Pages

Subscribe:

Sunday, July 19, 2015

မထင်မှတ်ထားသည့် တိုက်စစ်မှူးတစ်ဦးကို ယူနိုက်တက် ခေါ်ယူဖွယ်ရှိကြောင်း ဗန်ဂါးလ် အရိပ်အမြွက်ဆို



မထင်မှတ်ထားသည့် တိုက်စစ်မှူးတစ်ဦးကို ယူနိုက်တက် ခေါ်ယူဖွယ်ရှိကြောင်း ဗန်ဂါးလ် အရိပ်အမြွက်ဆို

အပြောင်းအရွှေ့ရာသီ မပိတ်မီတွင် လူအများ မထင်မှတ်ထားသည့် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူသွားဖွယ်ရှိကြောင်း မန်ချက်စတာယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က အရိပ်အမြွက် ပြောကြားလိုက်သည်။

ယူနိုက်တက်သည် အမေရိကကလပ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သော ရာသီကြို ခြေစမ်းပွဲတွင် အသင်း၏ တိုက်စစ်ပိုင်း၌ ဝိန်းရွန်နီနှင့် လူငယ် ကစားသမား ဂျိမ်းစ်ဝီလ်ဆင်တို့ကိုသာ အသုံးပြုခဲ့သည်။

ယူနိုက်တက်သည် အသင်း၏ တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီကို ဖီနာဘာချီထံ ရောင်းချခဲ့ပြီးနောက် ပီအက်စ်ဂျီ တိုက်စစ်မှူး အက်ဒီဆင် ကာဗာနီနှင့် ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးတို့ကို ချိတ်ဆက်မှုများ ပြုလုပ်ခဲ့သည်။

ဗန်ပါးလ်ကမူ မိမိအနေဖြင့် ယူနိုက်တက်၏ တိုက်စစ်မှူး နေရာအတွက် စိုးရိမ်ပူပန်ခြင်း မရှိကြောင်းနှင့် စက်တင်ဘာလ ၁ ရက် အပြောင်းအရွှေ့ရာသီ မပိတ်မီတွင် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူသွားဖွယ်ရှိကြောင်း ဆိုခဲ့သည်။

“ကျွန်တော်တို့မှာ ရွန်နီ ရှိပါတယ်။ သူက တိုက်စစ်မှူးနေရာမှာ ကစားနိုင်သူပါ။ အဲ့ဒီနေရာမှာ သူကစားနိုင်တယ်လို့ မီဒီယာအားလုံးက ရေးသားခဲ့ကြပါတယ်။ အဲ့ဒီအတိုင်း ကျွန်တော် သူ့ကို သုံးခဲ့ပါတယ်။ အခုကျ ဒီမေးခွန်းမေးတယ်ဆိုတာကိုတော့ ကျွန်တော် နားမလည်နိုင်ပါဘူး” ဟု ဗန်ဂါးလ်က သတင်းထောက်များထံ ပြောကြားခဲ့သည်။

ဆက်လက်ပြီး “အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ဟာနန်ဒက်ဇ်လည်းရှိပါတယ်။ ဝီလ်ဆင်ကလည်း ဒီနေရာမှာ ကစားနိုင်သူပါ။ နောက်ပြီး မထင်မှတ်ထားတဲ့ တိုက်စစ်မှူးတစ်ယောက်လည်း ရောက်လာနိုင်ပါတယ်။ အဲ့ဒီနေရာအတွက် ကျွန်တော် မစိုးရိမ်ပါဘူး” ဟု ၎င်းက ဆိုခဲ့သည်။

မက္ကဆီကို လက်ရွေးစင် တိုက်စစ်မှူး ဟာနန်ဒက်ဇ်သည် ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ရီးယဲမက်ဒရစ်ထံ အငှားဖြင့် သွားရောက်ကစားခဲ့ရသော်လည်း ဗန်ပါစီနှင့် ရာဒါမယ်ဖယ်ကာအိုတို့ ထွက်ခွာသွားပြီးနောက် ၎င်းအနေဖြင့် အိုးထရတ်ဖို့ဒ်တွင် ဆက်ရှိနေမည့် အခွင့်အရေးများ ပိုင်ဆိုင်လာခဲ့သည်။

“ဟာနန်ဒက်ဇ်က ဇူလိုင်လ ၂၅ ရက်မှာ အမေရိကန်ကို ရောက်လာပါလိမ့်မယ်။ သူ့အနေနဲ့ သက်သေပြနိုင်လိမ့်လို့ မျှော်လင့်ပါတယ်။ အခုဆိုရင် ဖယ်ကာအိုနဲ့ ဗန်ပါစီတို့ မရှိတော့ သူ့အတွက် အခွင့်အရေးတွေ ပိုရှိလာပါပြီ” ဟု ဗန်ဂါးလ်က ပြောကြားသွားခဲ့သည်။

Soccer Myanmar
Khant Gyi

0 comments:

Post a Comment