Pages

Subscribe:

Sunday, July 5, 2015

ချာလီအော်စတင်အတွက် ပေါင် ၁၂ သန်းဖြင့် ကမ်းလှမ်းမှုကို ကျူပီအာ ပယ်ချ



ချာလီအော်စတင်အတွက် ပေါင် ၁၂ သန်းဖြင့် ကမ်းလှမ်းမှုကို ကျူပီအာ ပယ်ချ

ကျူပီအာသည် ချာလီအော်စတင်အတွက် လက်ဆက်စတာအသင်း၏ ပေါင် ၁၂ သန်းတန် ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရသည်။

ကျူပီအာသည် ပြီးခဲ့သည့် ဘောလုံးရာသီက လိဂ်ဇယားအောက်ခြေတွင် ရပ်တည်ခဲ့ရပြီး တန်းဆင်းခဲ့ရသောကြောင့် နွေရာသီတွင် အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးကို ခေါ်ယူရန် နယူးကာဆယ်နှင့် ဝက်စ်ဟမ်း အပါအဝင် ပရီးမီးယားလိဂ် အသင်းများက စိတ်ဝင်စားလျက်ရှိသည်။

Sky သတင်းရင်းမြစ်များ၏ အဆိုအရ နယူးကာဆယ်သည် ၎င်းတို့၏ ထိပ်တန်းပစ်မှတ်စာရင်းတွင် အော်စတင်ကို ထည့်သွင်းထားချိန်တွင် လက်ဆက်စတာက ကျူပီအာ တိုက်စစ်မှူးကို အရခေါ်ရန် ကြိုးပမ်းလာခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ပြီးခဲ့သည့် ဘောလုံးရာသီက ပရီးမီးယားလိဂ်တွင် ၁၈ ဂိုး သွင်းယူခဲ့သော အော်စတင်အတွက် ပေါင် ၁၅ သန်းအောက်ထက် လျော့နည်းသော ကမ်းလှမ်းမှုများကို ကျူပီအာက လက်ခံသွားမည်မဟုတ်ကြောင်း ဆိုသည်။

အော်စတင်သည် ဘလန်အတွက် ပွဲ ၉၀ ကစားပြီး ၄၅ ဂိုး သွင်းယူခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် သြဂုတ်လက ကျူပီအာသို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။ ၂၀၁၃-၁၄ ဘောလုံးရာသီတွင် ကျူပီအာအသင်း ပရီးမီးယားလိဂ်သို့ တန်းတက်လာစေရန် အော်စတင်က စွမ်းဆောင်နိုင်ခဲ့ပြီး ပြိုင်ပွဲအရပ်ရပ်တွင် ၃၈ ဂိုး သွင်းယူခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment