အာဆင်နယ် အသင်း ကခေါ်ယူမည့် မာတီနက်စ် ရဲ့နေရာ ကို အစားထိုးရန် ပေါ်တို အသင်း ကစားသမား အသစ် ရှာဖွေနေ
အာဆင်နယ် အသင်း သည် ပေါ်တို တိုက်စစ်မှူး ဂျက်ဆန် မာတီနက်စ် ကို လာမည့်နွေရာသီ တွင် ခေါ်ယူသွားရန် ချဉ်းကပ်နေပြီး ပေါ်တို အသင်းကလည်း မာတီနက်စ် ရဲ့နေရာကို အစားထိုးရန် ကစားသမားသစ်ရှာဖွေနေတယ် လို့ သိရပါတယ်။
မာတီနက်စ် သည် ပေါ်တို အသင်း ကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အထိ ပို့ဆောင်ပေးခဲ့ပြီး ၇ ပွဲကစား ၇ ဂိုး သွင်းယူပေးနိုင်ခဲ့ သည် အထိ တောက်ပခဲ့ပြီး ကွာတားတွင် ဘိုင်ယန် ကို ရှုံးနိမ့်ပြီးထွက်ခွာခဲ့ရပါတယ်။
ကိုလံဘီယာ တိုက်စစ်မှူး ကို ဥရောပ အသင်းများစွာ က ချိတ်ဆက်နေပြီး ပေါ်တို အသင်း ကလည်း မာတီနက်စ် ရဲ့ နေရာကို အမြဲတမ်း အစားထိုးရန် အတွက် ဆယ်လ်တာဗီဂို တိုက်စစ်မှူး နိုလီတို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ပေါ်တို မန်နေဂျာ ဂျူလီယန် က အာဆင်နယ် သို့ ထွက်ခွာသွားဖွယ် ရှိတဲ့ မာတီနက်စ် ရဲ့နေရာ ကို အစားထိုးဖို့ ဘင်ဖီကာ တိုက်စစ်မှူး ဟောင်း ကို ပေါင် ၃.၇ သန်းနှင့် အထက် ပေးချေသွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။
မာတီနက်စ် ရဲ့ ပြောင်းရွှေ့ကြေး သည် မြင့်မားမည် ဖြစ်သော်လည်း အာဆင်နယ် အသင်း အတွက် သွင်းဂိုးများ ထပ်မံပေါင်းထည့်နိုင်မည်ဖြစ်ပြီး ပိုမို ထက်မြက်တဲ့ တိုက်စစ်ဖြစ်လာမှာ အသေအချာပဲဖြစ်တယ်လို့ သိရပါတယ်။
#KS
Soccer Myanmar
0 comments:
Post a Comment