Pages

Subscribe:

Wednesday, May 13, 2015

အစားအသောက်စနစ် ပုံစံ ပြောင်းလိုက်ခြင်းက ခြေစွမ်းတိုးတက်မှုကို အထောက်အပံ့ဖြစ်စေသည်ဟု အဂူရိုယုံကြည်



အစားအသောက်စနစ် ပုံစံ ပြောင်းလိုက်ခြင်းက ခြေစွမ်းတိုးတက်မှုကို အထောက်အပံ့ဖြစ်စေသည်ဟု အဂူရိုယုံကြည်

အာဟာရကုထုံး ပညာရှင် တစ်ဦး၏ အကူအညီဖြင့် နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲလိုက်ခြင်းက ကွင်းတွင်းခြေစွမ်း တိုးတက်ရေးကို များစွာ အထောက်အကူ ဖြစ်လာစေကြောင်း ဆာဂျီယို အဂူရိုက ပြောကြားခဲ့သည်။

မန်ချက်စတာစီးတီး တိုက်စစ်မှူးသည် ၎င်း၏ အာဂျင်တီးနား လက်ရွေးစင် အသင်းဖော် လီယွန်နယ် မက်ဆီကို အကူအညီ ပေးနေသည့် အီတလီ အာဟာရကုထုံး ပညာရှင် ဂွီလီယာနို ပိုဆာနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ယခုရာသီ အသင်းအတွက် (၃၁)ဂိုးထိ သွင်းယူထားပြီး တောက်လျှောက် ခြေစွမ်းပြနေသည့် အဂူရိုက အဆိုပါ စွမ်းဆောင်ရည်သည် ပိုဆာ သတ်မှတ်ပေးသည့် နေ့စဉ်အာဟာရ အစီအစဉ်အတိုင်း စားသောက်မှုနှင့် ဆက်နွှယ်နေနိုင်ကြောင်း ယုံကြည်လျက် ရှိသည်။ ပိုဆာသည် အီတလီ၏ အထူးချွန်ဆုံး အာဟာရကုထုံး ပညာရှင် တစ်ဦးအဖြစ်လည်း သတ်မှတ် ခံထားရသည်။

မန်ချက်စတာ ညနေခင်း သတင်းစာနှင့် အင်တာဗျူးတွင် အဂူရိုက “ကျွန်တော် အများကြီး ပြောင်းလဲပစ်ခဲ့ရတယ်။ အစားအသောက်က အစပေါ့။ ဘဝမှာ ပိုပြီးကျန်းမာ ကြံ့ခိုင်တဲ့ နည်းလမ်းမျိုးနဲ့ နေထိုင်ဖို့ လိုပါတယ်။ အခုဆို ဒီရာသီ တစ်လျှောက်လုံး ဒူးဒဏ်ရာ ရတာကလွဲရင် ကြွက်သားပိုင်းနဲ့ ပတ်သက်လို့ ကျွန်တော် ဘာပြဿနာမှ မကြုံခဲ့ရဘူး။ လေ့ကျင့်ရေး အစီအစဉ်တွေမှာ မနှစ်တုန်းကဆိုရင် ကျွန်တော် နည်းနည်း ရုန်းကန်ရတာတွေ ရှိခဲ့တယ်။ ဥပမာ ပြောရရင် လေ့ကျင့်ခန်း သုံးကြိမ်ဆင်းပြီးရင် ကျွန်တော် နားချိန်ယူရတယ်။ ဒီအပိုင်းမှာ အခုဆို သိသိသာသာ တိုးတက်လာပြီ”ဟု ဆိုသည်။

၎င်းက “အီတလီက ဆရာဝန်တစ်ယောက်နဲ့ ကျွန်တော် သွားတွေ့တယ်။ သူက ကျွန်တော် လုပ်ကိုင်လေ့ ရှိသမျှကို ပြန်ဆန်းစစ်တယ်။ နောက်တော့ အစားအသောက်ပိုင်းမှာ ပြောင်းလဲ သတ်မှတ်ချက်တွေ လုပ်ခိုင်းတယ်။ အခုကျွန်တော် ပါစတာ မစားရတော့ဘူး။ သကြားနဲ့ အသားလည်း မစားရတော့ဘူး။ အရင်တုန်းက ဒါတွေကို ကျွန်တော် ခဏခဏ စားဖြစ်ပါတယ်။ အာဂျင်တီးနားက ထုတ်လုပ်တဲ့ အသားတွေက အရမ်းစားလို့ကောင်းတယ်လေ။ ဒါပေမဲ့ အခု အစားအသောက် အစီအစဉ် အပြောင်းအလဲက အလုပ်ဖြစ်တယ်ဆိုတာ ဒီရာသီ မြင်သာလာပါတယ်။ ကျွန်တော့် ကစားသမားဘဝ အဆုံးသတ်ချိန်ထိ အဲဒီလိုပဲ ဆက်ပြီး နေထိုင်ကျင့်ကြံသွားမှာပါ”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment