Pages

Subscribe:

Tuesday, May 5, 2015

မော်ရင်ဟိုမှာ အာစင်ဝင်းဂါး ထက်ပိုမိုကောင်းမွန်သည့် နည်းပြဟု ဖာဘရီဂက်စ် ချီးကျူး



မော်ရင်ဟိုမှာ အာစင်ဝင်းဂါး ထက်ပိုမိုကောင်းမွန်သည့် နည်းပြဟု ဖာဘရီဂက်စ် ချီးကျူး
Written by  အောင်ငြိမ်းသွေး

အင်္ဂလန်၊ မေ ၅။        ။ ချယ်လ်ဆီးအသင်းနှင့် အတူပထမဆုံး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိခဲ့ပြီးနောက် စပိန်ကွင်းလယ် ကစားသမား ဖာဘရီဂက်စ် ကမော်ရင်ဟိုသည် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးနှင့် ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာတို့ထက် ပိုမိုကောင်းမွန်သည့် နည်းပြဖြစ်ကြောင်း ချီးကျူးပြောဆို လိုက်သည်။

ဖာဘရီဂက်စ်သည် ဘာစီလိုနာမှ ချယ်လ်ဆီးသို့ ရောက်ရှိလာပြီးနောက်တွင် နည်းပြမော်ရင်ဟို၏ လက်အောက်၌ ကွင်းလယ်ဖန်တီးရှင်အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကြီးကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ဖာဘရီဂက်စ်က ချယ်လ်ဆီးအသင်း၏ ယခုအောင်မြင်မှုသည် အစသာရှိသေးပြီး ဥရောပတွင် အောင်မြင်မှု ရရှိနိုင်စွမ်း ရှိကြောင်း ပြောသည်။

'မော်ရင်ဟိုဟာ အသင်းကို ဘယ်လိုစီမံအုပ်ချုပ်ရမယ်၊ အသင်းသားတွေဆီက အကောင်းဆုံးကို ရဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို ကောင်းကောင်းသိသူပါ။ သူဟာ ကစားသမားတွေဆီကို အမြဲ ၁၀၀ ရာခိုင်နှုန်းအပြည့် လိုချင်သူ ဖြစ်ပါတယ်။ သုံးရက် တစ်ပွဲ ကစားနေရပေမယ့် သူက ကစားသမားတွေ စိတ်ဓာတ် တက်ကြွအောင် ကောင်းကောင်းလှုံ့ဆော်ပေးနိုင်ပါတယ်။ တစ်ရာသီလုံး ပွဲ ၆၀ လောက်ကစားရတာဖြစ်လို့ ဒါက တကယ်ကို မလွယ်ပါဘူး။

လူတိုင်းက ကျွန်တော်တို့အသင်းမှာ တောင့်တင်းတဲ့ ကစားသမားစာရင်း ရှိတယ်လို့ ထင်ကြပါတယ်။ တကယ်တော့ မရှိပါဘူး။ အသင်းမှာ အဓိက ကစားသမား ၂၂ ယောက်ပဲရှိတာပါ။ တစ်ချို့က ယူ-၂၁ က ကစားသမားလေးတွေပါ။ ဒီလူစာရင်းနဲ့ အလုပ်လုပ်ရတာ တကယ်ကို မလွယ်ပါဘူး။ ဒါပေမဲ့ မော်ရင်ဟိုကတော့ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။

မော်ရင်ဟိုဟာ အနိုင်ရတာကိုပဲ နှစ်သက်သူပါ။ အခြားနည်းပြတွေက အနိုင်ကို မနှစ်သက်ဘူး။ မကောင်းဘူးလို့ ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် တွဲဖက်ခဲ့ဖူးတဲ့ နည်းပြတွေထဲမှာတော့ မော်ရင်ဟိုက အတော်ဆုံးပါပဲ' ဟု ဖာဘရီဂက်စ်က ပြောသည်။

ထို့အပြင် ဖာဘရီဂက်စ်က ယခုရာသီတွင် ချယ်လ်ဆီးအတွက် ခြေစွမ်းပြခဲ့သည့် ဟက်ဇက်ကိုလည်း ချီးကျူးခဲ့သည်။ ဟက်ဇက်သည် မက်ဆီနှင့် စီရော်နယ်ဒို တို့၏ အဆင့်သို့ ရောက်ရှိနိုင်သည့် ခြေစွမ်းမျိုးပိုင်ဆိုင်ထားသူ ဖြစ်ကြောင်း ဖာဘရီဂက်စ်က ပြောသည်။

ရည်ညွှန်း ဒေးလီးမေးလ်

Mizzima

0 comments:

Post a Comment