Saturday, April 4, 2015
ဟမ်မဲလ်စ် အတွက် ကမ်းလှမ်းမှုများကို စဉ်းစား သွားမည်ဟု ဒေါ့တ်မန် အမှုဆောင်ချုပ် ပြောကြား
ဟမ်မဲလ်စ် အတွက် ကမ်းလှမ်းမှုများကို စဉ်းစား သွားမည်ဟု ဒေါ့တ်မန် အမှုဆောင်ချုပ် ပြောကြား
နွေရာသီတွင် မတ်စ်ဟမ်မဲလ်စ်အတွက် ချဉ်းကပ် ကမ်းလှမ်းလာမှုများအား လက်ခံ စဉ်းစားသွားမည်ဟု ဘိုရပ်ရှားဒေါ့တ်မန် အသင်း၏ အမှုဆောင်ချုပ် ဟန်းစ်ဂျိုအာချင်မ် ဝက်ဇ်ကီက ဝန်ခံခဲ့သည်။
မန်ချက်စတာ ယူနိုက်တက် အသင်း၏ ကာလရှည်ကြာ ပစ်မှတ်အဖြစ် ရှိနေသည့် ဂျာမန်လက်ရွေးစင် ဗဟိုခံစစ်မှူးသည် နွေရာသီကျမှ မိမိ၏ အနာဂတ်ကို ဆုံးဖြတ်ဖြစ်မည်ဟု ပြောကြားထားသည်။ ဒေါ့တ်မန်က ကစားသမားအတွက် မည်သည့် အသင်းနှင့်မျှ ဆက်သွယ်ဆွေးနွေးမှု မရှိသေးဟု ဆိုသော်လည်း ကမ်းလှမ်းမှုများ ရှိလာပါက လက်ခံစဉ်းစားသွားနိုင်ကြောင်း ဖွင့်ဟခဲ့သည်။ “အခုလောလောဆယ်ကတော့ ရိပ်ဖမ်းသံဖမ်း ဆုံးဖြတ်ချက်လောက်ပဲ ရှိသေးတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဘာကမ်းလှမ်းချက်မှ မရသေးဘူးလေ။ ဒါပေမဲ့ တစ်ခုခု ရောက်လာရင်တော့ ကျွန်တော်တို့ အတွင်းရေး ဆွေးနွေးမှုတွေ လုပ်ဆောင်ပြီး ဆုံးဖြတ်ချက်တစ်ခု ချမှတ်သွားမှာပါ။ ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်ဟာ ဒေါ့တ်မန် အပေါ်မှာပဲ မူတည်ပါမယ်”ဟု ဝက်ဇ်ကီက ဆိုသည်။
၎င်းက “လောလောဆယ် ဒေါ့တ်မန်ရဲ့ အခြေအနေက တစ်ရာသီကို အဓိက ကစားသမားတစ်ယောက် ပုံမှန် ဆုံးရှုံးသလို ဖြစ်နေတာ အမှန်ပဲ။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ ဘောလုံးကို ဆက်လက်ပြီး အာရုံစိုက် ကစားနေမှာပါ။ ရှင်းရှင်းလင်းလင်း ပြောရရင် ဟမ်မဲလ်စ်ဟာ သူ့ရဲ့ စာချုပ်ပါ အချက်အလက် အားလုံးကို သိပြီးသားပါ။ ဒါပေမဲ့ သူ့ဖာသာသူ အင်တာဗျူး ဖြေခဲ့တယ်။ လာမယ့်ရာသီ သူဘယ်အသင်းမှာ ကစားနေမလဲ ဆိုတာကတော့ ဒေါ့တ်မန်ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာသာ တည်မှီပါလိမ့်မယ်”ဟုလည်း ပြောကြားသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment