Pages

Subscribe:

Tuesday, July 14, 2015

လောရစ်၏ ဒဏ်ရာက စပါးအတွက် ထိုးနှက်ချက်ဖြစ်လာ-



လောရစ်၏ ဒဏ်ရာက စပါးအတွက် ထိုးနှက်ချက်ဖြစ်လာ-

အသင်း၏ ဂိုးသမား ဟူဂိုလောရစ် ထိခိုက် ဒဏ်ရာ ရနေခြင်းက တော့တင်ဟမ် ဟော့စပါးအတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့သည်။

ပြင်သစ်လက်ရွေးစင်သည် လက်ကောက်ဝတ်အရိုး ကျိုးသွားသည့်နောက် ဩဂုတ်လ (၈)ရက်၊ မန်ချက်စတာ ယူနိုက်တက်နှင့် ကစားမည့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွင် ပါဝင်နိုင်ရန် မရေမရာ ဖြစ်နေကြောင်း သိရှိရသည်။ ယူနိုက်တက်သည် လောရစ်ကို စောင့်ကြည့်နေသော အသင်းလည်းဖြစ်ပြီး ဦးစားပေး ဂိုးသမား ဒေးဗစ်ဒီဂီယာကို ရီးယဲလ်မက်ဒရစ်က ဝယ်ယူသွားပါက အသက်(၂၈)နှစ်အရွယ် လောရစ်ကို ချိတ်ဆက်လာဖွယ် ရှိနေသည်။ လောရစ်သည် အသင်းနှင့်အတူ ရာသီကြို လေ့ကျင့်ခန်းဆင်းရန် လာရောက်ပူးပေါင်းပြီးနောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ပြီးခဲ့သည့် ရာသီနှောင်းက ရရှိခဲ့သည့် ဒဏ်ရာ အကင်းမသေကြောင်း တွေ့ရှိခဲ့သည်။

စပါး၏ တရားဝင် ဝက်ဘ်ဆိုက်တွင် လောရစ်၏ ဒဏ်ရာကိစ္စကို ကြေညာခဲ့ရာ “အသင်းအနေနဲ့ လောရစ်ဟာ ရာသီပိတ် ကာလမှ လက်ကောက်ဝတ် အရိုးကျိုး ဒဏ်ရာတစ်ခု ရခဲ့တာကို အတည်ပြုနိုင်ပါတယ်။ ပြင်သစ် ဂိုးသမားဟာ ပထမအသင်းနဲ့ အတူတွဲ အလုပ်လုပ်နေရင်း ရာသီသစ် အစပြုနိုင်ဖို့အတွက် သူ့ကြံ့ခိုင်မှု အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေပါမယ်။ အသင်းရဲ့ ဆေးအဖွဲ့ဟာ ရာသီကြို ကာလမှာ သူ့ရဲ့ နာလန်ထ အစီအစဉ်တွေအတွက် စောင့်ကြည့် စီမံပေးသွားမှာ ဖြစ်ပါတယ်”ဟု ဖော်ပြထားသည်။

စပါးတွင် ဂိုးသမားကြီး ဘရက်ဒ်ဖရီဒယ်လ် အနားယူသွားပြီဖြစ်ရာ မိုက်ကယ်ဗွမ်း တစ်ဦးတည်းသာ စီနီယာ ဂိုးသမားအဖြစ် ကျန်ရှိတော့သည်။ အသင်းမန်နေဂျာ မော်ရစ်စီယို ပိုချက်တီနိုသည် လူငယ် ဂိုးသမားလေး လုခ်မက်ဂီးကို ရာသီကြို ကာလများတွင် ပထမအသင်းသို့ ခေါ်ယူကာ နေရာပေး အသုံးပြုဖွယ် ရှိနေကြောင်းလည်း သိရသည်။

Soccer Myanmar

@ pumta

0 comments:

Post a Comment