Saturday, May 9, 2015
ပီတာချက်,နဲ့ ပါတ်သတ်ပြီး မော်ရင်ဟိုရဲ့ သဘောထား
ပီတာချက်,နဲ့ ပါတ်သတ်ပြီး မော်ရင်ဟိုရဲ့ သဘောထား
==================================
ချဲလ်ဆီးအသင်းရဲ့ ပထမဂိုးသမားနေရာကို ဆယ်စုနှစ် တစ်ခုမျှ ကြီးစိုးခဲ့တဲ့ ဂိုးသမား ပီတာချက်,ဟာ လူငယ် ဂိုးသမား ကော်တိုရစ် ရောက်ရှိလာခဲ့ ပြီးနောက် ပထမနေရာကို ဖယ်ပေးလိုက်ရပါတယ်။ အဲ့ဒီအတွက် လက်စွမ်းထက် ဂိုးသမားကြီးဟာ အခြား အသင်းတွေဆီ ရောက်ရှိဖို့ ဖြစ်လာခဲ့ပါတော့တယ်။ သူ့အား အဓိက ခေါ်ယူချင်သည့် အသင်းမှာ အာဆင်နယ်အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် မော်ရင်ဟိုကတော့ သူ့ကို အသင်းမှာပဲနေစေချင်ပြီး တကယ်လို့ ထွက်သွားမယ်ဆိုရင် အင်္ဂလိပ်ကလပ်တွေဆီကို ပို့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
မော်ရင်ဟိုက “ပထမ အချက်က ဂျိုးစ်မော်ရင်ဟိုနဲ့ နောက်ပြီးတော့ မစ္စတာအေဗရာမိုဗစ်ပေါ့၊ ပြီးမှ ဘုတ်အဖွဲ့က ဆုံးဖြတ်မှာ။ အဲ့ဒီတော့ ကျွန်တော့ သဘောထားကို စပြောရမယ်ဆိုရင် ပီတာကို ဒီမှာ ဆက်နေစေချင်တယ်။ ဒါကျွန်တော့ သဘောထားပဲ။ ကလပ်အနေနဲ့ကတော့ အကောင်းဆုံး ဂိုးသမား နှစ်ယောက်လုံး ရှိနေဖို့ လိုပါတယ်။ ပီတာမရှိရင် ဒီနှစ်ထဲမှာ ချန်ပီယံဖြစ်လိမ့်မယ်လို့ ကျွန်တော်တော့ မထင်ဘူး၊ ဘာလို့လဲ ဆိုတော့ သူကစားခွင့် ရတဲ့ (၆)ပွဲဟာ အရေးကြီးတဲ့ ပွဲတွေ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီပွဲတွေမှာ ရခဲ့တဲ့ အမှတ်တွေသာ မရှိရင် ချန်ပီယံ ဖြစ်ဖို့ မလွယ်ဘူး”
“ဒါ့ကြောင့် ကျွန်တော့် သဘောထားက ပီတာ ဒီမှာရှိဖို့လိုတယ်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင်လဲ သူထွက်နိုင်ပါတယ်။ ဒါပေမယ့် အင်္ဂလန်အသင်းတွေဆီ ကိုတော့ မဟုတ်ဘူး။ ကျွန်တော်ဟာ မန်နေဂျာ တစ်ယောက် ဆိုပေမယ့် ကလပ်နဲ့ ပီတာချက်ဟာ တစ်သားထဲရှိနေတာ ကြာပါပြီ။ ဒီ့အတွက် ကလပ်နဲ့ ပါတ်သတ်ပြီး သူဖြစ်ချင်တဲ့ အရာအားလုံးကို သူ့စိတ်ကြိုက်ရွေးခွင့် ရှိပါတယ်။ တကယ်လို့များ ကလပ်အနေနဲ့ ကျွန်တော်နဲ့ မတူတဲ့ သဘောထားရှိနေတယ် ဆိုရင်လဲ ကျွန်တော်က သူနဲ့ ပါတ်သတ်ပြီး ဘာဖြစ်ဖြစ် လက်ခံပေးလိုက်မှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။
#မောရစ်
Football Cafe
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment