Monday, May 4, 2015
အေစီမီလန် ပိုင်ရှင်သစ် ဖြစ်လာတော့မည့် ထိုင်းဘီလျံနာ မစ္စတာ ဘီး
အေစီမီလန် ပိုင်ရှင်သစ် ဖြစ်လာတော့မည့် ထိုင်းဘီလျံနာ မစ္စတာ ဘီး
===========================================
ထိုင်းစီးပွားရေး လုပ်ငန်းရှင်သည် ဘီးတဲချောင်ဘိုသည် ဘာလူစကိုနီထံမှ ရှယ်ယာများကို ၀ယ်ယူမှု ပြုလုပ်ပြီး အသင်း၏ ဥက္ကဌအဖြစ် ရပ်တည်သွားတော့မည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေငြာသွားခဲ့သည်။
ရလာဒ်များ တောက်လျှောက်ထိုးကျနေပြီး ဥရောပ ပြိုင်ပွဲများဖြင့် ကင်းကွာနေခဲ့ရသော အေစီမီလန်အသင်းအား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကာ တစ်ချိန်က ဥရောပ ဘီလူးကြီးအဖြစ် ရပ်တည်နိုင်ခဲ့သော အေစီမီလန် အသွင်သို့
ပြန်လည် ထူထောင်ပေးရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။
မစ္စတာဘီးက - "အေစီမီလန် အသင်း၏ သမိုင်းမှာ တစ်စိတ်တစ်ဒေသအနေဖြင့် ပါဝင်ခွင့်ရတော့မှာကို အရမ်းပဲ ၀မ်းမြောက် ပျော်ရွှင်မိပါတယ်၊ အေစီမီလန်လို ဂန္တ၀င်အသင်းတစ်သင်းကို ကျွန်တော်တို့ ထိုင်းနိုင်ငံ အပါအ၀င် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ပရိတ်သတ်ပေါင်း
များစွာက အားပေးနေကြပါတယ်၊ ခင်ဗျားတို့ ဘန်ကောက်ရောက်ရင် လမ်းတစ်လျှောက်မှာ အေစီမီလန် ဂျာစီဝတ်ထားတဲ့ ပရိတ်သတ်ပေါင်းများစွာကို တွေ့ကြရပါလိမ့်မယ်၊ အသင်း၏ အဓိက ကဏ္ဍကနေ ပါဝင်ရတော့မှာ ဖြစ်တဲ့ အတွက်
ကျွန်တော့်အတွက်တော့ အိမ်မက်တွေ တစ်ကယ်ဖြစ်လာတာပါပဲ၊ အေစီမီလန်ရဲ့ အောင်မြင်မှုတွေကို ကျွန်တော်တို့ ကြိုးစားပြီး ပြန်ယူမယ်၊ စီးရီးအေကို စိန်ခေါ်ဖို့၊ ချန်ပီယံလိဂ်ကို စိန်ခေါ်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမယ်"
ဆက်လက်ပြီး မစ္စတာဘီးက - "အေစီမီလန်ရဲ့ သမိုင်းမှာ ပါဝင်ခွင့်ရဖို့အတွက် လက်ခံပေးတဲ့ မစ္စတာ ဘာလူစကိုနီနဲ့ သူ့မိသားစုဝင်တွေအားလုံး၊ ဒါ့အပြင် အများကြီး ကူညီပေးခဲ့တဲ့ ဒိုရန်စပေါ့အဖွဲ့၊ အေစီမီလန် ပရိတ်သတ်တွေအားလုံးကို
အထူးပဲ ကျေးဇူးတင်ပါတယ်" ဟု သက်ဆိုင်ရာ ၀က်ဒ်ဆိုဒ်မှ တရားဝင် ထုတ်ပြန်ချက် ဖော်ပြသွားခဲ့သည်။
ထို့ကြောင့် ၁၉၈၆ ခုနှစ်မှ ယနေ့အထိ အေစီမီလန်အသင်းကို ဦးဆောင်လာခဲ့သော ဘာလူစကိုနီ၏ နေရာကို ထိုင်းဘီလျံနာ မစ္စတာဘီးက လွှဲပြောင်းရယူတော့မည် ဖြစ်သောကြောင့် လာမည့်ရာသီတွင် အေစီမီလန် အသင်းအား
အသွင်သစ်ဖြင့် တွေ့မြင်ရတော့မည် ဖြစ်သည်။
#အောင်ဇော်လတ်(မိုးနဲ)
Ref: Goal.com
Football Cafe
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment