Pages

Subscribe:

Thursday, May 7, 2015

ဘေးလ်ကို ရီးယဲလ် ဆက်လက် ထိန်းသိမ်းထားရန် အန်ဆလော့တီ လိုလား



ဘေးလ်ကို ရီးယဲလ် ဆက်လက် ထိန်းသိမ်းထားရန် အန်ဆလော့တီ လိုလား

ဂါရတ်သ်ဘေးလ်ကို ရီးယဲလ်မက်ဒရစ် အနေဖြင့် လုံးဝ ထုတ်ရောင်းသွားရန် ဆန္ဒ မရှိဟု ရီးယဲလ်မက်ဒရစ်နည်းပြ ကာလိုအန်ဆလော့တီက အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်ဇ်ထံ အသိပေးထားကြောင်း သတင်း ရရှိသည်။

ပြီးခဲ့သည့် ပွဲစဉ်အချို့တွင် ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသော ဝေလ လက်ရွေးစင် တောင်ပံတိုက်စစ်မှူးကို မန်ချက်စတာ ယူနိုက်တက်က စောင့်ကြည့်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ထို့အပြင် ချယ်လ်ဆီး အသင်းကလည်း တော့တင်ဟမ် ဟော့စပါး ကစားသမားဟောင်းကို စိတ်ဝင်စားမှု ပြသလျက် ရှိသည်။ ဘေးလ်သည် ဂျူဗင်းတပ်စ်ကို အရေးနိမ့်သည့် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲတွင် ခြေစွမ်းပျောက်နေခဲ့ပြီး ITV အစီအစဉ်မှူး ရွိုင်ကိန်းက ထိုပွဲတွင် ဘေးလ်၏ သုံးမရသော ကစားပုံကြောင့် ရီးယဲလ်သည် (၁၀)ယောက်တည်းဖြင့် ကစားရသကဲ့သို့ ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

ရီးယဲလ် အနေဖြင့် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ၎င်းတို့ ခေါ်ယူထားသည့် ကစားသမားကို ရာသီကုန်တွင် ရောင်းထုတ်သွားဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည့်တိုင် အန်ဆလော့တီကမူ ဘေးလ်ကို ဆက်ထိန်းထားရန် ဆက်လက် လိုလားနေဆဲ ဖြစ်သည်။ ပီရက်ဇ်သည် နွေရာသီတွင် အသင်းမှ နာမည်ကြီး ကစားသမား တစ်ဦးကို ထုတ်ရောင်းပြီး လူသစ်များ ခေါ်ယူရန် ဆန္ဒရှိနေရာ ဘေးလ်သည် အရောင်းခံရမည့် ဦးစားပေး စာရင်းတွင် ပါဝင်နေကြောင်း ကောလာဟလများလည်း ထွက်ပေါ်လျက် ရှိသည်။

Soccer Myanmar

0 comments:

Post a Comment