Pages

Subscribe:

Monday, July 13, 2015

GFA ကို ရှုံးနိမ့်ပြီး ဗိုလ်ချူပ်အောင်ဆန်းဒိုင်း ဒုတိယ အဆင့်မှ ထွက်ခွာခဲ့ရသည့် ရန်ကုန်ယူနိုက်တက်



GFA ကို ရှုံးနိမ့်ပြီး ဗိုလ်ချူပ်အောင်ဆန်းဒိုင်း ဒုတိယ အဆင့်မှ ထွက်ခွာခဲ့ရသည့် ရန်ကုန်ယူနိုက်တက်

ဗိုလ်ချူပ် အောင်ဆန်းဒိုင် ရှုံးထွက် ဘောလုံးပြိုင်ပွဲ ဒုတိယ အဆင့် ပွဲစဉ်တွေကို ယမန်နေ့ ညနေပိုင်းမှာ ဆက်လက် ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက် အသင်းဟာGFA အသင်းကို တစ်ဂိုး ဂိုး မရှိဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ ရပါသည်။

ရန်ကုန် ယူနိုက်တက် ဘောလုံး အသင်းဟာ ပွဲထွက် ကစားသမား စာရင်းကို အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဒဏ်ရာ ရနေတဲ့ ကျော်ကိုကို၊ ကြည်လင်းတို့ နေရာမှာ အောင်ကျော်ထွေးနဲ့ ဇွန်မိုးအောင်တို့ကို ထည့်သွင်း ကစားခဲ့ပါသည်။
ပွဲအစကတည်းက ရန်ကုန် ယူနိုက်တက် အသင်းက ဖိကစားခဲ့ပြီး ပွဲချိန် မိနစ်သုံးဆယ်ကျော်မှာ ပိုမိုဖိ ကစားလာ ခဲ့ပေမယ့် တိုက်စစ်မှူး ဆီဇာနဲ့ အောင်ကျော်ထွေးတို့ဟာ အဆုံးသတ် မသေချာတာကြောင့် ပထမပိုင်းမှာ ဂိုးမရှိ သရေ ဖြစ်နေခဲ့ပါသည်။

ဒုတိယပိုင်းမှာလည်း ရန်ကုန်ယူနိုက်တက် အသင်းဟာ ပထမပိုင်းက အတိုင်း ဆက်လက်ဖိ ကစားနေခဲ့ပေမယ့် ဂိုးရရှိ သွားတာကတော့ GFA အသင်းဖြစ်ပြီး တန်ပြန်တိုက်စစ်မှ တဆင့် ကျောနံပါတ်ခြောက်က သွင်းယူပေးခဲ့တာ ဖြစ်ပါသည်။ ဂိုးရရှိတာကြောင့်GFA အသင်း အနေနဲ့ ခံစစ်ကို ပိုမို အားပြု ကစားခဲ့တာကြောင့် ရန်ကုန်ယူနိုက်တက် ဘောလုံး အသင်း အနေနဲ့ ဂိုးရဖို့ ပိုခက်ခဲ လာခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက် နည်းပြချူပ် ဂျီဆစ်ဟာ သန်းပိုင်၊ သန်းထိုက်အောင်တို့ကို ထပ်မံ ထည့်သွင်းကာ ဂိုးရ ဖို့ကို ကြိုးစား ကစားခဲ့ပါသည်။ သို့သော် သန်းပိုင်ဒဏ်ရာ အနည်းငယ် ရနေခြင်း၊ တိုက်စစ်မှူး ဆီဇာဂိုး ကံခေနေခြင်းတို့ကြောင် ဂိုးမရပဲ ပြီးဆုံးခဲ့ပါသည်။
GFA အသင်းဟာ မြန်မာနေရှင်နယ်လိဂ် သမိုင်းတစ်လျှောက်မှာ ရန်ကုန်ယူနိုက်တက် အသင်းကို ပထမဆုံးအကြိမ် အနိုင်ရခဲ့တာဖြစ်ပြီး ရန်ကုန်ယူနိုက်တက် အသင်းအနေနဲ့ သမိုင်း တစ်လျှောက်မှာ ပထမဆုံးအကြိမ် ယခုအဆင့်မှထွက်လိုက်ရတာ ဖြစ်ပါသည်။

Soccer Myanmar
Khant Gyi

0 comments:

Post a Comment