Saturday, May 9, 2015
အသင်းတစ်သင်းသို့ရောက်တိုင်း ဂျရတ်ကိုခေါ်ရန် ကြိုးပမ်းခဲ့ဖူးဟု မော်ရင်ဟိုဖွင့်ဟ
အသင်းတစ်သင်းသို့ရောက်တိုင်း ဂျရတ်ကိုခေါ်ရန် ကြိုးပမ်းခဲ့ဖူးဟု မော်ရင်ဟိုဖွင့်ဟ
Written by ဝေဘုန်းလူ
လန်ဒန်၊ မေ ၉။ ။ ချယ်လ်ဆီးနည်းပြမော်ရင်ဟိုက ၎င်းသည် အသင်းတစ်သင်းသို့ရောက်တိုင်း စတီဗင်ဂျရတ်ကို ခေါ်ယူရန်ကြိုးပမ်းခဲ့ဖူးကြောင်း၊ ချယ်လ်ဆီး တွင် သာမက အင်တာမီလန်၊ ရီးယဲလ်မက်ဒရစ်တို့တွင် နည်းပြစဉ်ကလည်း ကြိုးပမ်းခဲ့ကြောင်း ပြောဆိုလိုက်သည်။
တနင်္ဂနွေနေ့တွင် လီဗာပူးလ်အသင်းနှင့်ကစားရမည့်ပွဲမတိုင်မီ မော်ရင်ဟိုက ဂျရတ်ကိုပုဂ္ဂိုလ်ရေးချီးကျူးလိုက်ခြင်းဖြစ်ပြီး ၎င်းသည် ဂျရတ်ကြောင့် ပိုကောင်း သည့်နည်းပြဖြစ်လာ ခဲ့ကြောင်းလည်းပြောသည်။
"ချန်ပီယံတစ်ယောက်ကို ကျွန်တော်ဂုဏ်ပြုရမယ့် အလှည့်ပါ။ စတီဗင်ဂျရတ်လိုပုဂ္ဂိုလ်ရဲ့ ပြိုင်ဘက်အဖြစ်သာမက နည်းပြတစ်ယောက်အနေနဲ့ ပါ သူ့ကို ဂုဏ်ပြု ရမယ့်အလှည့်ပါ။ ကျွန်တော့်ကစားသမားတွေကိုသာမက အကောင်းဆုံးပြိုင်ဘက်တွေကိုပါ ကျွန်တော်လေ့လာခဲ့ပါတယ်။
ကျွန်တော့ကစားသမားတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့အရည်အသွေးပိုင်းကို စောင့်ကြည့်လေ့လာသလို ပြိုင်ဘက်တွေကိုတော့ ကျွန်တော့်ကို ဘယ်လိုဒုက္ခပေးနိုင် မလဲဆိုတာ စောင့်ကြည့်လေ့လာပါတယ်။ ပြိုင်ဘက်တွေကိုလေ့လာခြင်းအားဖြင့် သူတို့ကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့ အတွေးအမြင်ကောင်းတွေကို ရရှိစေပါ တယ်။ စတီဗင်ဂျရတ်ကတော့ ကျွန်တော့်ကိုပိုကောင်းတဲ့နည်းပြဖြစ်လာစေတဲ့ နှစ်သက်စရာရန်သူ တွေထဲကတစ်ယောက်ဖြစ်ပြီး ချစ်လှစွာသော ရန်သူ တစ်ယောက်လည်း ဖြစ်ပါတယ်" ဟုမော်ရင်ဟို ကပြောသည်။
လီဗာပူးလ်အသင်းခေါင်းဆောင်ဂျရတ်သည် ရာသီကုန်တွင် အမေရိကန်မေဂျာလိဂ်ကလပ် ဂလက်ဇီအသင်းသို့ ပြောင်းရွှေ့တော့မည်ဖြစ်ရာ မော်ရင်ဟိုနှင့် ဂျရတ်တို့အကြား နောက်ဆုံးတွေ့ဆုံမှုလည်း ဖြစ်လာဖွယ်ရှိသည်။
လွန်ခဲ့သည့်နှစ်များအတွင်းက လီဗာပူးလ်အသင်းခေါင်းဆောင်ဂျရတ်နှင့် ချယ်လ်ဆီးကွင်းလယ်ကစားသမား လမ်းပတ်အကြား မည်သူပိုကောင်းကြောင်းငြင်း ခုန်မှုများထွက်ပေါ်ခဲ့ပြီး မော်ရင်ဟိုကမူ တစ်ယောက်တစ်မျိုးစီကောင်းကြောင်း သုံးသပ်ခဲ့သည်။
မော်ရင်ဟိုက ဂျရတ်နှင့် လမ်းပတ်တို့သည် ဥရောပအကောင်းဆုံး ကျောနံပါတ် ၈ အလယ်တန်းကစားသမားများဖြစ်ခဲ့ကြသည်ဟု ယူဆကြောင်းပြော ဆိုခဲ့ သည်။
Ref; Daily Mail
Mizzima
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment