Pages

Subscribe:

Wednesday, July 8, 2015

ပေါ်တိုသို့ ပြောင်းရွှေ့ရန် ကားဆီးလက်စ် ဆန္ဒရှိနေဟု ၎င်း၏အေးဂျင့် ဆို



ပေါ်တိုသို့ ပြောင်းရွှေ့ရန် ကားဆီးလက်စ် ဆန္ဒရှိနေဟု ၎င်း၏အေးဂျင့် ဆို

အိုက်ကာ ကားဆီးလက်စ်သည် ၂၀၁၅-၁၆ ဘောလုံးရာသီ မတိုင်မီ ရီးယဲမက်ဒရစ်မှ ထွက်ခွာပြီး ပေါ်တိုသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း ဂိုးသမား၏ အေးဂျင့်ဖြစ်သူ ကာလိုကူထရိုပီယာက ထုတ်ဖော်ပြောကြားလိုက်သည်။

အသက် ၃၄ နှစ်အရွယ် ကားဆီးလက်စ်နှင့် ဆန်တီယေဂို ဘာနေဗျူး၏ အနာဂတ်သည် မသေချာ မရေရာသည့် အနေအထားတွင် ရှိနေပြီး အသင်းကလည်း မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒေးဗစ်ဒီဂီယာကို လာလီဂါသို့ ခေါ်ယူရန် ဆန္ဒရှိနေသည်။ ထို့အပြင် ကီလာနာဗက်စ်ကလည်း မက်ဒရစ်၏ နံပါတ်တစ် ဂျာစီကို ဝတ်ဆင်ခွင့်ရရန် မျှော်မှန်းထားသည်။

ထို့အတွက်ကြောင့် ကားဆီးလက်စ်က ဘာနေဗျူးမှ ထွက်ခွာရန် ဆန္ဒရှိနေပြီး မက်ဒရစ်အနေဖြင့်လည်း ၎င်းကို ပေါ်တို့သို့ ပြောင်းရွှေ့ခွင့်ပေးရန် မျှော်လင့်ထားလျက်ရှိသည်။

“ကားဆီးလက်စ်က ပေါ်တိုကို ပြောင်းရမယ့် အခွင့်အရေးနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားနေပါတယ်။ ရီးယဲမက်ဒရစ်ကလည်း သူ့ကို ပြောင်းရွှေ့ခွင့်ပေးမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု အေးဂျင့်ဖြစ်သူ ကူထရိုပီယာက ပြောကြားခဲ့သည်။

စပိန်လက်ရွေးစင် ကစားသမားသည် မက်ဒရစ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ပွဲ ၇၀၀ ကျော် ကစားထားသူ ဖြစ်သည်။

၎င်းသည် မက်ဒရစ်နှင့်အတူ လာလီဂါ ဆုဖလား ငါးကြိမ်အပြင် ကိုပါဒယ်ရေး နှစ်ကြိမ် ရရှိခဲ့သလို စူပါကိုပါဖလား လေးကြိမ်၊ ချန်ပီယံလိဂ် သုံးကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား နှစ်ကြိမ်၊ ဖီဖာ ကမ္ဘာ့ကလပ်များဖလားနှင့် အင်တာကွန်တီနန်တယ်ဖလား တစ်ကြိမ်စီ ရရှိခဲ့သည်။
ကားဆီးလက်စ်နှင့် မက်ဒရစ်တို့၏ စာချုပ်သည် ၂၀၁၇ ခုနှစ် ဇွန်လတွင် ကုန်ဆုံးမည် ဖြစ်သည်။

Soccer Myanmar
Khant Gyi

0 comments:

Post a Comment