Pages

Subscribe:

Friday, July 3, 2015

ဝုလ်ဖ်ဘာ့ဂ်နှင့် ဒီဘရုမ်းတို့ စာချုပ်သစ် ကိစ္စ ဆွေးနွေးမှုကို မန်စီးတီး စောင့်ကြည့်နေ



ဝုလ်ဖ်ဘာ့ဂ်နှင့် ဒီဘရုမ်းတို့ စာချုပ်သစ် ကိစ္စ ဆွေးနွေးမှုကို မန်စီးတီး စောင့်ကြည့်နေ

မန်ချက်စတာ စီးတီးအသင်းသည် ကီဗင်ဒီဘရုမ်းကို လက်တွေ့မကမ်းလှမ်းမီ ကစားသမားနှင့် လက်ရှိကလပ် ဝုလ်ဖ်ဘာ့ဂ်တို့ကြား စာချုပ်ကိစ္စ ဆွေးနွေးမှုကို ဦးစွာ စောင့်ကြည့်နေကြောင်း သိရှိရသည်။

ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်တိုက်စစ်သမားကို ပရီးမီးယားလိဂ် ကလပ်က အလေးအနက် စိတ်ဝင်စားနေသော်လည်း တစ်ဖက်တွင် ဂျာမန်ကလပ်ကလည်း ဒီဘရုမ်းကို ဆက်လက် ထိန်းသိမ်းထားရန် ဆန္ဒရှိနေသည်။ ထို့ကြောင့် ဝုလ်ဖ်ဘာ့ဂ်က ဒီဘရုမ်းကို စာချုပ်သစ် ချုပ်ဆိုရန် ဆွေးနွေးနေပြီး မန်စီးတီးကလည်း ပြောင်းရွှေ့ကြေး အလုံးအရင်းဖြင့် ကမ်းလှမ်းမှုတစ်ရပ် မစတင်မီ အဆိုပါ ဆွေးနွေးမှု ရလဒ်ကို စောင့်ကြည့်နေခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။

Goal.comက မန်စီးတီးသည် ချယ်လ်ဆီး အသင်း၏ ကစားသမားဟောင်းကို ပေါင်စတာလင် (၃၅)သန်းထိ ဈေးပေး ခေါ်ယူရန် ဆန္ဒရှိနေကြောင်း ဖော်ပြခဲ့သည်။ မန်စီးတီးသည် လီဗာပူးလ် တောင်ပံတိုက်စစ်သမား ရာဟင်မ်စတာလင်ကို ဦးစားပေးအဖြစ် ချိတ်ဆက်ခဲ့သော်လည်း ပြောင်းရွှေ့ကြေး သဘောတူညီမှု မရရှိသည့်နောက် ဒီဘရုမ်းအတွက် ပိုမိုအာရုံစိုက် ကြိုးပမ်းလာဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

Soccer Myanmar

0 comments:

Post a Comment