Pages

Subscribe:

Tuesday, May 5, 2015

ဖာဂူဆန်၏ ပရီးမီးယားလိဂ်အောင်မြင်မှုစံချိန်ကို လိုက်မီရန် မလွယ်ဟု မော်ရင်ဟို ၀န်ခံ



ဖာဂူဆန်၏ ပရီးမီးယားလိဂ်အောင်မြင်မှုစံချိန်ကို လိုက်မီရန် မလွယ်ဟု မော်ရင်ဟို ၀န်ခံ
Written by  အောင်ငြိမ်းသွေး

အင်္ဂလန်၊ မေ ၅။       ။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို သုံးကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟိုက မန်ယူနည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်၏ ပရီးမီးယားလိဂ်အောင်မြင်မှု စံချိန် ၁၃ ကြိမ်ကို လိုက်မီရန် မဖြစ်နိုင်ကြောင်း ၀န်ခံပြောဆိုလိုက်သည်။

ဖာဂူဆန်သည် အသက် ၅၁ နှစ်အရွယ် ၁၉၉၂-၉၃ ရာသီက မန်ယူအသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလားကို ပထမဆုံး ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး မော်ရင်ဟိုမှာ ယခု ၅၂ နှစ်အရွယ်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို သုံးကြိမ် ဆွတ်ခူးထားပြီးဖြစ်သည်။ သို့သော်လည်း မော်ရင်ဟိုက ၎င်းအနေဖြင့် အမှတ်ပေးဖလား ၁၃ လုံးကို ရယူနိုင်ဖွယ်ရှိသော်လည်း ပရီးမီးယားလိဂ်ဖလား ၁၃ လုံး ရရှိရန်မှာ မဖြစ်နိုင်ကြောင်း ပြောသည်။

'ကျွန်တော့်အနေနဲ့ နည်းပြဘ၀မှာ အကြာကြီး ဆက်ရှိနေဦးမှာပါ။ ဒါပေမဲ့ ဖာဂူဆန်ရဲ့စံချိန်ကိုတော့ လိုက်မီဖို့မလွယ်ပါဘူး။ ဘယ်နည်းပြမှလည်း လိုက်မမီနိုင် ပါဘူး။ကျွန်တော့်အနေနဲ့ အခုအချိန်မှာ နိုင်ငံပေါင်းစုံက အမှတ်ပေးဖလား ၈ကြိမ်အထိ ရရှိထားပြီးပါပြီ။ ဒါကြောင့်အမှတ်ပေးဖလား ၁၃ လုံးရရှိဖို့ဆို တာဖြစ်နိုင် ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ဖလားချည်းပဲ ၁၃ လုံး ရဖို့ ဆိုတာကတော့ အခွင့်အရေးမရှိပါဘူး' ဟု မော်ရင်ဟိုက ပြောသည်။

မော်ရင်ဟိုသည် ပေါ်တိုအသင်းနှင့် ပေါ်တူဂီအမှတ်ပေးဖလား နှစ်ကြိမ်၊ အင်တာမီလန်အသင်းနှင့် စီရီးအေဖလား နှစ်ကြိမ်၊ ရီးယဲလ်အသင်းနှင့် လာလီဂါဖလား တစ်ကြိမ်၊ ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ဖလား သုံးကြိမ် ရရှိပြီး စုစုပေါင်း အမှတ်ပေးဖလား ၈ ကြိမ် ရရှိထားပြီး ဖြစ်သည်။

Ref : sport.co.uk

Mizzima

0 comments:

Post a Comment