Pages

Subscribe:

Saturday, July 4, 2015

ဘန်တီကီကို ခေါ်ယူရန် ရော်ဂျာကို ဖောင်လာ တိုက်တွန်း



ဘန်တီကီကို ခေါ်ယူရန် ရော်ဂျာကို ဖောင်လာ တိုက်တွန်း

လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော်ဂျာအနေဖြင့် နွေရာသီတွင် ခရစ္စတီယန် ဘန်တီကီကို ခေါ်ယူရန် အစွမ်းကုန် ကြိုးပမ်းသင့်ကြောင်းနှင့် အဆိုပါ တိုက်စစ်မှူးသည် အသင်းအတွက် အကောင်းဆုံး ခေါ်ယူမှုတစ်ရပ် ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း အသင်းဂန္တဝင် ကစားသမား ရော်ဘီဖောင်လာက တိုက်တွန်း ပြောကြားလိုက်သည်။

လီဗာပူးလ်သည် လူးဝစ်ဆွာရက်ဇ်ကို ဘာစီလိုနာထံ ရောင်းချခဲ့ပြီးနောက် ဒန်နီရယ် စတားရစ်ခ်ျကလည်း ပုံမှန်ခြေစွမ်းရရန်နှင့် ကြံ့ခိုင်မှုပြည့်ဝရန် ရုန်းကန်ခဲ့ရသည့်အတွက် ပြီးခဲ့သည့်ရာသီက အသင်း၏ တိုက်စစ်ပိုင်းတွင် အဓိကပြဿနာများနှင့် ကြုံတွေ့ခဲ့ရသည်။ အသင်း၏ ဂိုးသွင်းစာရင်းတွင် ကွင်းလယ်ကစားသမား စတီဗင်ဂျရတ်က သွင်းဂိုး ၉ ဂိုးဖြင့် ထိပ်ဆုံး၌ ရပ်တည်ခဲ့သည်။

ထို့အတွက် ဘန်တီကီသည် လီဗာပူးလ်၏ တိုက်စစ်ပိုင်း ပြဿနာကို ဖြေရှင်းပေးနိုင်မည့် အဖြေတစ်ခု ဖြစ်ကြောင်းနှင့် ၎င်းသည် အသင်း၏ ကစားဟန်နှင့် အံဝင်သူဖြစ်ကြောင်း ဖောင်လာက ဆိုခဲ့သည်။

“တိုက်စစ်မှူး ပြဿနာက အရေးပါတဲ့ကိစ္စပါ။ ပြီးခဲ့တဲ့နဲ့မှာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀ ဂိုးရတဲ့ ကစားသမား အသင်းမှာ မရှိခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အသင်းရဲ့ တိုက်စစ်ပိုင်း ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် တိုက်စစ်မှူးတစ်ယောက်ကို အရခေါ်နိုင်ဖို့ အရေးကြီးပါတယ်။ ကျွန်တော့်အထင်ကတော့ ဘန်တီကီက ဒီပြဿနာအတွက် အကောင်းဆုံးအဖြေလို့ ထင်ပါတယ်။ ဒီနေရာအတွက် အခြားထိပ်တန်း တိုက်စစ်မှူးတွေ ရှိတယ်ဆိုပေမယ့် ခွန်အား၊ မြန်နှုန်းနဲ့ အဆုံးသတ်ပိုင်းမှာ ဘန်တီကီက အကောင်းဆုံးလို့ ထင်ပါတယ်။ သူက လီဗာပူးလ်အတွက် အဓိက ကစားသမားတစ်ယောက် ဖြစ်လာနိုင်ပါတယ်” ဟု ဖောင်လာက ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment