ထွက်ခွာရေးသည် ပိုမို လမ်းပွင့်လာခဲ့သည်။
အခြားသော သတင်းများ အရ မန်စီးတီး မန်နေဂျာဟောင်းလည်းဖြစ်သည့် မန်စီနီသည် တပည့်ဟောင်း ယာယာတိုရေးကို အင်တာသို့ ခေါ်ယူရန်လည်း ဆန္ဒ ရှိနေကြောင်း သိရှိရသည်။
Soccer Myanmar
Labels:
စီးရီးအေ,
ပရီးမီးယားလိဂ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment