Pages

Subscribe:

Tuesday, June 30, 2015

ရတနာပုံအသင်းနှင့်ပွဲအတွက် အထူး ပြင်ဆင်မှု ပြုလုပ်မည် မဟုတ် ဟု ရန်ကုန်နည်းပြဆို



ရတနာပုံအသင်းနှင့်ပွဲအတွက် အထူး ပြင်ဆင်မှု ပြုလုပ်မည် မဟုတ် ဟု ရန်ကုန်နည်းပြဆို

ရွှေဘုတ်

ဇွန် ၃၀၊ ရန်ကုန်။ ။ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၀ အပြီး ၁၀ ပွဲဆက် အနိုင်ရကာ အမှတ်ပေးဇယားကိုဦးဆောင်နေသော ရန်ကုန်အသင်းသည် လာမည့် ပွဲစဉ် ၁၁ ၌ လက်ရှိချန်ပီယံ ရတနာပုံအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး ယင်းပွဲအတွက် အထူး ပြင်ဆင်မှု ပြုလုပ်သွားမည် မဟုတ် ဟု ရန်ကုန်နည်းပြ မီယိုဒရက် ရက်ဆစ် က ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ၁၀ ပွဲကစား ၁၀ ပွဲနိုင် ရမှတ် ၃၀ မှတ်ဖြင့် ဒုတိယနေရာမှ ဧရာဝတီအသင်းကို ရှစ်မှတ်ဖြတ်ကာ လိဂ်ပထမအကျော့ပြီးဆုံးရန် တစ်ပွဲအလို၌် ရာသီဝက် ချန်ပီယံ ဖြစ်ရန် စွမ်းဆောင်ထားနိုင်ခဲ့သည်။

“ ဘယ်ပွဲပဲ ဖြစ်ပါစေ နိုင်ရင် ၃ မှတ်ပဲ ရပါတယ်။ ဒါကြောင့် ပြိုင်ဘက် အားလုံးကို တစ်တန်းတည်းထားပြီး ပြင်ဆင်ပါတယ်။ ရတနာပုံနဲ့ပွဲကိုမှ ပိုပြီးတော့ အထူးတလည် ပြင်ဆင်တာမျိုး မရှိပါဘူး။ ကျွန်တော်တို့ အသင်းအတွက် အဓိကပြိုင်ဘက် ဆိုတာမရှိပါဘူး။ ဘယ်အသင်းကိုပဲ နိုင်နိုင် အမှတ်ပိုမရပါဘူး။ လာမယ့် ပွဲစဉ် အတွက် စပြီး ပြင်ဆင်နေပါပြီ ” ဟု ရန်ကုန်နည်းပြ ဂျက်ဆစ်က ဧရာဝတီအသင်းနှင့် ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရန်ကုန်အသင်းနှင့် ရတနာပုံအသင်းတို့သည် မြန်မာနေရှင်နယ်လိဂ် စတင်ချိန်ကတည်းက ပြိုင်ဆိုင်မှုများ ပြင်းထန်ခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှုများ၌ ရန်ကုန်အသင်းက အိမ်ကွင်းတွင် တစ်ကြိမ် အဝေးကွင်းတွင် နှစ်ကြိမ် အနိုင်ရရှိထားကာ ရတနာပုံအသင်းက အိမ်ကွင်းတွင် တစ်ကြိမ် အဝေးကွင်းတွင် နိုင်ပွဲမရရှိပဲ ခြောက်ကြိမ်တိုင် သရေကျထားသည်။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၀ တွင် ရန်ကုန်အသင်းနှင့် ရတနာပုံအသင်း တို့သည် ရတနာပုံအိမ်ကွင်း ဗထူးကွင်း၌  ဇူလိုင် ၅ ရက် ညနေ ၄ နာရီတွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

Mizzima

အာဆီယံအကောင်းဆုံး နိုင်ငံခြားသားတိုက်စစ်မှူး ငါးဦးစာရင်းတွင် ဆီဇာရွေးချယ်ခံရ



အာဆီယံအကောင်းဆုံး နိုင်ငံခြားသားတိုက်စစ်မှူး ငါးဦးစာရင်းတွင် ဆီဇာရွေးချယ်ခံရ

ရဲရင့်ဋ္ဌေး

ဇွန် ၃၀၊ ရန်ကုန်။ ။ ဂျပန်နိုင်ငံအခြေစိုက် footballchannel.com မှရွေးချယ်ခဲ့သော အာဆီယံဒေသတွင်းအကောင်းဆုံး နိုင်ငံခြားသားတိုက်စစ်မှူး ငါးဦးစာရင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းမှ ဘရာဇီးတိုက်စစ်မှူး ဆီဇာရွေးချယ်ခံခဲ့ရသည်။

အာဆီယံဒေသတွင်းလိဂ်ပြိုင်ပွဲများတွင်ကစားနေသည့် ပြည်ပကစားသမားများထဲမှ အကောင်းဆုံးငါးဦးကို ရွေးချယ်ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဆီဇာနှင့်အတူ မလေးရှားကလပ် ဂျိုဟိုးအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး ဖီဂွယ်ရိုအာ၊ ဗီယက်နမ်ကလပ် ဘင်ဒေါင်းအသင်းမှ ဆီနီဂေါတိုက်စစ်မှူး ဒီယန်၊ ဘရူနိုင်းကလပ် ဒီပီအမ်အမ်အသင်းမှ ဘရာဇီးတိုက်စစ်မှူး ရာဖေးလ်၊ ထိုင်းပရီးမီးယားလိဂ်ကလပ် ဘူရီယမ်အသင်းမှ ဘရာဇီးတိုက်စစ်မှူး ဆန်တို တို့ရွေးချယ်ခံခဲ့ရသည်။

အသက် ၂၉ နှစ်အရွယ် ဘရာဇီးတိုက်စစ်မှူး ဆီဇာသြဂတ်စတို မှာ ၂၀၁၂ဘောလုံးရာသီကတည်း မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းတွင်ကစားနေသူဖြစ်ပြီး အသင်းအတွက် လေးရာသီပေါင်းသွင်းဂိုး ၅၀ကျော်အထိသွင်းယူထားနိုင်ကာ ၂၀၁၂-၁၃၊ ၂၀၁၃-၁၄ ဘောလုံးရာသီများတွင် မြန်မာနေရှင်နယ်လိဂ်သွင်းဂိုးအများဆုံး ရွှေဖိနပ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။ ၂၀၁၄ ဘောလုံးရာသီက ရန်ကုန်အသင်းချန်ပီယံဆုကို လက်လွှတ်ခဲ့ရသော်လည်း ဆီဇာက သွင်းဂိုး ၁၅ ဂိုးရရှိခဲ့သည်။

Mizzima

တူရကီကလပ်အန်တယ်ယာစပေါသို့ပြောင်းရန် ရော်နယ်ဒင်ဟို သဘောတူညီမှုရရှိ



တူရကီကလပ်အန်တယ်ယာစပေါသို့ပြောင်းရန် ရော်နယ်ဒင်ဟို သဘောတူညီမှုရရှိ

ဝေဘုန်းလူ

ဇွန် ၃၀၊ အန်တယ်ယာ။ ။ ရော်နယ်ဒင်ဟိုသည် ဘာစီလိုနာအသင်းဖော်ဟောင်း အီတူးနှင့်ပူးပေါင်းရန် တူရကီတန်းတက်ကလပ် အန်တယ်ယာစပေါနှင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သည်။

အန်တယ်ယာစပေါအသင်းဥက္ကဋ္ဌ ဂူတက်ကင်ဂျန်ဆာက အသင်းနှင့် အသက် ၃၅ နှစ်အရွယ်ဘရာဇီးကစားသမားအကြား ပုဂ္ဂိုလ်ရေးသဘောတူညီမှုရခဲ့ပြီဖြစ်ပြီး ယခုတစ်ပတ်အတွင်စာချုပ်မည်ဟု ပြောသည်။

ရော်နယ်ဒင်ဟိုကလည်း အင်စတာဂရမ်တွင် ရုပ်သံဖိုင်တစ်ခုဖန်တီးခဲ့ပြီး အားလုံးကိုနှုတ်ခွန်းဆက်ကြောင်းနှင့် မကြာမီတွင်တူရကီသို့ ရောက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရော်နယ်ဒင်ဟိုသည် တူရကီကလပ်သို့ပြောင်းရွှေ့မှုအထောက်အကူဖြစ်စေရန် မက္ကဆီကိုကလပ် ကွာရီတာရိုနှင့်စာချုပ်ဖျက်သိမ်းခဲ့သူလည်း ဖြစ်သည်။

အန်တယ်ယာစပေါတွင် ဘာစီလိုနာအသင်းဖော်ဟောင်း ကင်မရွန်းတိုက်စစ်မှူး အီတူးနှင့်ပြန်ဆုံမည်ဖြစ်ပြီး ယင်းကစားသမားနှစ်ဦးသည် ဘာစီလိုနာအသင်းတွင် လာလီဂါနှင့် ကိုပါဒယ်ရေးဖလားရခဲ့သကဲ့သို့  ၂၀၀၆ တွင် ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

Mizzima

စပါးကွင်းလယ်လူ ပေါ်လင်ဟို တရုတ်ကလပ် ကွမ်ကျိုးသို့ ပြောင်းရွှေ့



စပါးကွင်းလယ်လူ ပေါ်လင်ဟို တရုတ်ကလပ် ကွမ်ကျိုးသို့ ပြောင်းရွှေ့

အောင်ငြိမ်းသွေး

(လန်ဒန်)။ ။ စပါးအသင်းမှ ဘရာဇီး ကွင်းလယ်ကစားသမား ပေါ်လင်ဟိုသည် တရုတ်ကလပ် ကွမ်ကျိုးအသင်းသို့
ပြောင်းရွှေ့ကြေး ပေါင် ၉ ဒသမ ၉ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။

ကွမ်ကျိုးအသင်း၏ လက်ရှိနည်းပြမှာ ဘရာဇီးနည်းပြဟောင်း စကိုလာရီဖြစ်ပြီး ပေါ်လင်ဟိုကို ၄ နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်း
ဖြစ်သည်။ စကိုလာရီသည် ယခုလအစောပိုင်းကမှ ထိုတာဝန်ကို လက်ခံရယူခဲ့ခြင်းဖြစ်ပြီး ၂ နှစ်ခွဲ စာချုပ်သက်တမ်း ဖြစ်သည်။

ပေါ်လင်ဟိုသည် ၂၀၁၃ ခုနှစ်က ဘရာဇီးကလပ် ကိုရင်သီယန်မှ စပါးအသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းဖြင့် ရောက်ရှိခဲ့သူဖြစ်သည်။ အသင်းသို့ ရောက်ရှိစက ဦးစားပေးကစားသမားအဖြစ် ကစားခဲ့ရသော်လည်း နည်းပြ ပိုချက်တီနိုလက်ထက်တွင် ပထမပွဲထွက် ကစားသမားနေရာ ပျောက်ဆုံးခဲ့သူဖြစ်သည်။

ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပွဲတွင် ၂၇ ပွဲပါဝင်ကစားခဲ့ရသော်လည်း ၁၂ ပွဲမှာ အရန်ကစားသမားအဖြစ် ၀င်ရောက်ကစားခဲ့ရခြင်း ဖြစ်သည်။

ပေါ်လင်ဟိုသည် ကွမ်ကျိုးအသင်းတွင် ကျောနံပါတ် ၄၈ ကို ၀တ်ဆင်ကစားမည် ဖြစ်သည်။

လက်ရှိတွင် ကွမ်ကျိုးအသင်းမှာ တရုတ်အမှတ်ပေးပြိုင်ပွဲတွင် အဆင့်သုံးနေရာ၌ ရပ်တည်နေပြီး အဆင့်တစ်မှ ပေဂျင်းကူအန်အသင်းနှင့် နှစ်မှတ်ကွာဟလျက်ရှိသည်။

ရည်ညွှန်း - ဘီဘီစီ

Mizzima

လိဂ်-၂ ဘောလုံးပြိုင်ပွဲတွင် နေရှင်နယ်လိဂ် ကလပ်အသင်းဟောင်း နှစ်သင်း ဦးဆောင်နေ



လိဂ်-၂ ဘောလုံးပြိုင်ပွဲတွင် နေရှင်နယ်လိဂ် ကလပ်အသင်းဟောင်း နှစ်သင်း ဦးဆောင်နေ

သောကြာ

ရန်ကုန် (မဇ္ဈိ)။ ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် -၂ ဘောလုံးပြိုင်ပွဲ ဒုတိယ အကျော့ပွဲစဉ်များကို ပြန်လည် စတင်နေပြီဖြစ်ပြီး ပွဲစဉ် ၁၀ အပြီးတွင် အမှတ်ပေးဇယားကို မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းဟောင်း နှစ်သင်းဖြစ်သော
ဆောက်သမ်းအသင်းနှင့် GFA အသင်းတို့က ဦးဆောင်နေသည်။

ပွဲစဉ် ၁၀ တွင် GFA အသင်းက Best United အသင်းကို ၅-၀ ဂိုး၊ ဖုန်ဂန်အသင်းက ငွေကြယ်ပွင့်အသင်းကို ၃-၀ ဂိုး၊ မောရ၀တီအသင်းက တက္ကသိုလ် လက်ရွေးစင်အသင်းကို ၃-၁ ဂိုးတို့ဖြင့် အနိုင်ရခဲ့ကြသည်။

မြ၀တီအသင်းနှင့် ဒဂုံအက်ဖ်စီအသင်း တို့ပွဲစဉ်မှာ တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျခဲ့သလို Horizon အသင်းနှင့် ဆောက်သမ်းအသင်းတို့မှာလည်း တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ၀င်ပြိုင်ခဲ့သော အသင်းသစ် ဖုန်ဂန်အသင်းမှာ ပထမအကျော့ ၉ ပွဲ ကစားပြီးချိန်တွင် နိုင်ပွဲ မရခဲ့သော်လည်း ဒုတိယအကျော့ ပွဲစဉ် ၁၀ တွင် ငွေကြယ်ပွင့်အသင်းကို အနိုင်ရခဲ့သော ကြောင့် လိဂ်-၂ ပြိုင်ပွဲတွင် ပထမဆုံးနိုင်ပွဲ ရရှိခဲ့ခြင်း ဖြစ်သည်။

ပွဲစဉ် ၁၀ ပွဲစီ ကစားပြီးချိန်တွင် ဆောက်သမ်းအသင်းက ရမှတ် ၂၆ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး GFA အသင်းက ရမှတ် ၂၀ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည် နေသည်။ အမှတ်ပေးဇယား အဆင့် ၃၊ ၄ နေရာများတွင် Horizon အသင်းနှင့် မောရ၀တီအသင်းတို့က ရမှတ် ၁၉ မှတ်စီ ဖြင့် ရပ်တည်နေပြီး အဆင့် ၅ နေရာတွင် ဒဂုံအက်ဖ်စီအသင်းက ၁၆ မှတ်ဖြင့် ရပ်တည်နေသည်။

၂၀၁၅ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ ၁၀ ပွဲကစားပြီးချိန်တွင် ရှုံးပွဲမရှိ စံချိန်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေသော ဆောက်သမ်းအသင်းမှာ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်ရန် ရေပန်းအစားဆုံးဖြစ်နေသည်။ GFA အသင်း၊ Horizon အသင်း၊ မောရ၀တီ အသင်း၊ ဒဂုံအက်ဖ်စီအသင်း၊ မြ၀တီအသင်းတို့မှာ တန်းတက်ရန် လက်ကျန်တစ်နေရာအတွက် အကြိတ်အနယ် ကစားရမည် ဖြစ်သည်။

ပွဲစဉ် ၁၀ ရလဒ်များ
---------------------
GFA  ၅-၀  Best United
ဖုန်ဂန် ၃-၀   ငွေကြယ်ပွင့်
မောရ၀တီ  ၃-၁  တက္ကသိုလ်လက်ရွေးစင်
မြ၀တီ  ၁-၁  ဒဂုံအက်ဖ်စီ
Horizon  ၁-၁  ဆောက်သမ်း

Mizzima

နောက်ခံလူ ဖေးဂျူံးစ်ကို လေးနှစ်သက်တမ်းတိုးစာချုပ် မန်ယူ ချုပ်ဆို



နောက်ခံလူ ဖေးဂျူံးစ်ကို လေးနှစ်သက်တမ်းတိုးစာချုပ် မန်ယူ ချုပ်ဆို

အောင်ငြိမ်းသွေး

(မန်ချက်စတာ)။ ။ မန်ယူအသင်းသည် အင်္ဂလန်လက်ရွေးစင် နောက်ခံကစားသမား ဖေးလ်ဂျူံးစ်ကို လေးနှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် အသက် ၂၃ နှစ်အရွယ်ရှိ ဖေးဂျူံးစ်သည် မန်ယူအသင်းတွင် ၂၀၁၉ ခုနှစ်အထိ ဆက်လက် ကစားခွင့် ရရှိသွားပြီ ဖြစ်သည်။

ဖေးဂျူံးစ်သည် ၂၀၁၁ ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းဖြင့် ဘလက်ဘန်းအသင်းမှ မန်ယူအသင်းသို့ ရောက်ရှိလာသူ ဖြစ်သည်။ လက်ရှိစာချုပ်သက်တမ်းမှာ တစ်နှစ်သာ ကျန်ရှိတော့သည့်အတွက် မန်ယူအသင်းက ဖေးလ်ဂျူံးစ်ကို သက်တမ်းတိုးခဲ့ခြင်း ဖြစ်သည်။

ဖေးလ်ဂျူံးစ်သည် မန်ယူအသင်းတွင် ကစားခဲ့သည့် ကာလတစ်လျှောက် ဒဏ်ရာများဖြင့် ရုန်းကန်ခဲ့ရပြီး ၁၂၈ ပွဲ ကစားပေးထားသည်။ ဂျူံးစ်သည် ပြီးခဲ့သည့်ရာသီကလည်း မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ ပွဲသာ ပါဝင်ကစားနိုင်ခဲ့သည်။

စာချုပ်သစ်ချုပ်ဆိုပြီးနောက်တွင် မန်ယူနည်းပြ ဗန်ဟားလ်က 'ဂျူံးစ်ဟာ ငယ်ရွယ်တဲ့ နောက်ခံကစားသမားတစ်ဦးဖြစ်ပြီး အချိန်တိုင်း တိုးတက်နေသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက ဒဏ်ရာကြောင့် အချို့ပွဲစဉ်တွေကို လွဲချော်ခဲ့ရပေမယ့် သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဆန်တဲ့ ကြိုးစားမှုက ကျွန်တော့်စိတ်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်' ဟု ပြောသည်။

ဂျူံးစ်ကလည်း 'မန်ယူအသင်းမှာ ကစားခဲ့ရတဲ့ ကာလတစ်လျှောက်လုံးကို ကျေနပ်မိပါတယ်။ အနာဂတ်မှာလည်း ဒီထက် ပိုကောင်းတဲ့ ကစားသမားဖြစ်လာအောင် ကြိုးပမ်းသွားမှာပါ' ဟု ပြောသည်။

ဂျူံးစ်သည် ၂၀၁၁ ခုနှစ် အောက်တိုဘာလက အင်္ဂလန်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီး ၁၇ ပွဲ ပါဝင်ကစားခဲ့ပြီး ဖြစ်သည်။

ရည်ညွှန်း - ဘီဘီစီ

Mizzima

ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းဖြင့် အာဆင်နယ်သို့ ပီတာချက် တရားဝင်ရောက်ရှိ



ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းဖြင့် အာဆင်နယ်သို့ ပီတာချက် တရားဝင်ရောက်ရှိ

အောင်ငြိမ်းသွေ;

လန်ဒန်၊ ဇွန် ၃၀။ ။ ချယ်လ်ဆီးအသင်းမှ ချက်လက်ရွေးစင်ဂိုးသမား ပီတာချက်သည် ပြောင်းရွှေ့ကြေးပေါင် ၁၀ သန်းဖြင့် မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းသို့ တရားဝင် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။

ပီတာချက်သည် ပြီးခဲ့သည့် သောကြာနေ့က အာဆင်နယ်အသင်းတွင် ဆေးစစ်မှုခံယူခဲ့ပြီးနောက် လေးနှစ်စာချုပ်ဖြင့် အသင်းပြောင်းရွှေ့သွားခြင်း ဖြစ်သည်။ အာဆင်နယ်အသင်းတွင် တစ်ပတ်လုပ်ခ လစာငွေ ပေါင် ၁ သိန်း ရရှိမည် ဖြစ်သည်။

ပီတာချက်သည် ၂၀၀၄ ခုနှစ်က ရင်းနက်စ်အသင်းမှ ချယ်လ်ဆီးသို့ ရောက်ရှိလာခဲ့ပြီး ချယ်လ်ဆီးနှင့်အတူ အဓိက ဆုဖလားအားလုံးကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ၂၀၁၃ ခုနှစ်ကတည်းက ပီတာချက်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ယခုမှ ခေါ်ယူနိုင်ခြင်း ဖြစ်သည်။ ပီတာချက်ကို လက်လွှတ်ခဲ့ရပြီးနောက်တွင် ချယ်လ်ဆီးအသင်းသည် စတုခ်စီးတီးဂိုးသမား ဘီဂိုဗစ်ကို ပေါင် ၆ သန်းဖြင့် ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည်။

အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ပြီးနောက်တွင် ပီတာချက်က ချယ်လ်ဆီးအသင်းကို စွန့်ခွာရန် မည်သည့်အခါကမှ စဉ်းစားခဲ့ဖူးခြင်း မရှိကြောင်း ဆိုခဲ့သည်။

'ချယ်လ်ဆီးအသင်းကနေ ထွက်ခွာသွားဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပါဘူး။ ဒါပေမဲ့ အခုတော့ ချယ်လ်ဆီးကို နှုတ်ဆက်ရမယ့်အချိန် ကျရောက်လာခဲ့ပါပြီ။ ၂၀၀၄ ခုနှစ်ကတည်းက ချယ်လ်ဆီးနဲ့အတူ မိနစ်တိုင်း ရှင်သန်ခဲ့တာပါ။ ဒီအသင်းမှာပဲ ကစားသမားဘ၀ကို အဆုံးသတ်ရလိမ့်မယ်လို့ ထင်ခဲ့တာပါ။

ဒါပေမဲ့ ဘ၀ဆိုတာ ကိုယ်ထင်ထားသလို ဘယ်တော့မှ ဖြစ်မလာနိုင်ပါဘူး။ ချယ်လ်ဆီးနဲ့အတူ မြင့်မားတဲ့ အဆင့်တစ်ခုမှာ ရပ်တည်နိုင်ခဲ့ပြီး အံ့အားသင့်ဖွယ်ရာအောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အတူတကွ သမိုင်းတွေ ရေးထိုးခဲ့ကြတာပါ။ ဒါမေပဲ့ ပြီးခဲ့တဲ့ နှစ်နွေရာသီက စတင်ပြီး ပြောင်းလဲမှုတွေဖြစ်လာခဲ့ပါတယ်။ ချယ်လ်ဆီးမှာ ပထမဦးစားပေး ဂိုးသမား ဖြစ်မလာနိုင်တော့ဘူးဆိုတာ ကျွန်တော်နားလည်ခဲ့ပါတယ်။ ဒါပေမဲ့ အသင်းက ထွက်ခွာဖို့ အချိန်ကောင်းလို့ မထင်ခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့ အဖြေက ရှင်းရှင်းလင်းလင်းဖြစ်သွားခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားဘ၀ကို အရန်ခုံမှာ အချိန်မဖြုန်းချင်ပါဘူး။ ဒါကြောင့် စိန်ခေါ်မှုအသစ်တွေကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းက ကစားသမားတွေ၊ ၀န်ထမ်းတွေ၊ နည်းပြတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ အလုပ်အတူတူ တွဲဖက်လုပ်ကိုင်ခဲ့ကြသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ချယ်လ်ဆီး ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ချယ်လ်ဆီးအသင်းအတွက် အရာရာပေးဆပ်ခဲ့သလို ပရိသတ်တွေကလည်း သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ပြန်ပေးခဲ့ပါတယ်။ ဒါကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ရင်ထဲမှာ အမြဲ ရှိနေမှာပါ' ဟု ပီတာချက်က ပြောဆိုခဲ့သည်။

ထို့အပြင် ပီတာချက်က အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး၏ အနာဂတ်စီမံကိန်းများနှင့် ပထမကစားသမားနေရာ အာမခံချက်များကြောင့် အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း - ဒေးလီးမေးလ်

Mizzima

ဆက်ခ်ျနေရာကို ဘီဂိုဗစ်ဖြင့် အစားထိုးရန် ချယ်လ်ဆီး ပြင်ဆင်



ဆက်ခ်ျနေရာကို ဘီဂိုဗစ်ဖြင့် အစားထိုးရန် ချယ်လ်ဆီး ပြင်ဆင်

ချယ်လ်ဆီး အသင်းသည် ပီတာဆက်ခ်ျနေရာ အစားထိုးရန် အတွက် စတုတ်ခ်စီးတီး ဂိုးသမား အက်စ်မာဘီဂိုဗစ်ကို စတင်ချိတ်ဆက်နေပြီဟု သိရသည်။

ချက်လက်ရွေးစင် ဆက်ခ်ျသည် (၁၁)နှစ်ကြာ ကစားခဲ့သည့် ချယ်လ်ဆီးကို စွန့်ခွာကာ အာဆင်နယ်သို့ ကူးပြောင်းသွားပြီးနောက် ၎င်းနေရာကို အစားထိုးရန်အတွက် ဘီဂိုဗစ်ကို အသင်းမန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ချဉ်းကပ်လာခြင်း ဖြစ်သည်။ အသက်(၂၈)နှစ် အရွယ်ရှိ ဘော့စ်နီးယား လက်ရွေးစင် ဘီဂိုဗစ်သည် ချယ်လ်ဆီးတွင် ဦးစားပေး ဂိုးသမား သီဘောက် ကော်တွိုက်စ်နှင့် နေရာလု ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ချယ်လ်ဆီးက ပေါင်စတာလင် (၆)သန်းမျှဖြင့် ၎င်းကို ဝယ်ယူနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။

ဆက်ခ်ျကို အာဆင်နယ်က (၄)နှစ်စာချုပ်ဖြင့် ပေါင်စတာလင် (၁၀)သန်းမျှ ပြောင်းရွှေ့ကြေးပေး ခေါ်ယူလိုက်ပြီး နာရီပိုင်းအတွင်း ချယ်လ်ဆီးက ဘီဂိုဗစ်အတွက် စတုတ်ခ်ထံ ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။ စတုတ်ခ်အနေဖြင့် ချယ်လ်ဆီးထံမှ တရားဝင် ဆက်သွယ်မေးမြန်းမှုကို လက်ခံရရှိခဲ့သော်လည်း ပေါင်စတာလင် (၆)သန်းတန် ကမ်းလှမ်းမှုကို ငြင်းပယ်ကာ ပေါင်စတာလင် (၁၀)သန်းထိ တိုးမြှင့်တောင်းဆိုဖွယ် ရှိနေသည်။ စတုတ်ခ်မန်နေဂျာ မာ့ခ်ဟုဂ်ျ အနေဖြင့်လည်း ဘီဂိုဗစ်ကို ရောင်းထုတ်လိုက်ပါက တိုက်ရိုက်အစားထိုးရန် ဂျက်ဘတ္တလန်ကို လျာထားပြီး ဖြစ်သည်။

Soccer Myanmar

လူးကက်စ်အတွက် ကမ်းလှမ်းမှုများကို စောင့်မျှော်နေသည့် လီဗာပူးလ်



လူးကက်စ်အတွက် ကမ်းလှမ်းမှုများကို စောင့်မျှော်နေသည့် လီဗာပူးလ်

လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာသည် အသင်းလူစာရင်းကို ပြင်ဆင်ဖွဲ့စည်းမှုအဖြစ် ပိုလျှံကစားသမားများကို ရောင်းထုတ်သွားရန် စီစဉ်နေရာ လူးကက်စ်လီဗာသည် အန်းဖီးလ်နှင့် ပထမဆုံး လမ်းခွဲသူ ဖြစ်လာနိုင်ကြောင်း သိရသည်။

အသက်(၂၈)နှစ်ရှိ ဘရာဇီးလ် ကွင်းလယ်ခံစစ်သမားသည် လီဗာပူးလ်သို့ (၂၀၀၇)ခုနှစ် ကတည်းက ရောက်ရှိနေခဲ့သူ ဖြစ်သည်။ ရော့ဂျာသည် ယခုနွေရာသီ ဈေးကွက်ကာလတွင် ခြေသွက်လက်သွက် လှုပ်ရှားလျက် ရှိပြီး ကစားသမားသစ် (၅)ဦး ခေါ်ယူထားသလို ဆောက်သမ်တန် နောက်ခံလူ နသန်နီရယ်လ် ကလင်းသည်လည်း အသင်းတွင် ဆေးစစ်မှု ခံယူပြီး ဖြစ်သည်။ ထို့နောက်တွင်မူ ရော့ဂျာသည် အသင်းတွင် မလိုအပ်တော့သည့် ကစားသမားကို ရောင်းချရန် ပြင်ဆင်နေပြီး လူးကက်စ်နောက်တွင် မာရီယိုဘာလော့တယ်လီ၊ ရစ်ကီလမ်းဘတ်၊ ဖေဘီယို ဘော်ရီနီနှင့် ဟိုဆေး အန်ရီကေးတို့ပါ အသင်းနှင့် လမ်းခွဲရဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

လတ်တလောတွင် လီဗာပူးလ်သည် လူးကက်စ်အတွက် ကမ်းလှမ်းမှုများကို စောင့်မျှော်လျက် ရှိနေပြီး အကယ်၍ ၎င်းကို ရောင်းထုတ်လိုက်ပါက အံ့ဩစရာ အနေအထား တစ်ရပ် ဖြစ်လာဖွယ် ရှိသည်။ လူးကက်စ်သည် ရော့ဂျာ အားထားသည့် ကစားသမား တစ်ဦးဖြစ်ပြီး ယမန်နှစ် ဘောလုံးရာသီက လီဗာပူးလ်အတွက် (၃၂)ပွဲထိ ပါဝင် ကစားပေးခဲ့သည်။ ထို့အပြင် တိုက်စစ်ပိုင်းကို ပြောင်းလဲဖွဲ့စည်းရန် ကြိုးပမ်းနေသည့် ရော့ဂျာသည် ယမန်နှစ်က ခြေစွမ်းမပြနိုင်သည့် ဘာလော့တယ်လီ၊ ဘော်ရီနီနှင့် လမ်းဘတ်တို့ အားလုံးကိုပါ အရောင်းစာရင်းတင်မည့် အလားအလာ ရှိနေသည်။

လတ်တလောတွင်မူ လီဗာပူးလ်မှ စတီဗင်ဂျရတ်၊ ဂလင်းဂျွန်ဆင်နှင့် ဘရတ်ဒ်ဂျုံးစ်တို့မှာ အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံး၍ အလွတ်ထွက်ခွာသွားပြီ ဖြစ်သည်။ လီဗာပူးလ်သည် အသင်းပြောင်းရန် ကြိုးစားနေသည့် ရာဟင်မ် စတာလင်ကိုလည်း မြင့်မားသော ပြောင်းရွှေ့ကြေးတစ်ရပ် လက်ခံရရှိပါက လက်တွေ့ ရောင်းချသွားဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြထားသည်။

Soccer Myanmar

အာဆင်နယ်သို့ ပြောင်းရွှေ့ပြီးနောက် ချယ်လ်ဆီးပရိသတ်များကို ဆက်ခ်ျ နှုတ်ဆက်စကားဆို



အာဆင်နယ်သို့ ပြောင်းရွှေ့ပြီးနောက် ချယ်လ်ဆီးပရိသတ်များကို ဆက်ခ်ျ နှုတ်ဆက်စကားဆို

အာဆင်နယ် အသင်းနှင့် စာချုပ်ခဲ့ပြီးနောက် ချယ်လ်ဆီး ပရိသတ်များကို ပီတာဆက်ခ်ျက အိတ်ဖွင့်ပေးစာ တစ်စောင်ဖြင့် နှုတ်ဆက်စကား ပြောကြားခဲ့သည်။

အသက်(၃၃)နှစ်ရှိ ချက်လက်ရွေးစင် ဂိုးသမားသည် ချယ်လ်ဆီးကို ဆယ်စုနှစ် တစ်ခုကြာ အကောင်းဆုံး ပေးဆပ်ခဲ့သော်လည်း ပြီးခဲ့သည့် ရာသီက ဘယ်လ်ဂျီယံ လူငယ်လက်တက် သီဘောက် ကော်တွိုက်စ် အသင်းသို့ ရောက်ရှိလာပြီးနောက် နေရာပျောက်နေသည့်အတွက် အသင်းပြောင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ချယ်လ်ဆီးအတွက် (၁၁)ရာသီတွင် ပွဲပေါင်း (၄၀၀)ကျော် ကစားပေးခဲ့ပြီး ယခုအခါ လန်ဒန်ပြိုင်ဘက် အာဆင်နယ်သို့ ပေါင်စတာလင် (၁၀)သန်း ဝန်းကျင်ဖြင့် ကူးပြောင်းလာခြင်း ဖြစ်သည်။ အာဆင်နယ်သည် ဆက်ခ်ျကို (၄)နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်။

ဆက်ခ်ျက ချယ်လ်ဆီးပရိသတ်များအတွက် ပေးစာတွင် ၎င်းအနေဖြင့် စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် ကစားသမားဘဝ အဆုံးသတ်ရန် မျှော်လင့်ထားခဲ့ကြောင်း ဖွင့်ဟထားသော်လည်း “ဘဝဆိုတာက ကိုယ်ဖြစ်ချင်သလို အမြဲတမ်း ဖြစ်နေတာမှ မဟုတ်တာ။ ပြီးခဲ့တဲ့ နွေရာသီကစလို့ ကိစ္စတွေ တော်တော်များများ အပြောင်းအလဲ ဖြစ်လာတယ်။ ကျွန်တော်ဟာ ချယ်လ်ဆီးရဲ့ ဦးစားပေး ဂိုးသမားအဖြစ် ဆက်မရှိတော့မှန်း သိလာပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ဟာ အသင်းကနေ ထွက်ခွာဖို့ မှန်ကန်သင့်တော်မှု မရှိသေးဘူးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ရာသီတစ်လျှောက်လုံးမှာ မြင်သာလာတာက ကျွန်တော့် အခြေအနေဟာ ဘာမှ တိုးတက်ပြောင်းလဲလာစရာ မရှိတော့ဘူး ဆိုတာပဲ။ ကျွန်တော့် ကစားသမား ဘဝကို အရန်ခုံပေါ်မှာ အချိန်မကုန်ချင်ပါဘူး။ ဒါကြောင့် အပြောင်းအရွှေ့အတွက် ဆုံးဖြတ်ပြီး စိန်ခေါ်မှုသစ်တွေကို ရှာဖွေဖို့ ရွေးချယ်လိုက်တာပါ”ဟု ရေးသားထားခဲ့သည်။

ဆက်ခ်ျအနေဖြင့် ချယ်လ်ဆီးပရိသတ်များကို နှုတ်ဆက်စကား ပြောကြားခဲ့သည့်တိုင် အစွန်းရောက် ချယ်လ်ဆီးပရိသတ် အချို့မှာ လူမှုကွန်ရက် ဝက်ဘ်ဆိုက်များပေါ်တွင် ဆက်ခ်ျအပေါ် ပေါက်ကွဲခဲ့ကြပြီး မြို့ခံပြိုင်ဘက်နှင့် စာချုပ်သည့်အတွက် ဆက်ခ်ျကို သတ်ဖြတ်မည်ဆိုသော ခြိမ်းခြောက်မှုများစွာ ပြုလုပ်ခဲ့သည်။ ထို့အပြင် ဆက်ခ်ျသည် လျှာနှစ်ခွနှင့် မြွေတစ်ကောင်ဖြစ်ကြောင်း ခိုင်းနှိုင်းကာ အပြင်းအထန် ဆဲရေးမှုများလည်း ရှိခဲ့သည်။ မည်သို့ပင်ဖြစ်စေ အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးအတွက်မူ ဆက်ခ်ျကဲ့သို့ ပရီးမီးယားလိဂ်၏ အကောင်းဆုံး ဂိုးသမား တစ်ဦးကို ရရှိခဲ့ခြင်းကြောင့် ကျေနပ်စရာ ဖြစ်နေသည်။

ပြင်သစ်သား မန်နေဂျာကြီးက “ဆက်ခ်ျဟာ ကျွန်တော် အရမ်းလေးစားတဲ့ ဘောလုံးသမား တစ်ယောက်ပါ။ အချိန်အကြာကြီး သူ့ကို သဘောကျနေခဲ့ပါတယ်။ သူက ကျွန်တော်တို့ဆီ ပြောင်းလာဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ကျေနပ်မိပါတယ်”ဟု ပြောကြားခဲ့သည်။ ဆက်ခ်ျသည် (၂၀၀၄)ခုနှစ်က ပြင်သစ်ကလပ် ရိန်းစ်မှ ချယ်လ်ဆီးသို့ ကူးပြောင်းခဲ့ပြီးနောက် အသင်းအတွက် ဆုဖလား (၁၃)လုံးထိ ရရှိအောင် ကူညီ စွမ်းဆောင်ပေးခဲ့သည်။ ထို့အပြင် ပြိုင်ပွဲပေါင်းစုံ၌ ပေးဂိုးမရှိ (၂၂၈)ပွဲ ကစားကာ အသင်း၏ စွမ်းဆောင်ရည် အမြင့်ဆုံး ဂိုးသမားအဖြစ် မှတ်တမ်းတင်ထားသည်။

အာဆင်နယ် ဂန္ထဝင် ဂိုးသမားဟောင်းကြီး ဒေးဗစ်ဆီးမန်းက အမ်းမရိတ်စ်သို့ ဆက်ခ်ျရောက်ရှိလာမှုကို ကြိုဆိုခဲ့ပြီး “ချယ်လ်ဆီးအတွက် အရှုံး၊ အာဆင်နယ်အတွက်တော့ အမြတ်ထွက်တာပဲ။ ကျွန်တော့် အမြင်မှာတော့ ဒီစာချုပ်ခေါ်ယူမှုဟာ လာမယ့်ရာသီ ဘယ်သူက ရှေ့ထွက်လာပြီး ဘယ်သူက နောက်ရောက်သွားမလဲ ဆိုတာကို အဆုံးအဖြတ်ပေးဖို့ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်”ဟု ဆိုသည်။ ဆက်ခ်ျရောက်ရှိလာခြင်းနှင့် ပတ်သက်ပြီး အာဆင်နယ် ဂိုးသမား ဝေါ့ဆစ်ခ်ျ ဆက်ဇနီကလည်း Facebookမှတစ်ဆင့် ကြိုဆိုစကား ပြောခဲ့ပြီး “ဆက်ခ်ျကို အာဆင်နယ်က ကြိုဆိုပါတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဂိုးသမား တစ်ယောက်ဆီက သင်ယူဖို့ အခွင့်အရေးတွေ ရှိလာတာကို ပျော်မိပါတယ်”ဟု ရေးသားထားခဲ့သည်။

Soccer Myanmar

မီလန်သို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိထားကြောင်း ဘက်ကာ အတည်ပြု



မီလန်သို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိထားကြောင်း ဘက်ကာ အတည်ပြု

အေစီမီလန်သို့ ပြောင်းရွှေ့ရန်အတွက် သဘောတူညီမှုတစ်ရပ် ရရှိထားကြောင်း ဆီဗီလား တိုက်စစ်မှူး ကားလို့စ်ဘက်ကာက အတည်ပြု ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ဘက်ကာသည် လီဗာပူးလ် အပါအဝင် ၎င်းကို ချိတ်ဆက်နေသည့် အသင်းများအနက်မှ အေစီမီလန်ကို ရွေးချယ်ခဲ့ကြောင်း ကစားသမား၏ အေးဂျင့်ဖြစ်သူ ဆာဂျီယိုဘာရီလာက ဖွင့်ဟခဲ့သည်။

ထို့နောက် ဘက်ကာက ၎င်း၏အေးဂျင့်ဖြစ်သူ၏ ထုတ်ဖော်ပြောကြားချက်ကို အတည်ပြုခဲ့ပြီး မီလန်သို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိခြင်းသည် အမှန်တကယ်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

“မီလန်နဲ့ သဘောတူညီမှု ရထားတယ်ဆိုတာ မှန်ပါတယ်။ ကျွန်တော်တို့ သူတို့နဲ့ စကားပြောပြီးပါပြီ။ ဒါဟာ အမှန်တရားပါ” ဟု ဘက်ကာက ပြောကြားခဲ့သည်။

ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် နှစ်ဂိုးသွင်းယူခဲ့သည့် ဘက်ကာသည် ပြီးခဲ့သည့် နှစ်နှစ်အတွင်း လာလီဂါ၌ ၃၄ ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်သည်။

Soccer Myanmar

ယူနိုက်တက်သို့ ပြောင်းရွှေ့လိုကြောင်း ရီးယဲလ်ထံ ရာမို့စ်အသိပေးထားဟု သတင်းများထွက်ပေါ်



ယူနိုက်တက်သို့ ပြောင်းရွှေ့လိုကြောင်း ရီးယဲလ်ထံ ရာမို့စ်အသိပေးထားဟု သတင်းများထွက်ပေါ်

မန်ချက်စတာ ယူနိုက်တက်သို့ မိမိပြောင်းရွှေ့လိုကြောင်း ဆာဂျီယို ရာမို့စ်က ရီးယဲလ်မက်ဒရစ်ထံ အသိပေးထားလိုက်ပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

ရီးယဲလ်အနေဖြင့် အသက်(၂၉)နှစ်အရွယ် စပိန်လက်ရွေးစင် ခံစစ်မှူးကို ဆက်လက် ထိန်းသိမ်းထားရန် အလေးအနက် ဆန္ဒရှိနေသော်လည်း ယခုအနေအထားကြောင့် ခက်ခဲသွားပြီဟု ယူဆရသည်။ တစ်ဖက်တွင် ယူနိုက်တက်ကလည်း ရာမို့စ်အတွက် ပေါင်စတာလင် (၂၈.၃)သန်းဖြင့် ကနဦး ကမ်းလှမ်းမှုတစ်ရပ် စတင်ပြုလုပ်ခဲ့ပြီး ယင်းကို စပိန်ကလပ်ဘက်က ပယ်ချထားသည်။ ရီးယဲလ်သည် ယူနိုက်တက် ဂိုးသမား ဒေးဗစ်ဒီဂီယာကို ခေါ်ယူရန် စတင်ချဉ်းကပ်ခဲ့သော်လည်း အင်္ဂလန် ကလပ်က ရီးယဲလ်နှင့် ရာမို့စ်တို့ကြား မကျေလည်မှု အချို့ကို အခွင့်ကောင်းယူကာ တန်ပြန်တိုက်စစ် ဆင်ခဲ့ခြင်း ဖြစ်သည်။ ယူနိုက်တက် အနေဖြင့် ရာမို့စ်ကို ရီးယဲလ်က ရောင်းမပေးပါက ဒီဂီယာကို လက်မလွှတ်မည့် တင်းမာသည့် သဘောထားမျိုးလည်း အရိပ်အမြွက် ပြသထားသည်။

ရာမို့စ်သည် ၎င်းကို ရီးယဲလ်က လက်ရှိပေးချေထားသည့် လုပ်ခနှုန်းထားအပေါ် မကျေမနပ် ဖြစ်နေသလို အသင်းက နည်းပြ ကာလိုအန်ဆလော့တီကို ထုတ်ပယ်လိုက်ခြင်းကိုလည်း စိတ်ပျက်လျက် ရှိသည်။ ရီးယဲလ်သည် ရာမို့စ်၏ စာချုပ်ပါ ပြောင်းရွှေ့ကြေး သတ်မှတ်ချက်ကို ပေါင်စတာလင် (၁၄၂)သန်းဟု ထည့်သွင်း ချုပ်ဆိုထားပြီး ယူနိုက်တက်ကမူ စာချုပ် သက်တမ်း(၂)နှစ်သာ ကျန်တော့သည့် ကစားသမားကို အလွန်အကျွံ မြင့်မားသည့် ဈေးမျိုးဖြင့် ချဉ်းကပ်ဖွယ် မရှိချေ။ ထို့အပြင် ရာမို့စ်အတွက် ပြောင်းရွှေ့ကြေးတွင် ဒီဂီယာ၏ တန်ဖိုးကို ထည့်သွင်းတွက်ချက်မှုမျိုးဖြင့်လည်း ပေးချေဖွယ် ရှိနေသည်။

Sky Sportsက ရာမို့စ်သည် အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့လိုသည့် ၎င်း၏ စိတ်ကူးကို ရီးယဲလ်အာဏာပိုင်များထံ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် အသိပေးလိုက်ပြီဟု ဖော်ပြခဲ့သည်။ ယူနိုက်တက်သည် နွေရာသီ ဈေးကွက်တွင် PSV အင်ဒိုဗန် တောင်ပံတိုက်စစ်သမား မမ်းဖစ်ဒီပေးကို ခေါ်ယူထားသလို ဆောက်သမ်တန် ကွင်းလယ်လူ မော်ဂန်ရှနိုက်ဒါလင်အတွက် အပြီးသတ် ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိသည်။

Soccer Myanmar

မိုနာကို နောက်ခံလူ ဖေဘင်ဟိုကို မန်စီးတီး စိတ်ဝင်စားနေ



မိုနာကို နောက်ခံလူ ဖေဘင်ဟိုကို မန်စီးတီး စိတ်ဝင်စားနေ

မန်ချက်စတာစီးတီး အသင်းသည် မိုနာကို တောင်ပံခံစစ်မှူး ဖေဘင်ဟိုကို ခေါ်ယူရန် အလေးအနက် စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

မန်စီးတီးသည် ညာခြမ်းနောက်ခံလူ နှစ်ဦးဖြစ်သည့် ပက်ဘလို ဇာဘလက်တာရော၊ ဘာကလေဆက်ဂ်ညာတို့ပါ အသက်(၃၀)အထက် ရှိနေပြီ ဖြစ်သောကြောင့် အဆိုပါ နေရာကို အသက်(၂၁)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင်ဖြင့် သွေးသစ်လောင်း အားဖြည့်ရန် ရည်ရွယ်နေခြင်း ဖြစ်သည်။ သို့သော်လည်း ပြင်သစ်ကလပ်၏ ခေါ်ဈေးကြောင့် မန်စီးတီး အနေဖြင့် လက်တွေ့ကမ်းလှမ်းရန် အလေးအနက် စဉ်းစားဖွယ် ရှိနေသည်။ မိုနာကိုသည် ဖေဘင်ဟိုကို ပေါင်စတာလင် (၄)သန်းမျှဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သော်လည်း ပေါင်စတာလင် (၁၅)သန်းဖြင့် ပြန်လည်ရောင်းချရန် စီစဉ်ထားသည်။

မန်စီးတီး၏ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်သည်လည်း ၎င်းတို့ လိုအပ်နေသည့် ညာခြမ်းခံစစ် နေရာအတွက် ဖေဘင်ဟိုကို စောင့်ကြည့်လျက် ရှိသည်။ ဖေဘင်ဟိုသည် ရီယိုအေ့ဗ် အသင်းမှ ရီးယဲလ်မက်ဒရစ်သို့ အငှားသွားရောက် ကစားဖူးသော်လည်း မအောင်မြင်ဘဲ ယမန်နှစ် ဘောလုံးရာသီတွင် မိုနာကို၌ အငှားကစားကာ ခြေစွမ်းပြနိုင်ခဲ့သည်။ ထို့နောက်တွင်မူ မိုနာကိုက ဖေဘင်ဟိုအား အပြတ် ဝယ်ယူလိုက်ပြီး ယခုအခါ မန်ချက်စတာ နှစ်သင်းက ကစားသမားကို စိတ်ဝင်စားလာခြင်း ဖြစ်ကြောင်း သိရှိရသည်။

Soccer Myanmar

ဘိုင်ယန်တွင် ဆက်ကစားပြီး ဘွန်းဒစ်လီဂါ လေးရာသီဆက် ချန်ပီယံဖြစ်ရန် ရှဝိန်းစတိုင်ဂါမျှော်လင့်



ဘိုင်ယန်တွင် ဆက်ကစားပြီး ဘွန်းဒစ်လီဂါ လေးရာသီဆက် ချန်ပီယံဖြစ်ရန် ရှဝိန်းစတိုင်ဂါမျှော်လင့်

ဘိုင်ယန်မြူးနစ်တွင်ပင် ဆက်ကစားပြီး ဂျာမန် ချန်ပီယံဆု ထပ်မံ ဆွတ်ခူးရန် ဆန္ဒရှိကြောင်း ဘက်စတိန်း ရှဝိန်းစတိုင်ဂါက အရိပ်အမြွက် ပြောကြားလိုက်သည်။

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်ထံမှ အလေးအနက် စိတ်ဝင်စားမှုမျိုး ရှိနေသည့်တိုင် ဂျာမန်လက်ရွေးစင် ဝါရင့် ကွင်းလယ်ကစားသမားကြီးက အေလီယန့်ဇ် ကွင်းတွင်သာ ရှေ့ဆက် ကစားဖွယ်ရှိကြောင်း ဖွင့်ဟလာခြင်း ဖြစ်သည်။ အသက်(၃၀) အရွယ်ရှိ ရှဝိန်းစတိုင်ဂါသည် ဗန်ဂါးလ်၏ နွေရာသီ အဓိက ပစ်မှတ်တစ်ခု ဖြစ်နေသော်လည်း ကစားသမား ကိုယ်တိုင်ကမူ ဘွန်းဒစ်လီဂါ ချန်ပီယံဆုကို (၄)နှစ်ဆက်တိုက် ရယူရန် လိုလားမိကြောင်း ဆိုသည်။ ဂျာမန်ဘောလုံးသမိုင်းတွင် မည်သည့်အသင်းမျှ ဘွန်းဒစ်လီဂါတွင် (၄)ရာသီဆက် ချန်ပီယံ မဖြစ်ခဲ့ဖူးချေ။

ရှဝိန်းစတိုင်ဂါက “ကျွန်တော်တို့ အသင်းဟာ လောလောဆယ် ဘွန်းဒစ်လီဂါမှာ သုံးရာသီဆက်တိုက် ချန်ပီယံ ဖြစ်ထားတယ်။ ဒါမျိုး အရင်က ဘယ်အသင်းမှ မလုပ်နိုင်ခဲ့ဘူး။ ဒါကို လက်တွေ့ လုပ်နိုင်မလား ဆိုတာက တကယ့်ကို ကောင်းမွန်တဲ့ စိတ်ဓာတ်ရေးရာ လှုံ့ဆော်မှု တစ်ခုပါပဲ။ ကျွန်တော့် အနေနဲ့ အကောင်းဆုံး ကစားနိုင်သေးတယ်လို့ ခံစားမိသလို နောက်ထပ် (၃)နှစ်လောက် ထိပ်တန်းအဆင့်မှာ ဆက်ကစားနိုင်ဖို့ အသင့်ရှိနေပါတယ်။ ဒါက ကျွန်တော့်ရဲ့ ရည်မှန်းချက်လည်း ဖြစ်ပါတယ်”ဟု ပြောကြားသွားသည်။

၎င်းက ချန်ပီယံလိဂ် ဆုဖလားကို နောက်တစ်ကြိမ်မျှ အရယူလိုကြောင်းလည်း ဖွင့်ဟခဲ့သည်။ “ချန်ပီယံ လိဂ်မှာ နောက်တစ်ခါလောက်တော့ ဗိုလ်စွဲ ချင်ပါသေးတယ်။ ချန်ပီယံလိဂ်နဲ့ ကမ္ဘာ့ဖလားလို ထိပ်တန်း ဆုဖလားတွေကို ရယူနိုင်ပြီးတဲ့အခါ ဒီကစားသမား တစ်ယောက်ဟာ အောင်မြင်မှုကို အရင်လောက် မဆာလောင်တော့ပါဘူးလို့ လူတွေက တွေးတတ်ကြတယ်။ ကျွန်တော် ခံစားမိတာကတော့ ဒီလိုမဟုတ်ပါဘူး”ဟု ရှဝိန်းစတိုင်ဂါက မှတ်ချက်ပြုသွားသည်။

Soccer Myanmar

Monday, June 29, 2015

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၀ အပြီး၌ ရန်ကုန်အသင်း ရှစ်မှတ်ဖြတ် ဦးဆောင်



မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၀ အပြီး၌ ရန်ကုန်အသင်း ရှစ်မှတ်ဖြတ် ဦးဆောင်

ရွှေဘုတ်

ရန်ကုန်၊ ဇွန် ၂၉။ ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၀ အပြီး၌ ရန်ကုန်ယူနိုက်တက်အသင်းသည် ဒုတိယနေရာမှ ဧရာဝတီအသင်းကို ရှစ်မှတ်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နိုင်ခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁၀ တွင် ဧရာဝတီအသင်းနှင့် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ပြီး တိုက်စစ်မှူး ဆီဇာ၊ နောက်ခံလူ ဇော်မင်းထွန်းတို့၏ သွင်းဂိုးများကြောင့် ၂-၁ ဖြင့် အနိုင်ရခဲ့သည်။ အဆိုပါပွဲအနိုင်ကြောင့် ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် သမိုင်းတလျှောက် ပထမဦးဆုံး ၁၀ ပွဲဆက် အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့သည့် အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဧရာဝတီအသင်းသည် ရန်ကုန်နှင့်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် အတွက် ယခုနှစ် ၂၀၁၅ ဘောလုံးရာသီ လိဂ်ပွဲ နှစ်ပွဲဆက် ရှုံးပွဲဆက်ကာ ထိပ်ဆုံးမှ ရန်ကုန်နှင့် ရှစ်မှတ်အထိ ကွာဟခဲ့သည်။

အခြားပွဲစဉ်များတွင် ရတနာပုံအသင်းသည် အဝေးကွင်း၌ ကမ္ဘောဇအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲချိန် မိနစ် ၉၀ အထိ ၂-၁ ဖြင့် ရှုံးနိမ့်နေခဲ့သော်လည်း နာကျင်အချိန်ပိုတွင် ရဲကိုဦး၏ သွင်းဂိုးကြောင့် ပွဲအပြီး၌ ၂-၂ ဖြင့် အဖိုးတန် သရေတစ်မှတ် ရယူနိုင်ခဲ့သည်။ ယင်းပွဲ သရေကျမှုကြောင့် ရတနာပုံအသင်းသည် ရမှတ် ၂၀ ရရှိကာ အမှတ်ပေးဇယား တတိယနေရာသို့ တက်ရောက်နိုင်ခဲ့ပြီး ဒုတိယနေရာမှ ဧရာဝတီအသင်းနှင့် နှစ်မှတ်သာ ကွာဟခဲ့သည်။ မကွေးအသင်းနှင့် ချင်းအသင်းတို့ပွဲစဉ်တွင် တစ်ဖက်နှင့် တစ်ဖက် အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး ဂိုးမရှိသရေဖြင့် ပွဲပြီးဆုံးခဲ့ကာ မကွေးအသင်းက ရမှတ် ၁၉ မှတ်ဖြင့် စတုတ္ထနေရာသို့ ဆင်းခဲ့ရသည်။ ကျန်ပွဲစဉ်များတွင် နေပြည်တော်အသင်းက မနောမြေအသင်းကို ၁-၀ ၊ ဇေယျာရွှေမြေအသင်းက ရခိုင်ယူနိုက်တက်အသင်းကို ၄-၁ ဖြင့် အနိုင်ရရှိခဲ့ကြပြီး ဇွဲကပင်အသင်းနှင့် ဟံသာဝတီအသင်းတို့က ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သည်။

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၀ ပွဲစဉ်များ ပြီးဆုံးချိန်၌ ရန်ကုန်ယူနိုက်တက်အသင်းက ၁၀ ပွဲဆက်အနိုင်ရကာ ရမှတ် ၃၀ မှတ်ဖြင့် အမှတ်ပေးဇယားတွင် ဦးဆောင်လျက်ရှိပြီး ဧရာဝတီယူနိုက်တက်အသင်းက ခုနစ်ပွဲနိုင် တစ်ပွဲသရေ နှစ်ပွဲရှုံးရလဒ် ၂၂ မှတ်ဖြင့် ဒုတိယ၊ ရတနာပုံအသင်းက ရမှတ် ၂၀ ဖြင့် တတိယ၊ မကွေးအသင်းက ရမှတ် ၁၉ မှတ်ဖြင့် စတုတ္ထနေရာတို့တွင် အသီးသီးရပ်တည်လျက်ရှိသည်။

Mizzima

ရီးယဲလ်နောက်ခံလူရာမို့စ်ကို မန်ယူနှင့်အပြိုင်ခေါ်ရန် မန်စီးတီးအသင့်ဖြစ်နေ



ရီးယဲလ်နောက်ခံလူရာမို့စ်ကို မန်ယူနှင့်အပြိုင်ခေါ်ရန် မန်စီးတီးအသင့်ဖြစ်နေ

ဝေဘုန်းလူ

ဇွန် ၂၉၊ မန်ချက်စတာ။ ။ ရီးယဲလ်မက်ဒရစ်နောက်ခံလူ ရာမို့စ်ကိုခေါ်ယူရန်ကြိုးပမ်းမှုတွင် မန်စီးတီးအသင်းလည်းပါဝင်လာပြီး မြို့ခံပြိုင်ဘက် မန်ယူအသင်းနှင့် ပြိုင်ဆိုင် ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းက ပေါင် ၆၄ သန်းဈေးနှုန်းသတ်မှတ်ထားသည့် အသက် ၂၉ နှစ်အရွယ်နောက်ခံလူ ရာမို့စ်ကို မန်ယူအသင်းက နှစ်ကြိမ်ကမ်းလှမ်းခဲ့ရာ နှစ်ကြိမ်လုံးကို ရီးယဲလ်မက်ဒရစ်က ပယ်ချထားသည်။

မန်ယူအသင်းကလည်း အပြန်အလှန်အားဖြင့် ရီးယဲလ်မက်ဒရစ်ကလိုချင်နေသည့် ဂိုးသမား ဒီဂီယာကို ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းသတ် မှတ်ထားသည်။

ရာမို့စ်၏အစ်ကိုလည်းဖြစ်၊ အေးဂျင့်လည်းဖြစ်သည့်ရီနီနှင့်အတူအလုပ်လုပ်နေသည့် ရီစကိုဆိုသူက "အရာရာဖြစ်လာနိုင်တဲ့အနေအထားမျိုးမှာ ရာမို့စ်ရီးယဲလ်မှာဆက်ရှိဖို့ တော်တော်ခက်ပါတယ်"ဟု ပြီးခဲ့သည့်တစ်ပတ်တွင် ပြောဆိုထားသည်။

မန်ယူနှင့် ရီးယဲလ်မက်ဒရစ်အသင်းကြား အခြေအနေတင်းမာနေမှုကို မန်စီးတီးအသင်းက စောင့်ကြည့်နေသည်။ မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ရာသီက ဖလားလက်မဲ့ဖြစ်ခဲ့သည့်တိုင် နည်းပြပယ်လီဂရီနီကိုထောက်ခံခဲ့သဖြင့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကြီးမားသည့် အပြောင်းအရွှေ့များဖြစ်လာနိုင်သည်ဟု မယ်ရာသတင်းစာက သုံးသပ်ဖော်ပြမှုလည်း ရှိနေသည်။

ဘောလုံးရာသီပြီးဆုံးပြီးနောက်ပြောကြားခဲ့သည့် မိန့်ခွန်းတွင်မန်စီးတီးအသင်းဥက္ကဋ္ဌ အယ်လ်မူဘာရတ်က အသင်း၏အဆင့်အတန်းကို နောက်တစ်ဆင့်သို့မြှင့်တင်နိုင်ရန် အရည်အသွေးမြင့်ကစားသမားများခေါ်ယူမည်ဟု ကတိပြုခဲ့သည်။

မန်စီးတီးအသင်းသည်လက်ရှိတွင် လီဗာပူးလ်မှစတာလင်းကိုကမ်းလှမ်းမှုနှစ်ကြိမ်ပယ်ချခံထားရပြီး ဂျူဗင်တပ်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကိုလည်း ကြိုးပမ်းနေသည်။ ထို့ပြင်ဝုဖ်ဘတ်မှ ဒီဘရိုင်းကိုလည်း ပေါင်သန်း ၃၀ ဖြင့်လိုချင်နေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

Mizzima

ပေါ့ဂ်ဘာအတွက် ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်တို့ တွေ့ဆုံဆွေးနွေး



ပေါ့ဂ်ဘာအတွက် ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်တို့ တွေ့ဆုံဆွေးနွေး

အောင်ငြိမ်းသွေး

အီတလီ၊ ဇွန် ၂၉။ ။ ဘာစီလိုနာအသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့သည် ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ၏ အပြောင်းအရွှေ့အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု အီတလီသတင်းစာ La Gazzetta က ဖော်ပြခဲ့သည်။ ထိုသတင်းကို သတင်းဝက်ဘ်ဆိုက်ပေါင်း များစွာကလည်း ဖော်ပြလျက်ရှိနေကြသည်။

La Gazzetta သတင်းစာက ဂျူဗင်တပ်စ်အသင်း၏ ဒါရိုက်တာ မာရော့တာနှင့် ဘာစီလိုနာအသင်း၏ အပြောင်းအရွှေ့ဂုရု ဘရာအီဒါတို့သည် မီလန်မြို့တွင် တွေ့ဆုံကာ အတူညစာစားခဲ့ပြီး ပေါ့ဂ်ဘာ၏ အကြောင်းကို ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြခဲ့သည်။

ထို့အပြင် ဘာစီလိုနာအသင်း၏ ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲတွင် ဘာတိုမြူနှင့် လာပေါ်တာတို့မှ မည်သူအနိုင်ရသည်ဖြစ်စေ ပေါ့ဂ်ဘာကို ခေါ်ယူရန် ကြိုးပမ်းမည်မှာ သေချာကြောင်းလည်း ပါရှိသည်။
မန်စီးတီးအသင်းသည် ပေါ့ဂ်ဘာကို များပြားလှသည့် ပြောင်းရွှေ့ကြေးနှင့် လစာငွေတို့ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ကစားသမားကိုယ်တိုင်က ဘာစီလိုနာအသင်းသို့သာ ပြောင်းရွှေ့ရန် စိတ်အားထက်သန်လျက်ရှိနေသည်ဟုလည်း ထိုသတင်းစာက ဆိုသည်။

သို့သော် ဘာစီလိုနာအသင်းသည် ၂၀၁၆ ခုနှစ် ဇွန်လအထိ အပြောင်းအရွှေ့ပိတ်ပင်ခံထားရသည်။ ထိုအချက်ကြောင့်ပင် ပေါ့ဂ်ဘာကို ဘာစီလိုနာအသင်းကခေါ်ယူရန် ကိစ္စရပ်မှာ ဆက်လက် ဖြစ်ပေါ်ခဲ့ရပြီး ဂျူဗင်တပ်စ်တွင် တစ်နှစ်ထပ်ကစားပြီးနောက် ဘာစီလိုနာသို့ ပြောင်းရွှေ့မည်ဟု La Gazzetta သတင်းစာက ဖော်ပြခဲ့သည်။

ရည်ညွှန်း ဖွတ်ဘောအီတာလီယာ

Mizzima

မန်ယူနည်းပြအဖွဲ့ဝင်ဟောင်းဖီးလ်နဗီးကို လက်ထောက်နည်းပြအဖြစ် ဗလင်စီယာအသင်းခန့်အပ်



မန်ယူနည်းပြအဖွဲ့ဝင်ဟောင်းဖီးလ်နဗီးကို လက်ထောက်နည်းပြအဖြစ် ဗလင်စီယာအသင်းခန့်အပ်

ဝေဘုန်းလူ

ဇွန် ၂၉၊ ဗလင်စီယာ။ ။ မန်ယူကစားသမားဟောင်းနှင့်နည်းပြအဖွဲ့ဝင်ဟောင်း ဖီးလ်နဗီးသည် စပိန်ကလပ်ဗလင်စီယာအသင်း၏ လက်ထောက်နည်းပြအဖြစ်ခန့်အပ်ခံ ခဲ့ရသည်။

အသက် ၃၈ နှစ်အရွယ်ရှိ ဖီးလ်နဗီးသည် မန်ယူအသင်းမှနည်းပြဒေးဗစ်မိုယက်စ်ထုတ်ပယ်ခံရပြီးနောက် ဘီဘီစီအားကစားအစီအစဉ်သုံးသပ်သူအဖြစ် ပြောင်းလဲလုပ်ကိုင်နေသူဖြစ်သည်။

ဖီးလ်နဗီးသည် စပိန်ကလပ်ဗလင်စီယာအသင်းနှင့် ရက်သတ္တပတ်အတော်ကြာ ဆွေးနွေးပြီးနောက် နယူးကာဆယ်အသင်းနည်းပြ မက္ကလာရင်၏ လက်ထောက်ရာထူးကိုငြင်းဆန်ပြီး ဗလင်စီယာကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။

တနင်္ဂနွေညပိုင်းတွင် ဖီးလ်နဗီးရောက်ရှိလာပြီဟု ဗလင်စီယာအသင်းကကြေညာထားသော်လည်း ယင်းကွင်းလယ်အဖျက်ကစားသမားဟောင်းနှင့်နီးစပ်သူများကမူ ဆွေးနွေးမှုများဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း ပြောသည်။

ဗလင်စီယာအသင်းပိုင်ရှင် ပီတာလင်းဆိုသည့် စင်ကာပူစီးပွားရေးလုပ်ငန်းရှင်သည် နဗီးညီနောင်၊ ရွိုင်ယန်ဂစ်၊ ပေါလ်စခိုးနှင့် နစ်ကီဘတ်တို့ ဝယ်ယူထားသည့် ဆဲလ်ဖို့ဒ်စီးတီးအသင်း၏ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသူဖြစ်သည်။

ဖီးလ်နဗီးသည် လာမည့်တစ်ပတ်တွင် နယူးကာဆယ်နည်းပြမက္ကလာရင်၏လက်ထောက်အဖြစ်ပြောင်းလဲတာဝန်ယူမည့် အသက် ၂၈ နှစ်အရွယ် စကော့တလန်လူမျိုး အီရန်ကက်သရိုး၏နေရာတွင် ဗလင်စီယာလက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

အင်္ဂလန်လက်ရွေးစင်အတွက် ၅၉ ပွဲကစားခဲ့သော ဖီးလ်နဗီးလ်သည် ဆိုစီဒက်စ်အသင်းတွင် ဒေးဗစ်မိုယက်စ်နှင့်ပြန်လည် လက်တွဲရမည့် အခွင့်အရေးကိုလည်း ပယ်ချခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

Mizzima

ကာဗာနီ၏ ဖင်ကိုနှိုက်ခဲ့သည့် ဂျာရာအား ပွဲပယ်နှင့် ဒဏ်ငွေ ပြစ်ဒဏ်များ ချမှတ်



ကာဗာနီ၏ ဖင်ကိုနှိုက်ခဲ့သည့် ဂျာရာအား ပွဲပယ်နှင့် ဒဏ်ငွေ ပြစ်ဒဏ်များ ချမှတ်

အောင်ငြိမ်းသွေး

ဆန်တီယာဂို၊ ဇွန် ၂၉။ ။ ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဥရုဂွေးတိုက်စစ်မှူး ကာဗာနီ၏ ဖင်ကို နှိုက်ခဲ့သော ချီလီကွင်းလယ်ကစားသမား ဂျာရာကို တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က သုံးပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေ ၄,၇၇၅ ပေါင် ပြစ်ဒဏ်ချမှတ်လိုက်သည်။ ထို့ကြောင့် ဂျာရာသည် ယခုနှစ်လက်ကျန် ကိုပါအမေရိက ပြိုင်ပွဲနှစ်ပွဲစလုံးကို လွဲချော်ရပြီ ဖြစ်သည်။

တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်သည် ဂျာရာ၏ လုပ်ရပ်ကို ပြန်လည်စစ်ဆေးသုံးသပ်ခဲ့ပြီးနောက် အားကစားသမား မပီသသည့် အပြုအမှုဟု သတ်မှတ်ကာ ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဥရုဂွေးအသင်းက ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ထိုပွဲစဉ်တွင် ဂျာရာသည် ကာဗာနီ၏ဖင်ကို နှိုက်ခဲ့ပြီး ကာဗာနီက လက်ဖြင့် ပြန်လည်တွန်းခဲ့ရာတွင် သေချာစွာမထိခဲ့သော်လည်း နာကျင်ဟန်ဆောင်ခဲ့ရာ ကာဗာနီမှာ ဒုတိယအ၀ါကတ်ပြသခံခဲ့ရပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ ထိုပွဲစဉ်တွင် ဥရုဂွေးအသင်းသည် အနီကတ် နှစ်ကတ်အထိပြသခံခဲ့ရပြီး နှစ်ဖက်အသင်းသားများကြားတွင် ပြဿနာများဖြစ်ပွားခဲ့ကြသည်။

ထို့နောက်တွင် နှစ်သင်းစလုံးသည် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်သို့ စောဒကတက်ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ ဂျာရာ၏လုပ်ရပ်ကို ချီလီပရိသတ်များက ထောက်ခံခဲ့ကြသော်လည်း ယခုကဲ့သို့ အရေးယူခံခဲ့ရခြင်း ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

Mizzima

ဗီဒဲလ်ကို ခေါ်ယူရန် အာဆင်နယ် သဘော တူညီမှု ရရှိထားကြောင်း အီတလီ သတင်းဌာန တစ်ခု ဖော်ပြ



ဗီဒဲလ်ကို ခေါ်ယူရန် အာဆင်နယ် သဘော တူညီမှု ရရှိထားကြောင်း အီတလီ သတင်းဌာန တစ်ခု ဖော်ပြ

အာဆင်နယ် အသင်းသည် ဂျူဗင်းတပ်စ် ကွင်းလယ်လူ အာတူရိုဗီဒဲလ်ကို ပေါင်စတာလင် (၂၁)သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ကြိုတင်ရရှိထားပြီဟု အီတလီ သတင်းစာ တစ်စောင်က ရေးသား ဖော်ပြခဲ့သည်။

La Stampa သတင်းစာက လတ်တလောတွင် ချီလီလက်ရွေးစင် အသင်းနှင့်အတူ ကိုပါအမေရိကဖလား ပြိုင်ပွဲ၌ ပါဝင်ကစားနေသည့် ဗီဒဲလ်သည် ပြိုင်ပွဲအပြီးတွင် မြောက်လန်ဒန် ကလပ်သို့ ချိတ်ဆက် ကူးပြောင်းဖြစ်မည်ဟု ရေးသားခဲ့သည်။ ထို့အပြင် အာဆင်နယ်ကို ဗီဒဲလ် ရွေးချယ်ရန် ဆုံးဖြတ်မှုတွင် လက်ရွေးစင် အသင်းဖော် အလက်ဆစ် ဆန်းချက်ဇ်၏ တိုက်တွန်းမှုများက အဓိက ကျခဲ့ကြောင်းလည်း ဆိုသည်။ ဆန်းချက်ဇ်သည် ပြီးခဲ့သည့် နွေရာသီတွင် ဘာစီလိုနာမှ အာဆင်နယ်သို့ ပြောင်းရွှေ့ခဲ့ပြီး အသင်းသစ်တွင် အထူးတလည် ခြေစွမ်းပြနိုင်ခဲ့သည်။

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ပြီးခဲ့သည့် နွေရာသီက ဗီဒဲလ်ကို အလေးအနက် ဆက်သွယ်ခဲ့ဖူးသော်လည်း ကစားသမား၏ ဒူးဒဏ်ရာ အခြေအနေကြောင့် လက်တွေ့ ခေါ်ယူရန် တွန့်ဆုတ် နှောင့်နှေးခဲ့သည်။ ဗီဒဲလ်သည် အီတလီ ကလပ်တွင် ဆက်နေဖြစ်ခဲ့ပြီး စီးရီးအေ ချန်ပီယံ၊ ကိုပါအီတာလီယာဖလား ချန်ပီယံဆုများကို ရရှိခဲ့သည့်အပြင် ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ ဂျူဗင်းတပ်စ်အသင်း တက်လှမ်းရာတွင် အဓိက နေရာမှ ပါဝင်ခဲ့သည်။ ဗီဒဲလ်သည် ကိုပါအမေရိက ဖလားတွင် (၄)ပွဲကစားကာ (၃)ဂိုး သွင်းယူထားပြီး တနင်္လာနေ့ည ပီရူးနှင့် အကြိုဗိုလ်လုပွဲတွင်လည်း ပွဲထွက်လူစာရင်းမှ ပါဝင်လာဖွယ် ရှိနေသည်။

Soccer Myanmar

ကလပ်အသင်း အချို့နှင့် ချိတ်ဆက်ဆွေးနွေးနေဟု အက်သလက်တီကို ကွင်းလယ်လူ တူရန် အတည်ပြု



ကလပ်အသင်း အချို့နှင့် ချိတ်ဆက်ဆွေးနွေးနေဟု အက်သလက်တီကို ကွင်းလယ်လူ တူရန် အတည်ပြု

အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူ အာဒါတူရန်က ၎င်း၏ အေးဂျင့်သည် ကလပ်အသင်း အချို့နှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ထုတ်ဖော် ဝန်ခံလိုက်သည်။

၎င်း၏ Twitter စာမျက်နှာပေါ်တွင် တူရကီ လက်ရွေးစင် ကွင်းလယ်တိုက်စစ်သမားက မိမိ၏ အေးဂျင့်သည် ကလပ်အသင်း သုံးလေးခုနှင့် စကားပြောနေကြောင်း ထုတ်ဖော် ရေးသားခြင်းဖြင့် အက်သလက်တီကိုနှင့် အနာဂတ် မသေချာမှုကို ထင်ဟပ်စေခဲ့သည်။ အသက်(၂၈)နှစ်ရှိ ကစားသမားသည် ယခုနွေရာသီတွင် ဗင်းဆင့်ကယ်လ်ဒါရွန် ကွင်းကြီးကို စွန့်ခွာဖွယ် ရှိနေပြီး ချယ်လ်ဆီး၊ ဘာစီလိုနာ၊ မန်ချက်စတာ ယူနိုက်တက်နှင့် PSG အသင်းများက ၎င်းကို စိတ်ဝင်စားလျက် ရှိနေသည်။ တူရန်၏ စာချုပ်သည် (၂၀၁၇)ခုနှစ်ထိ သက်တမ်း ကျန်နေသေးသော်လည်း ကစားသမား ကိုယ်တိုင်ကမူ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန် စိတ်ဆန္ဒ ရှိနေကြောင်း သတင်းများလည်း ထွ့်ပေါ်နေသည်။

တူရန်သည် ချယ်လ်ဆီး၊ ဘာစီလိုနာနှင့် ယူနိုက်တက်တို့အနက် တစ်သင်းသင်းကို ရွေးချယ်ဖွယ် ရှိနေပြီး လီဂူးဝမ်း ချန်ပီယံ PSGနှင့် အီတလီ စီးရီးအေကလပ် အေစီမီလန်တို့ကလည်း ကစားသမားကို ဆက်လက် ချိတ်ဆက်လျက် ရှိသည်။ “လောလောဆယ်တော့ ကျွန်တော့် အေးဂျင့်ဟာ ကလပ်အသင်း သုံးလေးခုလောက်နဲ့ အဆက်အသွယ် ရှိနေပါတယ်။ တကယ်လို့ သဘောတူညီမှု တစ်ခုခု ရှိလာမယ်ဆိုရင် ထပ်ပြီး အသိပေးပါ့မယ်”ဟု တူရန်က Twitterတွင် ရေးသားခဲ့သည်။ အက်သလက်တီကိုသည် ၎င်းတို့၏ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် (၂၅)သန်းမျှ သတ်မှတ်ထားသည်။

တူရန်သည် ဂါလာတာဆာရေးမှ အက်သလက်တီကိုသို့ ပြောင်းရွှေ့လာကာ (၄)ရာသီ ကစားပြီးနောက် ပရိသတ် အချစ်တော် ကစားသမားတစ်ဦး ဖြစ်လာသည်။ ၎င်းသည် (၂၀၁၄)ခုနှစ်တွင် အက်သလက်တီကိုအသင်း (၁၈)နှစ်အတွင်း ပထမဆုံးအကြိမ် လာလီဂါ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ရာ၌လည်း အရေးအပါဆုံး ကစားသမား တစ်ဦးအနေဖြင့် ပါဝင်ခြေစွမ်းပြခဲ့သည်။

Soccer Myanmar

ရီးယဲလ်၏ ယှဉ်ပြိုင်မှုကို တွန်းလှန်ရန် အတွက် ဘာစီလိုနာ အနေဖြင့် ငွေကြေး သုံးစွဲရန် လိုအပ်ဟု ဥက္ကဋ္ဌဆို



ရီးယဲလ်၏ ယှဉ်ပြိုင်မှုကို တွန်းလှန်ရန် အတွက် ဘာစီလိုနာ အနေဖြင့် ငွေကြေး သုံးစွဲရန် လိုအပ်ဟု ဥက္ကဋ္ဌဆို

ဘာစီလိုနာ အနေဖြင့် ရီးယဲလ်မက်ဒရစ်ထံမှ ဖိအားပေး ယှဉ်ပြိုင်လာမှုများကို တွန်းလှန်ရန်အတွက် ငွေကြေး အလုံးအရင်း အသုံးပြုပြီး ကစားသမားသစ်များ စုဆောင်းခေါ်ယူ သွားရန် လိုအပ်ကြောင်း အသင်းဥက္ကဋ္ဌ ဂျိုးဆက် ဘာတိုမြူက ပြောကြားလိုက်သည်။

ဘာစီလိုနာသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)ထံမှ အပြောင်းအရွှေ့ရာသီနှစ်ခု လှုပ်ရှားခွင့် ပိတ်ပင်သည့် ပြစ်ဒဏ်ကို ကျခံထားရသော်လည်း ဘာတိုမြူက အသင်းအတွက် လူသစ်များ ဝယ်ယူအားဖြည့်ရေးအတွက် ငွေကြေး ဆက်လက် မြှုပ်နှံသွားရန် လိုလားလျက် ရှိသည်။ ဘာစီလိုနာသည် ပြီးခဲ့သည့် ဘောလုံးရာသီတွင် အဓိက ဆုဖလားကြီး သုံးလုံးစလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဆီဗီးလား တောင်ပံလူ အလက်ဆစ် ဗီဒဲလ်ကို အားဖြည့် ခေါ်ယူထားသည်။ ၎င်းသည်လည်း အသင်း၏ ဈေးကွက်လှုပ်ရှားခွင့် ပိတ်ပင်ခံထားရမှု ပြစ်ဒဏ်စေ့မည့် ဇန်နဝါရီလ မတိုင်မီ ပွဲထွက် ကစားနိုင်ဦးမည် မဟုတ်ချေ။

ဘာတိုမြူက “ကျွန်တော်တို့ ပြိုင်ဘက်တွေကို အသာစီး အနေအထား ရသွားအောင် ခွင့်ပြုပေးလို့ မရပါဘူး။ ဥပမာ ရီးယဲလ်လို အသင်းမျိုးကို အခွင့်အရေး ပေးလိုက်လို့ မဖြစ်ဘူးလေ။ သူတို့ဟာ ဈေးကွက်ထဲမှာ ကစားသမား အရောင်းအဝယ် ကိစ္စတွေကို တက်တက်ကြွကြွ လုပ်ဆောင်နေတာပါ”ဟု ဆိုသည်။ ၎င်းက “ဘာစီလိုနာ ဘုတ်အဖွဲ့ အနေနဲ့ အသင်းရဲ့ ကောင်းရာကောင်းကြောင်းအတွက် လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်မှာပါ။ လာမယ့်ရာသီမှာ ဘာစီလိုနာ အသင်းဟာ ပိုပြီးတော့ ယှဉ်ပြိုင်မှု အားကောင်းလာအောင် တည်ဆောက်သွားမှာ ဖြစ်ပါတယ်”ဟုလည်း ပြောာကားခဲ့သည်။

ဘာတိုမြူသည် ယခင် ဥက္ကဋ္ဌဟောင်း ယိုအိုလာပေါ်တာ၏ စိန်ခေါ်မှုကို လာမည့် ဇူလိုင် (၁၈)ရက်၊ ဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရမည်ဖြစ်ရာ ပရိသတ်များ၏ ထောက်ခံမှုကို ရရှိရန် အတွက် ကြိုးပမ်းနေရသည်။

Soccer Myanmar

အစ္စကိုနှင့် အော်စကာတို့ကို ခေါ်ယူလိုကြောင်း ဂျူဗင်းတပ်စ် နည်းပြ ဝန်ခံ



အစ္စကိုနှင့် အော်စကာတို့ကို ခေါ်ယူလိုကြောင်း ဂျူဗင်းတပ်စ် နည်းပြ ဝန်ခံ

ဂျူဗင်းတပ်စ် နည်းပြ မက်စီမီလီယာနို အယ်လာဂရီက အော်စကာနှင့် အစ္စကိုတို့ကဲ့သို့ တိုက်စစ်အားပြု  ကွင်းလယ်လူ တစ်ဦးကို ခေါ်ယူနိုင်ရန် အလေးအနက် ဆန္ဒရှိမိကြောင်း ဝန်ခံ ပြောကြားလိုက်သည်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ တက်ရောက်ခဲ့ပြီး ပြည်တွင်းဆုဖလား နှစ်လုံးစလုံးကို သိမ်းယူနိုင်ခဲ့သည့် အသင်း၏ စုဖွဲ့မှုတွင် အရည်အသွေးမြင့် ကွင်းလယ်တိုက်စစ်သမား တစ်ဦးကို ထပ်မံအားဖြည့်နိုင်ရန် ဈေးကွက်ထဲ၌ လိုက်လံရှာဖွေနေကြောင်း အယ်လာဂရီက ဝန်ခံခဲ့သည်။ ၎င်းက အဆိုပါ ကစားသမားမျိုးနှင့် ပတ်သက်၍ ရီးယဲလ်မက်ဒရစ်မှ စပိန်လက်ရွေးစင် အစ္စကိုနှင့် ချယ်လ်ဆီးမှ ဘရာဇီးလ် လက်ရွေးစင် အော်စကာတို့ကို အထူးပြု ညွှန်းဆိုသွားခဲ့သည်။ ဂျူဗင်းတပ်စ်တွင် တိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်သည် ဘိုကာဂျူနီယာသို့ ပြောင်းရွှေ့သွားပြီး ဝါရင့်ကွင်းလယ်လူ အင်ဒရီယာ ပီယာလိုသည်လည်း နယူးယော့ခ်စီးတီးသို့ ကူးပြောင်းရန် နီးစပ်နေသည့်နောက် လာမည့်ရာသီ အသင်းသစ်ကို ပုံစံသစ်ဖြင့် ဖွဲ့စည်းရန် အယ်လာဂရီက အားထုတ်လျက် ရှိသည်။

အယ်လာဂရီက “ကျွန်တော်က ထိုးထွင်းတီထွင်နိုင်တဲ့ ဘောလုံးစွမ်းရည် ရှိသူမျိုးကို လိုချင်တာပါ။ အဲဒီလို ကစားသမားတွေက ဘယ်တော့မှ ငြီးငွေ့စရာ မဖြစ်ဘူးလေ။ ကွင်းလယ်တိုက်စစ်မှာ ဝှက်ဖဲတစ်ချပ် ထုတ်ခင်းနိုင်ရင် အသင်းအတွက် ကွဲပြားတဲ့ ဟန်ချက်မျိုးကို ရွေးချယ်နိုင်လိမ့်မယ်။ သင့်တင့်တဲ့ အခြေအနေလောက် တစ်ကိုယ်ကောင်းဆန်ဆန် ကစားတတ်တဲ့ ဘောလုံးသမား တစ်ယောက်ဟာ အသင်းရဲ့ ရပ်တည်မှုကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ ရီးယဲလ်က အစ္စကိုနဲ့ ဘရာဇီးလ်က အော်စကာတို့ကို ကျွန်တော် ကြိုက်ပါတယ်။ အီတလီ လူငယ်တွေထဲမှာတော့ ဒိုမီနီကို ဘီရာဒီနဲ့ ဖက်ဒရေကို ဘာနာဒက်စ်ချီတို့ကို တော်တော်လေး သဘောကျမိပါတယ်”ဟု ဆိုသည်။

၎င်းက “ကွင်းလယ်တိုက်စစ် နေရာဟာ နည်းဗျူဟာပိုင်း ကျေညက်မှုအပြင် နည်းနည်း တစ်ကိုယ်ကောင်းဆန်ဆန် ကစားတတ်တဲ့ စိတ်ဆန္ဒတို့ ရောစပ်ထားဖို့ လိုပါတယ်။ တီဗက်ဇ်နဲ့ ပီယာလိုတို့ မရှိတော့မယ့် လာမယ့်ရာသီမှာ ဂျူဗင်းတပ်စ်ဟာ ပုံစံသစ်တွေကို စမ်းသပ်ကြည့်ဖို့ လုပ်ဆောင်ရပါလိမ့်မယ်”ဟုလည်း မှတ်ချက်ပြုခဲ့သည်။ သတင်းများအရ အစ္စကိုသည် နှစ်ရာသီဆက်တိုက် ရီးယဲလ်၏ ပွဲထွက်လူစာရင်းတွင် နေရာမရခဲ့သည့်နောက် ဘာနေဗျူးကို စွန့်ခွာဖွယ် ရှိနေပြီး နည်းပြသစ် ဘင်နီတက်ဇ် လက်ထက်တွင်လည်း ၎င်းကို ဦးစားပေး (၁၁)ဦးစာရင်းတွင် အသုံးပြုမည့် အလားအလာ မရှိကြောင်း သိရသည်။

အော်စကာကမူ ပြီးခဲ့သည့် ရာသီက ချယ်လ်ဆီးအတွက် (၄၁)ပွဲထိ ကစားပေးခဲ့ပြီး ဂျူဗင်းတပ်စ်က အလေးအနက် စိတ်ဝင်စားနေသည့်တိုင် ၎င်း၏ အေးဂျင့် ကီရာ ဂျော်ယက်ဘ်ချီယန်ကမူ ကစားသမား အနေဖြင့် စတမ်းဖို့ဒ်ဘရစ်ဂ်ျကို စွန့်ခွာရန် ဖြစ်နိုင်ခြေ မရှိဟု ဖြေရှင်းထားသည်။

Soccer Myanmar

အဲဗာတန် ခံစစ်မှူး ကိုးလ်မန်းကို ခေါ်ယူရန် ယူနိုက်တက် စတင်ကြိုးပမ်းလာ



အဲဗာတန် ခံစစ်မှူး ကိုးလ်မန်းကို ခေါ်ယူရန် ယူနိုက်တက် စတင်ကြိုးပမ်းလာ

မန်ချက်စတာ ယူနိုက်တက် အသင်းသည် အဲဗာတန် ညာတောင်ပံ ခံစစ်သမား ဆီမက်စ် ကိုးလ်မန်းကို ခေါ်ယူရန် စတင် ကြိုးပမ်းနေပြီဟု သတင်းများ ထွက်ပေါ် လာခဲ့သည်။

ကိုးလ်မန်းသည် ယူနိုက်တက်၏ ပစ်မှတ်အဖြစ် လပေါင်းအတန်ကြာ တည်ရှိနေခဲ့သော်လည်း ယခုအခါတွင်မူ မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က လာမည့် ရာသီသစ် အတွက် လက်တွေ့ ကမ်းလှမ်းရန် ပြင်ဆင်နေပြီဟု သိရှိရသည်။ ဗန်ဂါးလ်သည် တိုက်စစ်ထိ အရှိန် အဟုန်ပြင်းပြင်း လိုက်ပါ ပံ့ပိုးနိုင်သည့် ညာခြမ်းခံစစ်သမား တစ်ဦးကို ရှာဖွေနေရာ အိုင်ယာလန် လက်ရွေးစင် ကိုးလ်မန်းသည် ၎င်း၏ အာရုံကို ဆွဲဆောင် လာနိုင်ခဲ့သည်။ လက်ရှိ ယူနိုက်တက် ညာခြမ်းခံစစ်တွင် ရာဖေးလ်ဒါဆေးလ်ဗားက ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်နေရပြီး အားထားစရာ ဆို၍ အန်တိုနီယို ဗလန်စီယာ တစ်ဦးသာ ရှိသည်။ ဗလန်စီယာသည်လည်း ကွင်းလယ်တောင်ပံလူ တစ်ဦးသာဖြစ်ပြီး ခံစစ်သမား စစ်စစ် မဟုတ်ချေ။

ယူနိုက်တက်သည် လက်ရှိအချိန်ထိ အသက် (၂၆)နှစ်အရွယ် ကစားသမားအတွက် ကမ်းလှမ်းမှု မပြုလုပ်သေးသော်လည်း မကြာမီ တရားဝင် ချဉ်းကပ်မှု စတင်ဖွယ် ရှိနေသည်။ ဗန်ဂါးလ်သည် ဘာစီလိုနာ ခံစစ်မှူး ဒန်နီအဲလ်ဗက်စ်ကို ချိတ်ဆက်ခဲ့ဖူးသော်လည်း ဘရာဇီးလ် လက်ရွေးစင် ကစားသမားသည် စပိန်ကလပ်နှင့်သာ စာချုပ်သက်တမ်း တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။ ယူနိုက်တက်သည် ဆောက်သမ်တန် နောက်ခံလူ နသန်နီရယ်လ် ကလင်းကိုလည်း စိတ်ဝင်စားခဲ့ဖူးသည့်တိုင် လက်တွေ့ ကမ်းလှမ်းမှု မရှိခဲ့ဘဲ ကစားသမားသည် ယခုအခါ လီဗာပူးလ်သို့ ပြောင်းရွှေ့တော့မည် ဖြစ်သည်။ အဲဗာတန်သည် (၂၀၀၉)ခုနှစ်က ကိုးလ်မန်းကို ပေါင်စတာလင် ခြောက်သိန်းမျှဖြင့် ဝယ်ယူခဲ့ပြီး ကစားသမားသည် အသင်းအတွက် (၁၈၅)ပွဲ ကစားကာ (၁၂)ဂိုးထိ သွင်းယူထားနိုင်ခဲ့ပြီး ဖြစ်သည်။

အခြားသော သတင်းများအရ ယူနိုက်တက်သည် ဆောက်သမ်တန် ကွင်းလယ်လူ မော်ဂန်ရှနိုက်ဒါလင်ကို ခေါ်ယူရန်လည်း အရှိန်မြှင့် ကြိုးပမ်းနေကြောင်း သိရသည်။ အသက်(၂၅)နှစ်ရှိ ပြင်သစ်လက်ရွေးစင်သည် လာမည့်ရာသီတွင် စိန့်မေရီမှ ထွက်ခွာမည်ဟု အတည်ပြုထားပြီး ဆောက်သမ်တန်က ၎င်းအတွက် ပေါင်စတာလင် (၂၅)သန်းမျှ တောင်းဆိုနေကြောင်း သိရှိရသည်။

Soccer Myanmar

ရှနိုက်ဒါလင်နေရာ အစားထိုးရန် မာဆေးလ် ကွင်းလယ်လူ အင်မ်ဘူလာကို ဆောက်သမ်တန် ချိန်ရွယ်



ရှနိုက်ဒါလင်နေရာ အစားထိုးရန် မာဆေးလ် ကွင်းလယ်လူ အင်မ်ဘူလာကို ဆောက်သမ်တန် ချိန်ရွယ်

ဆောက်သမ်တန် အသင်းသည် မော်ဂန် ရှနိုက်ဒါလင်၏ နေရာတွင် အစားထိုးရန် အတွက် အိုလံပစ်မာဆေးလ် ကစားသမား ဂီယန်နယ်လီ အင်မ်ဘူလာကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။

အသက်(၂၅)နှစ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ရှနိုက်ဒါလင်သည် ဆောက်သမ်တန်မှ ထွက်ခွာဖြစ်ရန် သေချာနေပြီး မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့ဖြစ်မည်ဟု သတင်းကြီးလျက် ရှိသည်။ အင်တာမီလန် အသင်းသည် ၎င်းတို့ မိုနာကိုထံမှ ခေါ်ယူထားသည့် ယက်ဖရေ ကွန်ဒေါ့ဘီယာနှင့် ကွင်းလယ်တွင် တွဲဖက်ပေးရန် အင်မ်ဘူလာကို စိတ်ဝင်စားနေသော်လည်း ဆောက်သမ်တန်ကမူ အသက် (၂၂)နှစ်အရွယ် ဘယ်လ်ဂျီယံဖွား ပြင်သစ် ကွင်းလယ်ခံစစ်သမားလေးနှင့် အနီးစပ်ဆုံး ဖြစ်နေသည်ဟု ယုံကြည်ရသည်။

ပေါ်တိုအသင်းသည်လည်း ကွင်းလယ်တွင် မာမာထန်ထန် ဖြတ်တောက် ကစားနိုင်သည့် အင်မ်ဘူလာကို စိတ်ဝင်စားမှု ပြသလျက် ရှိသည်။ ဆောက်သမ်တန် မန်နေဂျာ ရော်နယ်လ်ကိုးမန်းသည် အင်မ်ဘူလာအတွက် ပေါင်စတာလင် (၁၅)သန်းမျှထိ အသုံးပြုပြီး မာဆေးလ်ကို ချဉ်းကပ်သွားဖွယ် ရှိနေသည်။ တော့တင်ဟမ် ဟော့စပါးသည် အင်မ်ဘူလာအတွက် ပေါင်စတာလင် (၆)သန်းတန် ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ခဲ့သော်လည်း ပြင်သစ်ကလပ်က ချက်ချင်း ပယ်ချခဲ့သည်။

ဆောက်သမ်တန်သည် ရှနိုက်ဒါလင် နေရာတွင် အစားထိုးရန်အတွက် ဖိုင်ယန်နော့ဒ်မှ ယော်ဒီကလာဆီ၊ လိုင်လီမှာ အိုင်ဒရစ်ဆာ ဂွီယီတို့အပြင် နယူးကာဆယ်လ် ယူနိုက်တက် ကစားသမားဟောင်းဖြစ်သည့် လက်ရှိ PSG ကွင်းလယ်လူ ယိုဟန်ကာဘာယီတို့ကိုပါ စောင့်ကြည့်လျက်ရှိသည်။

Soccer Myanmar

ပြစ်ဒဏ်ဘောများမှ ဒီပေး တစ်ရာသီလျှင် ၁၀ ဂိုးမျှထိ သွင်းနိုင်မည်ဟု ဂစ်မျှော်လင့်



ပြစ်ဒဏ်ဘောများမှ ဒီပေး တစ်ရာသီလျှင် ၁၀ ဂိုးမျှထိ သွင်းနိုင်မည်ဟု ဂစ်မျှော်လင့်

လာမည့် ရာသီတွင် ကစားသမားသစ် မမ်းဖစ်ဒီပေး အနေဖြင့် မန်ချက်စတာ ယူနိုက်တက်အတွက် ပြစ်ဒဏ်ဘောမှ ဂိုးများစွာ သွင်းယူနိုင်ရန် မျှော်လင့်ကြောင်း အသင်း၏ လက်ထောက် မန်နေဂျာ ရိုင်ယန်ဂစ်က ထုတ်ဖော် ပြောကြားလိုက်သည်။

တစ်ချိန်က ယူနိုက်တက် ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုသည် အသင်းအတွက် ပြစ်ဒဏ်ဘောမှ သွင်းဂိုးအများအပြား ရယူပြခဲ့ဖူးရာ နယ်သာလန် လူငယ်ခြေတက် တောင်ပံ ကစားသမားလေး အနေဖြင့် ရော်နယ်လ်ဒို၏ ခြေရာကို လိုက်နင်းနိုင်ရန် ဂစ်က မျှော်လင့်နေသည်။ ဂစ်က PSV အင်ဒိုဗန်တွင် ပြစ်ဒဏ်ဘောများမှ ပင်တိုင် ဂိုးသွင်းခဲ့သည့် ဒီပေးအနေဖြင့် ယူနိုက်တက်တွင်လည်း ပြစ်ဒဏ်ဘောများမှ တစ်ရာသီလျှင် (၁၀)ဂိုးမျှ ဂိုးရရှိမည်ဟု ယုံကြည်လျက် ရှိသည်။

The Sunday Timesနှင့် အင်တာဗျူးတွင် ဂစ်က “ရော်နယ်လ်ဒို အသင်းက ထွက်သွားတဲ့နောက်ပိုင်း ယူနိုက်တက်မှာ သိသိသာသာ အားနည်းသွားတာ တစ်ချက်က ပြစ်ဒဏ်ဘောတွေပါပဲ။ ရော်နယ်လ်ဒို မတိုင်ခင်ကတော့ ဒေးဗစ်ဘက်ဟမ်းက ပြစ်ဒဏ်ဘောကနေ ဂိုးတွေသွင်းခဲ့တယ်။ ဒီပေးကလည်း ပြစ်ဒဏ်ဘော ကန်သွင်းမှုနဲ့ ပတ်သက်ရင် အကောင်းဆုံး မှတ်တမ်းမျိုး ရှိနေသူပါ။ ဘောလုံးရာသီ တစ်ခုမှာ ပြစ်ဒဏ်ဘောနဲ့ ထောင့်ကန်ဘောတွေကနေ ဂိုးတွေများများ ရနိုင်မယ်ဆိုရင် အနိုင်ရလဒ်ကို ဖန်တီးတဲ့အခါ ကွဲပြားမှုတွေ သေချာပေါက် ရှိလာမှာပဲ။ သူ့ကို ဖိအားပေးတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီပေးဟာ ပြစ်ဒဏ်ဘောကနေ တစ်ရာသီ (၁၀)ဂိုးလောက် သွင်းနိုင်မယ်လို့တော့ မျှော်လင့်ထားပါတယ်”ဟု ပြောကြားခဲ့သည်။

ဂစ်က အသက်(၂၁)နှစ်အရွယ် ကစားသမားလေးသည် ယူနိုက်တက်တွင် လျင်မြန်စွာ အထိုင်ကျပြီး ပရိသတ် အားပေးမှုကို ခံယူနိုင်လိမ့်မည်ဟုလည်း ဆိုသည်။ “ဒီပေးဟာ အိုးလ်ထရက်ဖို့ဒ် ပရိသတ်ကို နွေးထွေးလာစေမယ့် ကစားသမားမျိုးပါ။ သူက စိတ်လှုပ်ရှားစရာ ဘောလုံးသမား တစ်ယောက်ပါပဲ။ သူက ဒတ်ခ်ျလိဂ်ရဲ့ ဂိုးသွင်းဘုရင် ဖြစ်ခဲ့တယ်။ ပြီးတော့ အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင်လည်း ဖန်တီးမှုတွေ အများကြီး လုပ်ပေးခဲ့တယ်။ သူဟာ ယူနိုက်တက်ရဲ့ အခြေခံပုံစံမှာ အံဝင်မယ့် ကစားသမားပါ။ ပရိသတ်တွေက စိတ်လှုပ်ရှားစရာ ကစားသမားမျိုးတွေကို လိုလားတောင်းဆိုကြတယ်။ သူတို့ ထိုင်ခုံတွေကနေ ဖင်ကြွလာအောင် လှုံ့ဆော်နိုင်သူမျိုးတွေ၊ ဆန်းကြယ်လှတဲ့ ဂိုးတွေ သွင်းယူနိုင်သူမျိုးတွေ ဆိုပါတော့”ဟုလည်း ဂစ်က မှတ်ချက်ပြုသွားသည်။

Soccer Myanmar

အာရှ အမျိုးသမီး ယူ-၁၄ (အာဆီယံဇုန်) ပြိုင်ပွဲ မြန်မာ အမျိုးသမီး တတိယဆုရရှိ



အာရှ အမျိုးသမီး ယူ-၁၄ (အာဆီယံဇုန်) ပြိုင်ပွဲ မြန်မာ အမျိုးသမီး တတိယဆုရရှိ

မြန်မာ ယူ-၁၄ အမျိုးသမီး အသင်းသည် ဇွန်လ (၂၈) ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ ၌ လက်ခံကျင်းပခဲ့သည့်၂၀၁၅ အာရှ အမျိုးသမီး ယူ-၁၄ (အာဆီယံဇုန်) ပြိုင်ပွဲ (AFC U-14 Girls’ Regional Championship Asean Zone) တတိယနေရာလု ပွဲတွင် မလေးရှား ယူ-၁၄ အမျိုးသမီး အသင်းကို  (၆) ဂိုး (၂) ဂိုးဖြင့် အနိုင်ရယူပြီး အဆိုပါပြိုင်ပွဲ၏ တတိယဆု အားရယူနိုင်ခဲ့သည်။

ယင်းအပြင် မြန်မာ ယူ-၁၄ အမျိုးသမီး အသင်းသည် ပြိုင်ပွဲတစ်လျှောက် အသန့် ရှင်းဆုံးဆုကိုလည်း ရယူနိုင်ခဲ့သည်။ ယင်းနေ့တွင်ပင် ကျင်းပခဲ့သည့် အိမ်ရှင် ဗီယက်နမ် ယူ-၁၄ အမျိုးသမီး အသင်းနှင့် ထိုင်း ယူ-၁၄ အမျိုးသမီး အသင်းတို့ပွဲတွင် ဗီယက်နမ် အသင်းက (၂) ဂိုး (၁) ဂိုး ဖြင့် အနိုင်ရယူပြီး ပြိုင်ပွဲ၏ ချန်ပီယံဘွဲ့ ဆွတ်ခူးနိုင်ခဲ့သည်။

Soccer Myanmar

Sunday, June 28, 2015

ရီးယဲလ်တွင် ဆက်ရှိနေမည်ဟု စီရော်နယ်ဒို အတည်ပြု



ရီးယဲလ်တွင် ဆက်ရှိနေမည်ဟု စီရော်နယ်ဒို အတည်ပြု

အောင်ငြိမ်းသွေး

မီယာမီ၊ ဇွန် ၂၈။ ။ ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုက အသင်းနှင့် ၎င်း၏ကြားတွင် မည်သည့် ပြဿ နာမှ မရှိကြောင်းနှင့် မည်သည့်အသင်းသို့မှ ပြောင်းရွှေ့မည် မဟုတ်ကြောင်း ပြောကြားလိုက်သည်။

စီရော်နယ်ဒိုသည် ပြီးခဲ့သည့်မတ်လကတည်းက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရှော်လ်ကေးအသင်းကို ရှုံးနိမ့်ပြီးနောက် မီဒီယာများနှင့် တွေ့ဆုံ ဖြေကြားခြင်း မရှိခဲ့ပေ။

ရီးယဲလ်အသင်းက နည်းပြအန်စလော့တီကို ထုတ်ပယ်လိုက်ပြီး ဘင်နီတက်ဇ်ကို ခန့်အပ်ခဲ့ပြီးနောက်တွင် စီရော်နယ်ဒို အသင်းပြောင်းမည် ဆိုသည့် သတင်းများ ပိုမို ထွက်ပေါ်လာခဲ့သည်။

သို့သော် ယခုအခါ ထိုကောလာဟလသတင်းများကို စီရော်နယ်ဒိုက ချေဖျက်လိုက်ပြီ ဖြစ်သည်။ 'ထွက်ပေါ်နေတဲ့ မဟုတ်မမှန်သတင်းတွေ ရပ်တန့်သွားပြီး အေးအေးဆေးဆေး ဖြစ်စေလိုပါတယ်' ဟု မီယာမီတွင် အပန်းဖြေနေသည့် စီရော်နယ်ဒိုက မီဒီယာများနှင့် ပထမဆုံးပြန်လည် ဆက်ဆံမှုတွင် ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

Mizzima

ဟာနန်ဒက်ဇ်ကိုဆက်ထိန်းထားရန် နည်းပြဗန်ဟားလ်အား မာတာတိုက်တွန်း



ဟာနန်ဒက်ဇ်ကိုဆက်ထိန်းထားရန် နည်းပြဗန်ဟားလ်အား မာတာတိုက်တွန်း

ဝေဘုန်းလူ

ဇွန် ၂၈၊ မန်ချက်စတာ။ ။ နည်းပြဗန်ဟားလ်အနေဖြင့် ဟာနန်ဒက်ဇ်ကိုမန်ယူအသင်းတွင် ခြေစွမ်းပြရန်နောက်ထပ်အခွင့်အရေးထပ်ပေးသင့်သည်ဟု မာတာက ယုံကြည်နေသည်။

ပြီးခဲ့သည့်ရာသီက ရီးယဲလ်မက်ဒရစ်အသင်းတွင်အငှားသွားကစားခဲ့သော ဟာနန်ဒက်ဇ်ကို ရီးယဲလ်မက်ဒရစ်အသင်းက စာချုပ်ခြင်းမပြုရန် ဆုံးဖြတ်လိုက်သဖြင့် ယင်းမက္ကဆီကိုလက်ရွေးစင်တိုက်စစ်မှူးမှာ မန်ယူအသင်းသို့ ပြန်လာရမည်ဖြစ်သည်။

အသက် ၂၇ နှစ်အရွယ်ရှိ ဟာနန်ဒက်ဇ်သည် ဗန်ဟားလ်၏လစ်လျူရှုခြင်းမခံရမီက ၂၀၁၀ တွင် ဂွါဒါလာဂျာရာအသင်းမှပြောင်းရွှေ့လာကာစက ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။

ဟာနန်ဒက်ဇ်အနေဖြင့် ရွန်နီ၊ ဗန်ပါစီ၊ ဂျိမ်းစ်ဝီလ်ဆင်တို့ကဲ့သို့ ပထမအသင်းသားအဖြစ်ကစားနိုင်စွမ်းရှိသူဖြစ်ကြောင်းပြသကာ ဗန်ဟားလ် မှားယွင်းကြောင်း သက်သေပြနိုင်လိမ့်မည်ဟု မာတာက မျှော်လင့်နေသည်။

"ဖာနန်ဒက်ဇ်ဟာ မန်ယူအသင်းမှာကစားချင်နေတုန်းပဲဖြစ်ပြီး သူကျွန်တော်တို့နဲ့အတူရှိနေတာကိုလည်း ကျွန်တော်သဘောကျပါတယ်။ သူဟာကစားတဲ့အသင်းတိုင်းမှာ ဂိုးသွင်းနိုင်စွမ်းရှိတဲ့ တိုက်စစ်မှူးကောင်းတစ်ဦးပါ။ သူက သူငယ်ချင်းကောင်းလည်းဖြစ်ပါတယ်။ ကျွန်တော် မန်ယူအသင်းကိုရောက်စက သူကသိပ်ကောင်းတဲ့သူငယ်ချင်းဖြစ်ခဲ့ပါတယ်။ လူတစ်ဦးအနေနဲ့ရော ပရော်ဖက်ရှင်နယ်တစ်ဦးအနေနဲ့ပါ ကောင်းမွန်သူပါ။ ကျွန်တော်လေးစားတဲ့သူ့ဆီက အတွေ့အကြုံတွေပြန်မျှဝေတာကိုလည်း ရရှိခဲ့ပါတယ်"ဟု ကွင်းလယ်ကစားသမား မာတာ ကပြောသည်။

ရည်ညွှန်း ဒေးလီးမေးလ်

Mizzima

ပါရာဂွေးနှင့်ပွဲမတိုင်မီ ကစားသမား ၁၅ ဦးခန့် နာမကျန်းဖြစ်ခဲ့ဟု ဘရာဇီးနည်းပြ ဒွန်ဂါ ဆို



ပါရာဂွေးနှင့်ပွဲမတိုင်မီ ကစားသမား ၁၅ ဦးခန့် နာမကျန်းဖြစ်ခဲ့ဟု ဘရာဇီးနည်းပြ ဒွန်ဂါ ဆို

အောင်ငြိမ်းသွေး

ဆန်တီယာဂို၊ ဇွန် ၂၈။ ။ ကိုပါအမေရိကဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် ပါရာဂွေးအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဘရာဇီးနည်းပြ ဒွန်ဂါက ထိုပွဲမတိုင်မီတွင် ကစားသမား ၁၅ ဦးခန့် နာမကျန်းဖြစ်နေခဲ့ကြောင်း ပြောဆိုသွားခဲ့သည်။

ထိုကဲ့သို့ ဖျားနာနေသည့်အတွက် လေ့ကျင့်ခန်းကို အကန့်အသတ်ဖြင့်သာ ပြုလုပ်ခဲ့ရသလို ကစားသမားအချို့မှာ ပွဲကစားနေစဉ် အတွင်း ပြီးဆုံးအောင်ပင် မကစားနိုင်ခဲ့ကြောင်း  ဒွန်ဂါက ပြောဆိုခဲ့သည်။

ပါရာဂွေးနှင့်ပွဲစဉ်တွင် ဘရာဇီးအသင်းသည် ရော်ဘင်ဟို၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဂွန်ဇာလက်ဇ်၏ ချေပဂိုးကို ပြန်လည် ခွင့်ပြုခဲ့ရပြီး သရေကျခဲ့ရသည်။ ထို့နောက် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာတွင် ဘရာဇီးတို့ ၃-၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။

ပွဲအပြီးတွင် ဒွန်ဂါက 'ဒီအပတ်ထဲမှာ ကစားသမား ၁၅ ယောက်လောက် မကျန်းမမာ ဖြစ်ခဲ့ပါတယ်။ ဒါက ဆင်ခြေပေးတာ မဟုတ်ပါဘူး။ ခေါင်းကိုက်၊ ဖျားနာနဲ့ နောက်ကျောနာကျင်မှု ဝေဒနာတွေခံစားခဲ့ရတာပါ။ တစ်ချို့ဆို ဒီထက်တောင်ဆိုးပါသေး တယ်။ အော့အန်တာမျိုးတွေလည်း ဖြစ်ခဲ့ပါတယ်။ သူတို့အချိန်မီ ပြန်ကောင်းလာဖို့ လေ့ကျင့်ခန်းပြုလုပ်ရာမှာတောင် အကန့်အသတ်နဲ့ပဲ လုပ်ခဲ့ရပါတယ်' ဟု ပြောသည်။

ထိုကဲ့သို့ အားနည်းချက်များရှိခဲ့သော်လည်း ပါရာဂွေးအသင်း၏ အဝေးဘောများကို ထိန်းချုပ်ကစားနိုင်ခဲ့ကြောင်းနှင့် အဆုံးအထိ တိုက်ပွဲဝင်ခဲ့ကြောင်း ဒွန်ဂါက ဆိုသည်။ 'ပွဲအတွက် လုံလောက်တဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာကို ရအောင်လုပ်ပြီး အဆုံးအထိ တိုက်ပွဲဝင်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ ခြေစွမ်းရအောင် ကစားနိုင်ပေမယ့် တိုက်စစ်ကစားတဲ့အခါမှာတော့ လေးလံခဲ့ပါတယ်' ဟု ဆိုသည်။

ထို့နောက်တွင် ဒွန်ဂါက ကိုပါပြိုင်ပွဲ မစတင်ခင်ကတည်းက အားထားရသည့် ကစားသမားငါးဦးလောက်ကို ချန်ရစ်ခဲ့ရကြောင်း၊ နေမာကဲ့သို့ အရေးပါသည့်ကစားသမားလည်း ပွဲပယ်ခံခဲ့ရကြောင်း ထို့ကြောင့် အလုပ်လုပ်ရသည်မှာ ခက်ခဲခဲ့ကြောင်း ဆိုသည်။ သို့သော် ယခုအရှုံးသည် ထိုအချက်များကြောင့်မဟုတ်ဘဲ ဘရာဇီးအသင်းသည် အရည်အချင်းပြည့်ဝသည့် အသင်းဖြစ်ကြောင်းနှင့် ယခုကိုပါပြိုင်ပွဲကို သင်ခန်းစာယူပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

Mizzima

ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဒမ်ဘာဘားကို ပေါင် ၉သန်းဖြင့် ရှန်ဟိုင်းရှင်ဟွာအသင်းခေါ်ယူ



ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဒမ်ဘာဘားကို ပေါင် ၉သန်းဖြင့် ရှန်ဟိုင်းရှင်ဟွာအသင်းခေါ်ယူ

ဝေဘုန်းလူ

ဇွန် ၂၈၊ ရှန်ဟိုင်း။ ။ ဘီဆစ်တပ်ခ်အသင်းမှ ဝက်စ်ဟမ်း၊ နယူးကာဆယ်နှင့်ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဒမ်ဘာဘားကို ပေါင် ၉သန်းဝန်းကျင်ဖြင့်ခေါ်ယူလိုက်ပြီ ဟု ရှန်ဟိုင်းရှင်ဟွာအသင်းက ကြေညာလိုက်သည်။

အသက် ၃၀ အရွယ်ရှိ ဆီနီဂေါလက်ရွေးစင်တိုက်စစ်မှူးသည် ဝက်စ်ဘရွန်းအသင်းသို့ပြောင်းမည်ဟု သတင်းထွက်နေသော်လည်း ရှန်ဟိုင်း နှင့်စာချုပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သတင်းများထပ်မံထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး ဘီဆစ်တပ်ခ်အသင်းက အတည်မပြုရသေးသော်လည်း ရှန်ဟိုင်းအသင်းက ဒမ်ဘာဘား၏ဓါတ်ပုံဖြင့် "ရှန်ဟိုင်းအသင်းက ကြိုဆိုပါတယ်"ဟု အသင်းပိုင်ဝက်ဘ်ဆိုက်တွင် စနေနေ့ကရေးထားသည်။

တူရကီလိဂ်တွင် ၄၄ ပွဲကစား ၂၇ ဂိုးသွင်းပြီး အောင်မြင်မှုရထားသည့် ဒမ်ဘာဘ၏ဆုံးဖြတ်ချက်မှာ အံ့အားသင့်ဖွယ်ရာအဖြစ် ထွက်ပေါ်လာခဲ့ ခြင်းဖြစ်သည်။

၂၀၀၅ ခုနှစ်တွင် ရိုအန်အသင်းနှင့်စတင်ခဲ့သော ယင်းခရီးသွားတိုက်စစ်မှူးသည် ပရော်ဖက်ရှင်နယ်ကလပ် ခုနစ်အသင်းအတွက် ကစားပေးခဲ့ ပြီးဖြစ်သည်။

ကစားသမားဘဝတွင် ခြေစွမ်းပြဂိုးအသွင်းနိုင်ဆုံးမှာ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းတွင် ၂၀၁၁-၁၂ ၌ကစားခဲ့စဉ်က ဖြစ်ပြီး ၃၄ ပွဲကစား ၁၆ ဂိုးသွင်းခဲ့ကာ အသင်းကို ယူရိုပါလိဂ်ဝင်ခွင့်ရအောင် ကူညီပေးနိုင်ခဲ့သည်။

အာရှသို့လာကစားသည့် ပရီးမီးယားလိဂ်ကစားသမားမှာ ဒမ်ဘာဘားကပထမဆုံးမဟုတ်ဘဲ ၂၀၁၂ နှင့် ၂၀၁၃ ကြားတွင် ချယ်လ်ဆီးတိုက်စစ်မှူး ဟောင်း ဒရော့ဘာသည် ရှန်ဟိုင်းမြို့ခံအသင်းတွင် လာရောက်ကစားခဲ့ဖူးသည်။ မန်ယူကွင်းလယ်ကစားသမားဟောင်း နစ်ကီဘတ်သည် လည်း ၂၀၁၀ တွင် တောင်တရုတ်၌ ကာလတိုကစားခဲ့ဖူးသည်။

ရည်ညွှန်း ဒေးလီးမေးလ်

Mizzima

လာမည့်ရာသီ ချန်ပီယံဆုကို ယူနိုက်တက် စိန်ခေါ်နိုင်မည်ဟု ရွန်နီယုံကြည်



လာမည့်ရာသီ ချန်ပီယံဆုကို ယူနိုက်တက် စိန်ခေါ်နိုင်မည်ဟု ရွန်နီယုံကြည်

မန်ချက်စတာ ယူနိုက်တက် အနေဖြင့် လာမည့် ရာသီတွင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို အမှန်တကယ် စိန်ခေါ်နိုင်စွမ်း ရှိလာစေမည်ဟု အသင်းခေါင်းဆောင် ဝိန်းရွန်နီက ပြောကြားလိုက်သည်။

မန်နေဂျာ ဒေးဗစ်မိုယက်စ် လက်ထက်တွင် စိတ်ပျက်ဖွယ် ဖြတ်သန်းမှုများ ကြုံခဲ့ပြီး အဆင့်(၇)ဖြင့် ရာသီသိမ်းခဲ့သည့်နောက် ယူနိုက်တက်သည် ပြီးခဲ့သည့် ရာသီကမူ လူးဝစ်ဗန်ဂါးလ်၏ ဦးဆောင် ကိုင်တွယ်မှုဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် တစ်ကျော့ပြန် ရရှိလာခဲ့သည်။ ဗန်ဂါးလ် လက်ထက်တွင် အသင်းအနေဖြင့် ရလဒ်ပိုင်း မတည်ငြိမ်မှုများကြောင့် ချန်ပီယံ ဖြစ်ခွင့်နှင့် အလှမ်းဝေး ခဲ့သော်လည်း နောက်ပိုင်း ပွဲစဉ်များတွင် ဗန်ဂါးလ်၏ ဘောလုံးဒဿနှင့်  ယူနိုက်တက် ကစားသမားများ အစပ်အဟပ် တည့်လာပြီး ထိပ်သီးပြိုင်ဘက်များကို အနိုင် ကစားနိုင်ခဲ့သည်။

ဗန်ဂါးလ်သည် အသင်းကို ပိုမိုတောင့်တင်းအောင် အားဖြည့်တည်ဆောက်ရန် စီစဉ်နေပြီး လတ်တလောတွင် နယ်သာလန် လက်ရွေးစင် တောင်ပံတိုက်စစ်သမား မမ်းဖစ်ဒီပေးကို ပေါင်စတာလင် (၂၅)သန်းဖြင့် ခေါ်ယူထားပြီး ဖြစ်သည်။ ရွန်နီက “နောက်ရာသီမှာ ကျွန်တော်တို့ဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ အလှမ်းမဝေးတော့ဘူးလို့ ရိုးရိုးသားသားပဲ ယုံကြည်ထားပါတယ်”ဟု ဆိုသည်။ ၎င်းက “ခင်ဗျားတို့ အနေနဲ့ ပထမဆုံး (၁၀)ပွဲ၊ (၁၁)ပွဲလောက်ကို ပြန်ကြည့်ရင် ကျွန်တော်တို့အသင်း (၁၃)မှတ်လောက်ပဲ ရတဲ့ထိ အခြေအနေ ဆိုးခဲ့တာကို မြင်ရလိမ့်မယ်။ လာမယ့်ရာသီမှာတော့ ပိုကောင်းတဲ့ အစပြုမှုမျိုး လုပ်ဆောင်နိုင်မယ်လို့ ထင်ပါတယ်။ အရေးကြီးတာက ကျွန်တော်ရော၊ မန်နေဂျာရော၊ တစ်သင်းလုံးရောက နောက်ထပ် ကစားသမားသစ် တချို့ကို ခေါ်ယူလိုက်ပြီးရင် ချန်ပီယံဆုအတွက် လက်တွေ့ စိန်ခေါ်လာနိုင်မယ်လို့ ယုံကြည်နေတာပါပဲ”ဟုလည်း မှတ်ချက်ပြုခဲ့သည်။

ရွန်နီက “ပွဲတွေ တော်တော်များများ ဖြစ်နိုင်သလောက် ဆက်တိုက် နိုင်နေခြင်းက သိပ်ကို ကျေနပ်စရာပါ။ ယူနိုက်တက်လို အဆင့်မျိုး အသင်းတစ်သင်းဟာ ဆုဖလားတွေ ဆွတ်ခူးရယူနေဖို့ ထိုက်တန်ပါတယ်။ လာမယ့်ရာသီမှာတော့ အခြေအနေတွကို မှန်မှန်ကန်ကန် ဖြစ်လာအောင် ကျွန်တော်တို့ လုပ်ပြနိုင်မယ် ထင်ပါတယ်”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

မန်ချက်စတာယူနိုက်တက်တွင် ဆုတံဆိပ်များစွာကို ဒီဂီယာ ရရှိနိုင်လိမ့်မည်ဟု ရှမိုက်ကယ် ဆို



မန်ချက်စတာယူနိုက်တက်တွင် ဆုတံဆိပ်များစွာကို ဒီဂီယာ ရရှိနိုင်လိမ့်မည်ဟု ရှမိုက်ကယ် ဆို

ရီးယဲမက်ဒရစ်မှ စိတ်ဝင်စားနေသည့် ဒေးဗစ်ဒီဂီယာ အနေဖြင့် နွေရာသီတွင် မန်ချက်စတာယူနိုက်တက်တွင် ဆက်နေရန် ရွေးချယ်ခဲ့ပါက ၎င်းအနေဖြင့် မိမိထက်ပိုမိုသည့် ဆုတံဆိပ်များ ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပီတာရှမိုက်ကယ်က ပြောကြားလိုက်သည်။

ရှမိုက်ကယ်သည် အိုးထရတ်ဖို့ဒ်တွင် ကစားခဲ့သည့် ၈ နှစ်အတွင်း ပရီးမီးယားလိဂ် ၅ ကြိမ်နှင့် ချန်ပီယံလိဂ် အပါအဝင် ဆုဖလား ၁၅ ခု ရရှိခဲ့သည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကမ္ဘာ့အကောင်းဆုံး ဂိုးသမားများအနက် တစ်ဦးအပါအဝင် ဖြစ်လာသည့် ဒီဂီယာကို စပိန်ထိပ်သီးကလပ်များက စိတ်ဝင်စားခဲ့ကြသော်လည်း ယူနိုက်တက် ဂိုးသမားဟောင်းကမူ အိုးထရတ်ဖို့ဒ်တွင် ဆက်နေရန် တိုက်တွန်းခဲ့သည်။

“ဒီနွေမှာ သူအသင်းက ထွက်သွားမယ်ဆိုရင် ကျွန်တော် စိတ်ပျက်မိမှာပါ။ ဘာကြောင့်လဲဆိုတော့ သူက ယူနိုက်တက်အတွက် ပွဲရာပေါင်းများစွာ ကစားပြီး ကျွန်တော့်ထက် ပိုမိုတဲ့ ဆုတံဆိပ်တွေနဲ့ အဆုံးသတ်နိုင်တယ်ဆိုတာကို သေချာသိနေတဲ့အတွက်ကြောင့်ပါ။ သူ့အနေနဲ့ ဒီမှာ ဆက်ကစားရင် အောင်မြင်မှု မရနိုင်စရာ အကြောင်းမရှိပါဘူး” ဟု ရှမိုက်ကယ်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒီဂီယာကို အသင်းတွင် ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် လူးဝစ်ဗန်ဂါးလ် အနေဖြင့် အစွမ်းကုန်ကြိုးပမ်းသင့်ကြောင်း ရှမိုက်ကယ်က ဆိုခဲ့သည်။

“ကျွန်တော်သာ ဗန်ဂါးလ်ဆိုရင် မန်ချက်စတာမှာ ဒေးဗစ် ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်ကစားနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးပမ်းသွားမှာပါ။ ဒီရာသီမှာ ယူနိုက်တက်ရဲ့ အမှတ်တွေကို ဒေးဗစ်က ကာကွယ်ပေးနိုင်ခဲ့တာကြောင့်လည်း အဆင့် ၄ မှာ ရပ်တည်နိုင်ခဲ့တာပါ။ နောက်ပြီး သူက ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်” ဟု ရှမိုက်ကယ်က ပြောကြားသွားခဲ့သည်။

Soccer Myanmar

အေစီမီလန်နှင့် ပုဂ္ဂိုလ်ရေးရာ သဘောတူညီချက် ရရှိခဲ့ကြောင်း ဘက်ကာ အေးဂျင့် အတည်ပြု



အေစီမီလန်နှင့် ပုဂ္ဂိုလ်ရေးရာ သဘောတူညီချက် ရရှိခဲ့ကြောင်း ဘက်ကာ အေးဂျင့် အတည်ပြု

ဆီဗီလာ ကြယ်ပွင့် ကားလို့စ်ဘက်ကာသည် အေစီမီလန်သို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေပြီး ကစားသမား အနေဖြင့် အီတလီကလပ်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရရှိခဲ့ကြောင်း ၎င်း၏အေးဂျင့်က ပြောကြားလိုက်သည်။

ကိုလံဘီယာ လက်ရွေးစင် ကစားသမားသည် ပြီးခဲ့သည့် နှစ်ရာသီအတွင်း လာလီဂါတွင် ၃၄ ဂိုး သွင်းယူခဲ့ပြီး အသင်းကို ယူရိုပါလိဂ်တွင် နှစ်နှစ်ဆက် ပါဝင်နိုင်ရန် ကူညီပေးနိုင်ခဲ့သည်။

ဘက်ကာကို ပရီးမီးယားလိဂ်အသင်းများ ဖြစ်သော လီဗာပူးလ်နှင့် မန်ချက်စတာယူနိုက်တက်တို့က ချိတ်ဆက်ခဲ့ကြသော်လည်း ယခုအခါတွင် မီလန်သို့ ပြောင်းရွှေ့ရန် နီးစပ်နေကြောင်း အေးဂျင့်က အတည်ပြုခဲ့သည်။

“မီလန်နဲ့ ကျွန်တော့် ကစားသမားတို့က သဘောတူညီချက်တစ်ခု ရယူနိုင်ခဲ့တယ်ဆိုတာကို ကျွန်တော် အတည်ပြုနိုင်ပါတယ်။ ကားလို့စ်က သူ့အနာဂတ်အတွက် အကောင်းဆုံးအရာကို ရွေးချယ်ခဲ့တာပါ။ ဘယ်နှစ်နှစ်စာအတွက် သဘောတူညီမှု ရခဲ့တယ်ဆိုတာကိုတော့ အေစီမီလန်ကိုပဲ မေးတာ အကောင်းဆုံးပါ” ဟု ဘက်ကာ၏အေးဂျင့် ဆာဂျီယိုဘာရယ်လာက ပြောကြားခဲ့သည်။

မီလန်သည် ဘက်ကာ၏ ကိုလံဘီယာ အသင်းဖော် ဂျက်ဆန်မာတီနက်ဇ်ကို ချိတ်ဆက်ခဲ့သော်လည်း အဆိုပါ ပေါ်တို တိုက်စစ်မှူးက အက်သလက်တီကို မက်ဒရစ်သို့ ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့သည်။

Soccer Myanmar

နေမာသည် ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်ကြောင်း ဖော်လန် ပြောကြား



နေမာသည် ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်ကြောင်း ဖော်လန် ပြောကြား

နေမာကို ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာရန် အပြည့်အဝမျှော်လင့်ထားကြောင်း ဒီယေဂိုဖော်လန်က ပြောကြားလိုက်သည်။

ဘရာဇီးလ် ကြယ်ပွင့် ကစားသမားသည် ယခုနှစ် ဘောလုံးရာသီတွင် ဘာစီလိုနာနှင့်အတူ ဖလားသုံးလုံး ရယူနိုင်ခဲ့သော်လည်း နိုင်ငံတကာအဆင့်တွင် စိတ်ပျက်စရာ အခြေအနေနှင့် ကြုံတွေ့နေရပြီး ကိုပါအမေရိကပြိုင်ပွဲတွင် ကိုလံဘီယာနှင့်ပွဲ၌ အနီကတ်ပြသခံခဲ့ရသည်။

ထို့အပြင် ၎င်းသည် လေးပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ကိုပါအမေရိကပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရသော်လည်း နေမာအနေဖြင့် လီယွန်နယ်မက်ဆီနှင့် ခရစ္စတီယာနို ရော်နယ်ဒိုတို့ကဲ့သို့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်လာနိုင်ကြောင်း ဖော်လန်က သုံးသပ်ခဲ့သည်။

“နေမာက ကမ္ဘာ့ကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးပါ။ နောက်ပြီး သူက အကောင်းဆုံး ကလပ်အသင်းမှာ ကစားနေသူပါ။ သူက ဂိုးတွေသွင်းယူနိုင်သလို ဖန်တီးမှုတွေလည်း ပြုလုပ်နိုင်ပါတယ်။ သူ့ခြေထောက်ထဲ ဘောလုံးရောက်လာရင် ပဉ္စလက်အစွမ်းတွေ ပြသနိုင်သူပါ။ အခြား ဘရာဇီးလ် ကစားသမားတွေက ဥရောပမှာ အခြေကျဖို့ ခက်ခဲခဲ့ပေမယ့် နေမာကတော့ အလျင်အမြန်နဲ့ အခြေကျခဲ့တာပါ။ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေနဲ့ တွဲကစားနေရတယ်ဆိုတာ သိထားပါတယ်။ မက်ဆီဆီကနေတောင် သူ သင်ယူမှုတွေ ပြုလုပ်နိုင်ပါတယ်။ အခုအချိန်မှာ နေမာက မက်ဆီ၊ ရော်နယ်ဒိုတို့ထက် တစ်ဆင့်နိမ့်နေမယ်ပေမယ့် မက်ဆီထက် ၅ နှစ်ငယ်ပြီး ရော်နယ်ဒိုထက် ၇ နှစ်ငယ်သူ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ခြေစွမ်း ပိုမိုထက်မြက်လာပြီး နှစ်အနည်းငယ်အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်” ဟု ဖော်လန်က ပြောကြားခဲ့သည်။

Soccer Myanmar

Saturday, June 27, 2015

ဂျပန်တိုက်စစ်မှူး အိုကာဇာကီကို လက်စတာ ခေါ်ယူ



ဂျပန်တိုက်စစ်မှူး အိုကာဇာကီကို လက်စတာ ခေါ်ယူ

အောင်ငြိမ်းသွေး

အင်္ဂလန်၊ ဇွန် ၂၇ ။   ။ လက်စတာအသင်းသည် ဂျာမန်ကလပ်မိန့်ဇ်အသင်းမှ ဂျပန်တိုက်စစ်မှူး အိုကာဇာကီကို လေးနှစ်စာချုပ်ဖြင့် အပြီးသတ်ခေါ်ယူ လိုက်ပြီ ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်ရှိ အိုကာဇာကီကို ပြောင်းရွှေ့ကြေးမည်မျှဖြင့် ခေါ်ယူခဲ့သည်ကိုမူ လက်စတာအသင်းက ဖော်ပြခြင်း မရှိခဲ့ပေ။

အိုကာဇာကီသည် ရောဘတ်ဟုခ်ျနှင့် ခရစ္စတီယန်ဖွတ်ရှ်တို့ ပြီးနောက်တွင် လက်စတာအသင်း၏ ရာသီသစ်အတွက် တတိယမြောက် ခေါ်ယူမှု ဖြစ်သည်။

လက်စတာအသင်းသို့ ပြောင်းရွှေ့နိုင်ပြီးနောက်တွင် အိုကာဇာကီက 'ဒီအသင်းကို ပြောင်းရွှေ့နိုင်ခဲ့လို့ ပျော်ပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့က ကျွန်တော့်ရဲ့ အိပ်မက်ပါပဲ။ လက်စတာပရိသတ်တွေအတွက် တတ်နိုင်သလောက် အစွမ်းကုန် ကြိုးစားပြီး ဂိုးတွေအများကြီးသွင်းယူသွားမှာပါ။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းကို ကျွန်တော်ကြည့်ခဲ့ ပါတယ်။ လုံးဝမလွယ်ကူပါဘူး။ ပွဲတွေက အလွန်ခက်ခဲပါတယ်' ဟု ပြောသည်။

အိုကာဇာကီသည် ဂျပန်လက်ရွေးစင်အသင်းအတွက် ၉၃ ပွဲပါဝင်ကစားထားပြီး ၄၃ ဂိုးသွင်းယူထားသည်။ မိန့်ဇ်အသင်း တွင် နှစ်ရာသီကစားခဲ့ရာတွင်လည်း ပွဲ ၇၀ တွင် ၂၉ ဂိုးသွင်းယူနိုင်ခဲ့သည်။ ပြီးခဲ့သည့်ရာသီက ဘွန်ဒက်စ်လီဂါတွင် ၁၂ ဂိုး သွင်းနိုင်ခဲ့သည်။

Ref: Daily Mail

Mizzima

တိုက်စစ်မှူးဟီဂူအင်ကိုပေါင် ၆၇ သန်းမရလျှင် နာပိုလီရောင်းမည်မဟုတ်



တိုက်စစ်မှူးဟီဂူအင်ကိုပေါင် ၆၇ သန်းမရလျှင် နာပိုလီရောင်းမည်မဟုတ်

ဝေဘုန်းလူ

ဇွန် ၂၇၊ နေပယ် ။        ။ နာပိုလီအသင်းသည် တိုက်စစ်မှူး ဟီဂူအင်ကိုလိုချင်သည့်အသင်းများကို တားဆီးသည့်အနေဖြင့် ကစားသမားဖြစ်သူ၏ စာချုပ်ဖျက်သိမ်း ကြေး ပေါင် ၆၇ သန်းအထိရှိနေသည်ဟု ထောက်ပြပြောဆိုလိုက်သည်။

အာဂျင်တီးနားအသင်းနှင့်အတူ ကိုပါအမေရိကဖလားပြိုင်ပွဲဝင်နေသည့် အသက် ၂၇ နှစ်အရွယ်တိုက်စစ်မှူးကို လီဗာပူးလ်၊ အာဆင်နယ်၊ မန်စီးတီး၊ အေစီမီလန် အစရှိသည့် ထိပ်သီးကလပ်များက စိတ်ဝင်စားနေကြသည်။

သို့သော်လည်း အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး၏ ကလပ်ဖြစ်သော နာပိုလီအသင်းဥက္ကဋ္ဌ လွန်ဘာဒိုက ယင်းကစား သမား၏ ဆိုဈေး ကို ပေးနိုင်ခြင်းမရှိဘဲ ခေါ်ယူခွင့်ရမည်မဟုတ်ဟု ပြောဆိုလိုက်သည်။

"ဟီဂူအင်ရဲ့ ဖြစ်နိုင်ဖွယ်အပြောင်းအရွှေ့အကြောင်း သတင်းစာတွေကရေးသားနေကြတဲ့အပေါ် နာပိုလီအသင်းအနေနဲ့ တရားဝင်ကြေညာ ချက်ထုတ်ချင်ပါတယ်။ အသင်းကနေပြောင်းရွှေ့မယ်ဆိုရင် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၇ သန်းလို့ သူ့စာချုပ်မှာချုပ်ထားတာရှိတယ်။ ဒီတော့သူ့ကိုလိုချင်တဲ့အသင်းတွေနေနဲ့ အဲဒီကြေးထက်နည်းပြီး ကမ်းလှမ်းလာရင်တော့ ရမှာမဟုတ်ပါဘူး"ဟု လွန်ဘာဒိုက ရေဒီယိုကစ်ကစ် သို့ပြောသည်။

၂၀၁၃ တွင်ရီးယဲလ်မက်ဒရစ်မှ ပေါင် ၃၄ ဒသမ ၅ သန်းဖြင့်ပြောင်းလာသည့် ဟီဂူအင်သည် နာပိုလီအသင်းအတွက် ပြိုင်ပွဲစုံ ၁၀၂ ပွဲကစားပြီး ၅၃ ဂိုးသွင်းယူပေးထားသည်။

နာပိုလီအသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရခြင်း၊ နည်းပြဘင်နီတက်ဇ် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းသွားခြင်းတို့ကြောင့် ဟီဂူအင်၏ အနေအ ထားကို အီတလီနှင့် ပြည်ပကလပ်များစွာက ဂရုတစိုက်စောင့်ကြည့်နေကြသည်။

Ref; Daily Mail

Mizzima

မန်စီးတီးအသင်း၏ မာလ်ဒီနီဖြစ်လိုကြောင်း ယာယာတိုရေးဖွင့်ဟ



မန်စီးတီးအသင်း၏ မာလ်ဒီနီဖြစ်လိုကြောင်း ယာယာတိုရေးဖွင့်ဟ

ဝေဘုန်းလူ

ဇွန် ၂၇၊ မန်ချက်စတာ။ ။ ကွင်းလယ်ကစားသမား ယာယာတိုရေးက မန်စီးတီးအသင်းတွင်ကာလရှည်ဆက်ကစား လိုကြောင်းနှင့် မန်စီးတီးအသင်း၏ မာလ်ဒီနီဖြစ်လို ကြောင်း ပြောကြားလိုက်သည်။

ယာယာတိုရေးသည် မန်စီးတီးနည်းပြဟောင်း မန်စီနီကိုင်တွယ်နေသည့် အင်တာမီလန်အသင်းနှင့် သတင်းများထွက်ပေါ်နေပြီး အီတလီလူမျိုး နည်းပြမန်စီနီကလည်း တိုရေးသည်အသင်းပြောင်းရန် ဆန္ဒပြင်းပြနေသည်ဟု ပြောဆိုထားသည်။

သို့သော်အသက်၃၂ နှစ်အရွယ်ရှိ တိုရေးက ပယ်လီဂရီနီ၏မန်စီးတီးအသင်းတွင်သာ ဆက်လက်ကစား လိုပြီးအေစီမီလန်အသင်း ၌ကာလ ရှည်ကစားသွားသည့် ပေါ်လိုမာလ်ဒီနီကဲ့သို့ ဂန္ထဝင်ကစားသမားတစ်ဦး ဖြစ်လိုနေခြင်းဖြစ်သည်။

"အဲဒါမျိုးက ကစားသမားအားလုံးရဲ့ အိပ်မက်ပါပဲ။ တခြားကစားသမားအချို့ကိုလည်း ကျွန်တော်ပြောခဲ့ရာမှာ ဘာလို့လဲဆို ပြီး ပြန်မေးကြပါ တယ်။ အဓိက ကစားသမားတွေဖြစ်တဲ့ မာလ်ဒီနီ၊ ဘာရီဆီ၊ ဒယ်လ်ပီယာရို၊ တော့တီတို့လို ဖြစ်ချင်လို့ဆိုပြီး ကျွန်တော် ပြန်ပြောလိုက်ပါတယ်။ အဲဒီကစားသမားတွေဟာ အသင်းမှာအကြာကြီး ကစားကြတယ်"ဟု တိုရေးက မန်ချက် စတာညနေခင်း သတင်းစာသို့ပြောသည်။

အင်တာမီလန်အသင်းက ခေါ်ယူရန်ကြိုးပမ်းနေစဉ်တိုရေးသည် အနာဂါတ်အတွက် မန်စီးတီးအသင်းဥက္ကဋ္ဌ အယ်လ်မူဘာ ရက်နှင့် မေလအ တွင်းဆွေးနွေးခဲ့သည်။

မန်စီးတီးအသင်းတွင်ဆက်နေရန် ဆုံးဖြတ်ဖြစ်ခဲ့ရာ၌ မန်စီးတီးပရိသတ်များ၏ အခန်းကဏ္ဍက လွန်စွာအရေးပါခဲ့သည်ဟု အိုင်ဗရီကို့စ်လက် ရွေးစင် တိုရေးကဆိုသည်။

"လူတွေက ကိုယ့်ကိုအားပေးကြတာဟာ လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ရော၊ ကစားသမားတစ်ဦးအတွက်ပါ သိပ်ကိုအရေးပါပါတယ်။ ပရိသတ်တွေ က အသင်းကို အတော်လေးအားပေးကြပါတယ်။ ပရိသတ်တွေရဲ့ သစ္စာရှိရှိအားပေးမှုကို မြင်ရတဲ့အခါ ဘယ်ကို မှမသွားနိုင်တော့ပါဘူး။ အဲဒါ က မန်စီးတီးအသင်းမှာ ကျွန်တော်ဆက်နေဖြစ်စေတဲ့ အရာပါပဲ။ ကျွန်တော်အကြာကြီး ဆက်ကစားချင်ပါတယ်"ဟု တိုရေးက ပြောသည်။

Ref; goal.com

Mizzima

အာဆင်နယ် အပြောင်းအရွှေ့သတင်း



အာဆင်နယ် အပြောင်းအရွှေ့သတင်း

အာဆင်ဝင်းဂါး ဟာ လာမဲ့ ရာသီမှာ အကောင်းဆုံး လူအင်အား ကို စုဖွဲ့ နိုင်ဖို့ လုပ်ဆောင်နေပါတယ်။

ပီတာဆက် ကတော့ အာဆင်နယ် အသင်း မှာ ဆေးစစ်မှု ခံယူနေတယ်လို့ ယုံကြည်ရပါတယ်။

ချယ်ဆီး အသင်း က ပေါင် ၁၁ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။

ပီတာဆက် နဲ့ အာဆင်နယ် အသင်း တို့ ဟာ ပုဂ္ဂိုလ်ရေး သဘောတူညီ မှု ရရှိခဲ့ကြပြီး မကြာခင်မှာ အပြောင်းအရွှေ့ ကို တရားဝင်ကြေညာဖွယ်ရှိပါတယ်။

အာဆင်နယ် အသင်း ဟာ ဘိုရပ်ရှား ဒေါ့မန် ကစားသမား ပီယာရီအမ်းမရစ်ခ် အူဘာမီယန် ကို ခေါ်ယူဖို့ ညှိနှိုင်းနေပါတယ်။

အာဆင်နယ် အသင်းဟာ ကစားသမား အတွက် ပေါင် ၂၈.၄ သန်း ဝန်းကျင် ပေးပြီးခေါ်ယူသွားလိုနေပါတယ်။

အူဘာမီယန် ကို ခေါ်ယူ နိုင်ခဲ့ပါက အာဆင်နယ် အသင်း ဟာ ဂီရော့ဒ် နဲ့ မတူကွဲပြားတဲ့ တိုက်စစ်အသွင် ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အာဆင်နယ် အသင်း ဟာ နာပိုလီ ဘယ်နောက်ခံလူ ဖေါ်ဇီ ဂွါလမ် ကို ပေါင် ၁၁ သန်း နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

အယ်လ်ဂျီးရီးယား သား က လာမဲ့ရာသီ မှာ ချန်ပီယံလိဂ် မှာ ကစားချင်နေတယ်လို့သိရပါတယ်။

အာဆင်ဝင်းဂါး ကလည်း ကီရန် ဂစ်ဘ် နဲ့ နာချိုမွန်နရယ် တို့ ရှိနေပေမဲ့ ဂွါလမ် ကိုခေါ်ယူသွားလိုနေတာဖြစ်ပါတယ်။

#KS

Football cafe

ကျော်ဇင်လွင် နဲ့ကြမ်းတမ်းလွန်းသော နေ့ရက်တွေ



ကျော်ဇင်လွင် နဲ့ကြမ်းတမ်းလွန်းသော နေ့ရက်တွေ

ကျွန်တော်အရင်ဆုံးပရိတ်သတ် ညီအကိုမောင်နှမတွေ အားလုံးကို တောင်းပန် ချင်ပါတယ် ကျွန်တော်စကားပြန်မပြောနိုင်တဲ့အခါ ဖုန်းဆက်လို့ မရတဲ့အခါ မာနကြီးတယ်လို့ ထင်ကြတယ် အမှန်ကျွန်တော့မှာ အဲ့လို စိတ်မျိုး ဒကယ် မရှိပါဘူး။
ကျွန်တော့ငယ်ဘဝမှာ စာပေအတန်းပညာဘက်မှာ အားနည်းခဲ့တယ်ဗျ ၇တန်းအောင်ပြီး ၈တန်းနဲ့ ကျောင်းထွက်ခဲ့ရတယ် ကျွန်တော့ အမေ ခေါင်းရွက်ဈေးရောင်းပြီးရှာကြွေးနေတာမကြည့်ရက်လို့ ကျွန်တော် ပန်းရံအကူ လိုက်လုပ်ရပါတယ်။ လုပ်ခနှစ်ထောင်ရတာကိုအမေ့ကိုပေးလို့ ထမင်းကြမ်းခဲနဲ့ ငါးပိရည်ကျဲ နဲ့ စားခဲ့ရတဲ့ရက်တွေ မနည်းခဲ့ပါဘူး။
ခုဒီလိုစာတွေ ရေးနေတာကိုလဲ သူငယ်ချင်း အကူညီနဲ့ ကျွန်တော်ပြောချင်တာကို ရေးခိုင်းနေရတာပါ ကျွန်တော်ခေတ်ပေါ် နည်းပညာတွေနဲ့ ရင်းနှီးကျွမ်းဝင်မှူ မရှိပါဘူး။ ဖေ့ဘွတ်ဆိုတာကြီးကိုလဲ မနေ့တနေ့ကမှ လက်တွေ့သုံးကြည့်ရတာပါ အကောင့်တောင် သူငယ်ချင်းဖွင့်ပေးထားတာပါ ကျွန်တော်ဖေ့ဘွတ်မသုံးတတ်ပါဘူး ပရိတ်ကြီးကို ကျေးဇူးတင်စကားတွေနဲ့ ရင်းရင်းနှီးနှီးနေချင်ပါတယ် ကျွန်တော်မှာ စာရေးဖို့ တွက် နည်းပညာအားနည်းပါတယ်။
ကျွန်တော်ဘောလုံး မကန်ခဲ့ရခင်မှာ အကိုတွေ ကန်တဲ့ဘောလုံးကောက်ခဲ့ ရတာပါ ရေသန့်ဘူးအဝတ် အကုန်တောက်တိုမယ်ရ လုပ်ခဲ့ရတာပါ ကျွန်တော်ဘောလုံးကန်ဖို့တွက် လေ့ကျင့်ဖော်တောင် မရှိပါဘူးဗျာ။ ကျွန်တော့ တွက် ကလပ်မှာ ဆရာအရင်တင်ရတာ ထမင်းချက် ဦးလေးကြီးရဲ့ သားကို ဘောလုံးဖမ်းစေပြီး လေ့ကျင့်ခဲ့ရတာပါ။ သူဟာကျွန်တော့ ဆရာတဦးပါပဲ။
ကလပ်လူငယ်အသင်းမှာတောင် နေရာမရခဲ့တော့ ကျွန်တော့ကို မောရဝတီ မှာ အငှါးချခံရပါတယ်။ သူများတွေလစာ သိန်းကျော်ချိန် ကျွန်တော် ၅သောင်းပဲရပါတယ်ခင်ဗျာ အမေ့ကို ၄သောင်းပေးလို့ ကျန်တစ်သောင်းပဲ သုံးခဲ့ပါတယ် ကျွန်တော် ဘက်စ်ကားပဲစီးပီး လေ့ကျင့်ရေးကွင်းသွားပါတယ် ဘယ်သူမှ ကျွန်တော့်ကို မသိသလို ဘောလုံးသမားမှန်းလဲ မသိခဲ့ကြပါဘူး ကျွန်တော် က သူများတွေ လေ့ကျင့်ပြီးချိန်မှ စတင်လေ့ကျင်ရပါတယ်။
ဝေယာဝစ္စ အလုပ်တွေနဲ့ ကျွန်တော်လုပ်ပြီးချိန်မှာ လေ့ကျင့်တော့ အချိန်နောက်ကျလို့ ညစာငတ်ခဲ့ရတဲ့ ရက်တွေများခဲ့ပါတယ် ဒီအကြောင်းတွေ အမေ့ကို ပြန်မပြောခဲ့ပါဘူး ကျွန်တော် စားသောက်ရတာ အဆင့်မြင့်ကြောင်း ပုစွန် ကြက်သားများ နဲ့ ကြွေးမွေးကြောင်း အမေစိတ်မပူရအောင် ပြောခဲ့ပါတယ် ကျွန်တော်ကြိုးစားခဲ့တယ် ။ ဒီကြားထဲ အခက်ခဲတွေ အများကြီးကျော်ဖြတ်ခဲ့ရတယ် ကျွန်တော် မှာ ရှိတာ ကျွန်တော်တတ်နိုင်တာ ကြိုးစားမှုပဲ ရှိလို့ ကျွန်တော် ကျိတ်ငိုခဲ့ရတာတွေ အမေ့ကို ပေးမသိခဲ့ပါဘူး။
ကျွန်တော် ဖြစ်ချင်တဲ့ ဘောလုံးသမားဖြစ်ဖို့ သူဋ္ဌေးအိမ်မှာ ကျွန်တော်နဲ့ အတူ ကစားသမားအချို့နဲ့ တူတူ သူဋ္ဌေးတောက်တိုမယ်ရ လုပ်ခဲ့ရပါတယ် ကျန်တဲ့ သူတွေ မလုပ်ပဲ ပြန်သွားကြပေမဲ့ ကျွန်တော်ပေပြီးဆက်နေခဲ့ ပါတယ် နောက်ဆုံးသူဋ္ဌေးက သဘောကျလို့ ကျွန်တော် လူကြီးအသင်းမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။
နေရာရဖို့ကြိုးစားတယ် လူကြီးအသင်းမှာမို့ ကျွန်တော် လစာ ညှိနှိုင်းတော့ ကျွန်တော်၁သိန်းခွဲတောင်းတာ များလို့ မပေးနို်င်ဘူးတဲ့ ဒါဆိုလဲ ၁သိန်းတော့ ပေးပါဆိုတော့ မရဘူးတဲ့ ၈သောင်းပဲရမယ်တဲ့ ကျွန်တော့ အကို ကိုဟိန်းဇာအောင်က အဲ့ဒါဆို မကွေးကလပ်ကို ပြန်လာဆိုလို့ ကျွန်တော် မကွေးကလပ်ပြန်ရောက်ခဲ့တယ်။ ကျွန်တော် အပြောခံရပါတယ် မင်းက ဘောလုံးကို ချစ်တာမဟုတ်ဘူး ငွေမက်တာတဲ့ ကျွန်တော်ဝမ်းနည်းပြီး မျက်ရည်မကျအောင် ထိန်းပြီး နားထောင်ခဲ့ပါတယ် ကျွန်တော် ငွေမက်တာ မဟုတ်ရပါဘူး ကျွန်တော် ထိုက်သင့်တာလေးပြောမိတာပါ။ ဒီလစာကိုလဲ အမေ့ကို ပြန်ပို့ပေးရမှာပါ။ အိမ်မှာ ညီမလေး ကျောင်းစရိတ် အဖေအမေတွက် ကျန်းမာရေးအသံုးစရိတ် ကျွန်တော် ထောက်ပံ့ချင်လို့ပါ။
ကျွန်တော်ဦးကြည်လွင်ရွေးတဲ့ U-23ကစားသမားတွေ ထဲ နောက်ဆုံးရွေးချယ် ခံခဲ့ရတော့ ကျွန်တော် ပျော်လိုက်တာဗျာ။ ကျွန်တော်ကြိုးစားခဲ့ပါတယ် အပြည့်ဝ အောင်မြင်မှူ မရခဲ့ပေမဲ့ ကျွန်တော်တို့တွေ အကောင်းဆုံးယှဉ်ပြိုင် ခဲ့ပါတယ်။ အခုလိုအောင်မြင်ခဲ့တာကလဲ ပရိတ်သတ်အားလုံးကပေးတဲ့ အင်အားတွေကြောင့်ပါ။ ဒါကြောင့်ကျွန်တော်ဦးထိပ်ထားတာ ဘုရားတရား သံဃာ မိဘ ဆရာနဲ့ ချစ်သော ပရိတ်သတ် ကြီးပါခင်ဗျာ ကျွန်တော် ဘဝ မမေ့ပါ မာနမကြီးပါဘူးခင်ဗျာ။ ။
credit- kyaw zin lwin

ဇွန်လ ၂၆ ရက်နေ့ ထုတ် Euro Sports Journal



ဇွန်လ ၂၆ ရက်နေ့ ထုတ် Euro Sports Journal
Download Link - http://www.mediafire.com/download/vtsv7g4ijzu5zd6/Euro+Sports+Vol+5%2CNo64%28Online%29.pdf

ဇွန်လ ၂၆ ရက်နေ့ ထုတ် Ain Arr Journal



ဇွန်လ ၂၆ ရက်နေ့ ထုတ် Ain Arr Journal
Download link - http://www.mediafire.com/download/109ami2d9sy2dn5/vol27no10.pdf

ယူနိုက်တက်၏ စိတ်ဝင်စားမှုကို တွန်းလှန်ရန် ရာမို့စ်အတွက် ခေါ်ဈေးကို ပေါင်(၆၅)သန်းထိ ရီးယဲလ်မြှင့်တင်သတ်မှတ်



ယူနိုက်တက်၏ စိတ်ဝင်စားမှုကို တွန်းလှန်ရန် ရာမို့စ်အတွက် ခေါ်ဈေးကို ပေါင်(၆၅)သန်းထိ ရီးယဲလ်မြှင့်တင်သတ်မှတ်

ရီးယဲလ်မက်ဒရစ် အသင်းသည် မန်ချက်စတာ ယူနိုက်တက်ထံမှ ချဉ်းကပ်လာမှုကို တွန်းလှန်ရန်အတွက် ခံစစ်မှူး ဆာဂျီယို ရာမို့စ်၏ ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် (၆၅)သန်းထိ မြှင့်တင် သတ်မှတ်လိုက်ကြောင်း သိရှိရသည်။

အင်္ဂလန် ကလပ်သည် အသက်(၂၉)နှစ်အရွယ် စပိန်လက်ရွေးစင်ကို ပေါင်စတာလင် (၃၅)သန်းတန် ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ခဲ့သော်လည်း ရီးယဲလ်က ငြင်းပယ်ထားလိုက်သည်။ ရီးယဲလ်သည် ယူနိုက်တက်၏ စပိန်လက်ရွေးစင် ဂိုးသမား ဒေးဗစ်ဒီဂီယာကို ဝယ်ယူရန် ကြိုးပမ်းလျက် ရှိနေရာ ယူနိုက်တက်က ရာမို့စ်ကို ရောင်းချမှ ဒီဂီယာကို ပြန်လည် လက်လွှတ်မည့် သဘောမျိုး အကြောင်းပြန်ထားသည်။ ထို့အပြင် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့သည့်တိုင် ရီးယဲလ်က ဒီဂီယာကို ဝယ်ယူမည်ဆိုလျှင် ပေါင်စတာလင် (၃၅)သန်းထိ ပေးချေရမည်ဆိုသော ခြိမ်းခြောက်မှုမျိုးဖြင့်လည်း ယူနိုက်တက် တုံ့ပြန်ထားကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ရီးယဲလ်သည် ရာမို့စ်ကို ဆက်လက် ထိန်းသိမ်းထားလိုသော်လည်း ကစားသမား ကိုယ်တိုင်က အသင်း၏ လုပ်ခလစာ သတ်မှတ်ချက် မညီမျှမှုအပေါ် မကျေမနပ် ဖြစ်နေပြီး ဘာနေဗျူးကို စွန့်ခွာရန် ဆန္ဒရှိနေကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်။ ဒီဂီယာကလည်း မွေးရပ်ဇာတိ မက်ဒရစ်သို့ ပြန်သွားရန် လိုလားနေရာ ယူနိုက်တက်က အဆိုပါ အခြေအနေတွင် ကစားသမား အပြန်အလှန် ဖလှယ်ပြောင်းရွှေ့မှု ဖြစ်မြောက်ရန် မျှော်လင့်လျက် ရှိသည်။ ရာမို့စ်သည် ရီးယဲလ်၌ (၁၀)နှစ်ကြာမျှ ကစားခဲ့သော်လည်း ပြီးခဲ့သည့် လပိုင်းများအတွင်း အသင်း၌ ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲ အခြေအနေများအပေါ် စိတ်အနှောင့်အယှက် ဖြစ်နေကြောင်းလည်း သိရှိရသည်။

Soccer Myanmar

ဆက်ခ်ျကို ရက်ပိုင်းအတွင်း အာဆင်နယ် စာချုပ်ခေါ်ယူနိုင်ဖွယ်ရှိ



ဆက်ခ်ျကို ရက်ပိုင်းအတွင်း အာဆင်နယ် စာချုပ်ခေါ်ယူနိုင်ဖွယ်ရှိ

လာမည့်ရက်ပိုင်း အတွင်း ပီတာဆက်ခ်ျ အနေဖြင့် ဆေးစစ်မှု ခံယူပြီး အာဆင်နယ်နှင့် စာချုပ်ဖြစ်ဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဆက်ခ်ျသည် ချယ်လ်ဆီးတွင် ဆယ်စုနှစ် တစ်ခုကျော် ကစားပြီးနောက် ယခုနွေရာသီတွင် မြို့ခံ လန်ဒန်ပြိုင်ဘက်များထံ ပြောင်းရွှေ့ရန် သေချာသလောက် ရှိနေပြီဟု သိရသည်။ ပြီးခဲ့သည့် ရာသီက ဘယ်လ်ဂျီယံ လူငယ်လက်တက် ဂိုးသမား သီဘောက်ကော်တွိုက်စ် အသင်းသို့ ရောက်လာပြီး အရန်လူအဖြစ် ပြောင်းလဲ သတ်မှတ်ခံရသည့်နောက် ဆက်ခ်ျသည် ချယ်လ်ဆီးကို စွန့်ခွာရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။ ချက်လက်ရွေးစင် ဂိုးသမားသည် အာဆင်နယ်နှင့် ပုဂ္ဂိုလ်ရေး သဘောတူညီချက်များ ကြိုတင်ရရှိထားပြီး ကလပ်အသင်းနှစ်ခု ဆွေးနွေးမှုမှာလည်း အပြီးသတ်လုပြီဟု ယုံကြည်ရသည်။

အသက်(၃၃)နှစ်ရှိ ဆက်ခ်ျကိုသာ လက်တွေ့ ခေါ်ယူနိုင်ခဲ့မည် ဆိုပါက ဝေါ့ဆစ်ခ်ျ ဆက်ဇနီနှင့် ဒေးဗစ်အော့စ်ပီနာတို့၏ စွမ်းဆောင်ရည်ကို အားမရဘဲ ဖြစ်နေသည့် အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးအတွက် ကျေနပ်စရာ အားဖြည့်မှု ဖြစ်လာဖွယ်ရှိသည်။ အာဆင်နယ်နှင့် ချယ်လ်ဆီးတို့သည် ဝါရင့် ဂိုးသမားအတွက် ပြောင်းရွှေ့ကြေးကို ညှိနှိုင်းနေဆဲဖြစ်ပြီး ပေါင်စတာလင် (၁၁)သန်းမျှထိ ဈေးနှုန်း ကျသင့်ဖွယ်ရှိကြောင်း သတင်းထွက်လျက် ရှိသည်။ ဆက်ခ်ျသည် (၂၀၀၄)ခုနှစ်တွင် ပြင်သစ်ကလပ် ရိန်းစ်မှ ချယ်လ်ဆီးသို့ ရောက်ရှိလာပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု (၄)ကြိမ်၊ FAဖလား၊ ချန်ပီယံလိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားများ ဆွတ်ခူးရယူနိုင်ခဲ့သည်။

Soccer Myanmar

ကားလို့စ်တီဗက်ဇ်ကို ခေါ်ယူနိုင်ခဲ့ကြောင်း ဘိုကာဂျူနီယာအသင်း ကြေညာ



ကားလို့စ်တီဗက်ဇ်ကို ခေါ်ယူနိုင်ခဲ့ကြောင်း ဘိုကာဂျူနီယာအသင်း ကြေညာ

ကားလို့တီဗက်ဇ်သည် ဂျူဗင်တပ်စ်မှ ထွက်ခွာပြီး ဘိုကာဂျူနီယာသို့ ပြန်လည်ရောက်ရှိလာမည့်အတွက် ကြိုဆိုကြောင်း အာဂျင်တီးနားကလပ်က Twitter account မှတဆင့် အတည်ပြု ပြောကြားလိုက်သည်။

အဆိုပါ ကြေညာချက်သည် အာဂျင်တီးနားအသင်းက ကိုပါအမေရိက ကွာတားဖိုင်နယ်တွင် ကိုလံဘီယာကို ပင်နယ်တီဖြင့် အနိုင်ရရှိပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

တီဗက်ဇ်သည် ၁၉၉၇ ခုနှစ်က ဘိုကာဂျူနီယာ လူငယ်အသင်းတွင် ပါဝင်ခဲ့ပြီးနောက် ၂၀၀၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ စီနီယာအသင်းတွင် ပါဝင်ကစားခဲ့ကာ ကိုပါဆူဒါမေရိကာနာ၊ လီဘာတာဒိုးရက်စ်နှင့် အင်တာကွန်တီနန်တယ် ဆုဖလားတို့ကို ရရှိခဲ့သည်။

၎င်းသည် ၂၀၀၅ ခုနှစ်တွင် ဘရာဇီးကလပ် ကိုရစ်သီယန်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ၂၀၀၆-၂၀၀၇ ဘောလုံးရာသီတွင် အာဂျင်တီးနား အသင်းဖော် မာရှေယာနိုနှင့်အတူ ဝက်စ်ဟမ်းသို့ ရောက်ရှိလာခဲ့သည်။

အဆိုပါ ဘောလုံးရာသီတွင် တီဗက်စ်သည် ဝက်စ်ဟမ်းအသင်းကို ပရီးမီးယားလိဂ်တွင် တင်ကျန်ရစ်စေရန် အဓိက အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပြီးနောက် နွေရာသီတွင် မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့ခဲ့သည်။ တီဗက်ဇ်သည် အိုးထရတ်ဖို့ဒ်တွင် နှစ်ရာသီကြာ ကစားခဲ့ပြီးနောက် မန်ချက်စတာစီးတီးသို့ ပြောင်းရွှေ့ကစားခဲ့သည်။

အင်္ဂလန်တွင် ကစားခဲ့ချိန်အတွင်း တီဗက်ဇ်သည် အငြင်းပွားဖွယ်ရာ ဖြစ်ရပ်များနှင့် ကြုံတွေ့ခဲ့ရပြီး ဘိုင်ယန်မြူးနစ်နှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တစ်ခုတွင် ရော်ဘတ်တိုမန်စီနီ၏ သွေးပူလေ့ကျင့်ခန်း ပြုလုပ်ရန် ညွှန်ကြားချက်ကို ငြင်းဆန်ခဲ့ပြီးနောက် ၂၀၁၁-၁၂ ဘောလုံးရာသီတွင် ပွဲတော်တော်များများ၌ ပါဝင်ကစားခဲ့ရခြင်း မရှိပေ။ သို့သော်လည်း တီဗက်ဇ်သည် အာဂျင်တီးနားတွင် ကာလကြာရှည် နေထိုင်ခဲ့ပြီးနောက် မန်စီးတီးသို့ ပြန်လာခဲ့ပြီး အသင်းအတွက် ပထမဦးဆုံး ပရီးမီးယားလိဂ် ဆုဖလားကို ရယူပေးနိုင်ခဲ့သည်။

ပရီးမီးယားလိဂ်တွင် နောက်ဆုံးရာသီ ကစားခဲ့ပြီးနောက် တီဗက်ဇ်သည် ၂၀၁၃ ခုနှစ်တွင် ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ခဲ့သည်။ ၎င်းသည် အန်တိုနီယို ကွန်တီနှင့် မက်ဆီမီလီယာနို အယ်လီဂရီ လက်အောက်တွင် အသင်းအောင်မြင်မှုများ ရရှိရာ၌ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
အာဂျင်တီးနား တိုက်စစ်ကစားသမားသည် ပြီးခဲ့သည့် ဘောလုံးရာသီက ဂျူဗင်တပ်စ်အတွက် ၂၉ ဂိုး သွင်းယူကာ စီးရီးအေ ဆုဖလားနှင့် ကိုပါအီတာလီယာ ဆုဖလားတို့ကို ရယူနိုင်ခဲ့သော်လည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဘာစီလိုနာကို အရေးနိမ့်ခဲ့သည်။
တီဗက်ဇ်သည် ဥရောပတွင် ကစားခဲ့သည့် ကာလအတွင်း ပရီးမီးယားလိဂ် ဆုဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလားနှင့် ချန်ပီယံလိဂ် အပြင် စီးရီးအေ ဆုဖလား ၂ ကြိမ်နှင့် ကိုပါအီတာလီယာ ၁ ကြိမ် ရရှိခဲ့သည်။

Soccer Myanmar

Friday, June 26, 2015

ရာမို့စ်အတွက် မန်ယူ၏ ပေါင်၃၅သန်းဖြင့်ကမ်းလှမ်းမှုကို ရီးယဲလ်ပယ်ချ



ရာမို့စ်အတွက် မန်ယူ၏ ပေါင်၃၅သန်းဖြင့်ကမ်းလှမ်းမှုကို ရီးယဲလ်ပယ်ချ

ရဲရင့်ဋ္ဌေး

ဇွန် ၂၆၊ မက်ဒရစ်။       ။ ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်း၏အဓိကနောက်ခံလူ ရာမို့စ်အတွက် မန်ယူအသင်းမှ ပေါင် ၃၅ သန်းဖြင့် ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် မန်ယူဂိုးသမား ဒီဂီရာ ကိုခေါ်ယူရန်ကြိုးပမ်းမှုများပြုလုပ်နေပြီးနောက် မန်ယူကလည်း ရာမို့စ် ကို ပြန်လည်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်း၏သတင်းထုတ်ပြန်ချက်တွင် ရာမို့စ်၏အနာဂတ်အတွက် ဇူလိုင် ၁၀ရက်တွင်စတင်မည့် သြစတြေးလျနှင့် တရုတ်ခရီးစဉ်များမတိုင်မီ၌အသင်းအမှုဆောင်ဒါရိုက်တာချုပ် ဂျို့စ်အိန်ဂျယ်ဆန်းချက်ဇ် နှင့်တွေ့ဆုံဆွေးနွေး မည်ဟုဖော်ပြထား သည်။

အသက် ၂၉နှစ်အရွယ်ရှိ စပိန်လက်ရွေးစင်နောက်ခံလူမှာ ရီးယဲလ်တွင် တစ်နှစ်လုပ်ခလစာ ပေါင်လေးသန်း ရရှိနေသူဖြစ်ပြီး လစာ ပေါင် ၆.၅သန်းအထိ တိုးမြှင့်ပြီး စာချုပ်သစ်ချုပ်ရန် တောင်းဆိုထားသည်။

ရီးယဲလ်နည်းပြသစ် ဘင်နီတက်ဇ်အနေဖြင့်လည်း အဓိကကစားသမားများကို ထုတ်ရောင်းရန်ဆန္ဒမရှိသော်လည်း မန်ယူမှ တစ်နှစ်လစာ ပေါင် ၇.၈ သန်းဖြင့် ကမ်းလှမ်းထားသောကြောင့် ကာယကံရှင်က မန်ယူသို့ပြောင်းရွှေ့ရန် ဆန္ဒရှိနေသည်။

မန်ယူအသင်းမှ မူလက ဒီဂီရာ၏အပြောင်းအရွှေ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ရာမို့စ်ကို ကမ်းလှမ်းခဲ့သော်လည်း ရီးယဲလ် ကလက်မခံခဲ့သဖြင့် နောက်ပိုင်းတွင် သီးသန့်ကမ်းလှမ်းမှုများပြုလုပ်လာခြင်းဖြစ်သည်။

Ref; Daily Mail

Mizzima