Thursday, May 7, 2015
ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် တိုက်ပွဲဝင်ရန် လိုအပ်နေသေးကြောင်း ပီယာလို သတိပေး
ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် တိုက်ပွဲဝင်ရန် လိုအပ်နေသေးကြောင်း ပီယာလို သတိပေး
အင်္ဂါနေ့က တူရင်မြို့တွင် ရီးယဲမက်ဒရစ်၏ ချန်ပီယံလိဂ် သရဖူ ကာကွယ်ခွင့် မျှော်လင့်ချက်ကို မှေးမှိန်စေခဲ့ပြီးနောက် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရေးအတွက် တိုက်ပွဲဝင်ရန် လိုအပ်နေသေးကြောင်း ဂျူဗင်တပ်စ် ကွင်းလယ်ကစားသမား အန်ဒရီယာ ပီယာလိုက ပြောကြားလိုက်သည်။
အဆိုပါ ပွဲစဉ်တွင် အယ်လ်ဗာရို မိုရာတာ သွင်းယူသည့် ဂျူဗင်တပ်စ် အဖွင့်ဂိုးကို ခရစ္စတီယာနို ရော်နယ်ဒိုက ချေပနိုင်ခဲ့သော်လည်း တီဗက်ဇ်၏ ပင်နယ်တီဂိုးကြောင့် အိမ်ရှင်အသင်းက ဗိုလ်လုပွဲသို့ တက်ရောက်ရန် ခြေတစ်လှမ်းလှမ်းနိုင်ခဲ့သည်။
သို့သော်လည်း ပီယာလိုက ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရေးအတွက် စပိန်မြေတွင် ပထမကျော့ ခြေစွမ်းအတိုင်း ကစားရန် လိုအပ်ကြောင်း သတိပေး ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်ချင်ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ အနိုင်ရခဲ့ပေမယ့် စပိန်မြေမှာ ဒုတိယအကျော့ ကစားရပါဦးမယ်။ ဆန်တီယေဂို ဘာနေဗျူးမှာ ပထမအကျော့ ခြေစွမ်းအတိုင်း ကစားပြီး ဘာလင်မှာ ဗိုလ်လုပွဲ ကစားနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပီယာလိုက ဆိုခဲ့သည်။
ဆက်လက်ပြီး ချန်ပီယံလိဂ် ဆုဖလား ကိုင်မြှောက်နိုင်ခဲ့ပါက ဂျူဗင်တပ်စ်မှ ထွက်ခွာဖွယ်ရှိသလားဟု မေးမြန်းမှုအပေါ် ပီယာလိုက “ဒီအကြောင်းကို မစဉ်းစားခင် ကျွန်တော်တို့ ဆုဖလားကို ရရှိအောင် စွမ်းဆောင်ဖို့ လိုပါတယ်။ အဲ့ဒီနောက် ဘာတွေဖြစ်လာမလဲဆိုတာ တွေ့ရပါမယ်” ဟု ဖြေကြားခဲ့သည်။
ဂျူဗင်တပ်စ်သည် နည်းပြ အယ်လီဂရီ၏ ပထမဦးဆုံး ဘောလုံးရာသီတွင် ဆုဖလား သုံးခု ရရှိနိုင်မည့် လမ်းကြောင်းပေါ်တွင် ရပ်တည်နေသည်။
စနေနေ့က စကူဒက်တို ဆုဖလားကို လေးကြိမ်ဆက် ရရှိခဲ့သည့် ဂျူဗင်တပ်စ်သည် ဇွန်လတွင် ကိုပါအီတာလီယာ ဗိုလ်လုပွဲ၌ လာဇီယိုနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment