Pages

Subscribe:

Saturday, July 4, 2015

ကွန်ဒေါ့ဘီယားသည် ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်လာနိုင်ကြောင်း မန်စီနီ သုံးသပ်



ကွန်ဒေါ့ဘီယားသည် ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်လာနိုင်ကြောင်း မန်စီနီ သုံးသပ်

အသစ်ခေါ်ယူလိုက်သည့် ကစားသမား ဂျက်ဖရီ ကွန်ဒေါ့ဘီယားသည် ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမားတစ်ယောက် ဖြစ်လာနိုင်ကြောင်း အင်တာမီလန် နည်းပြ ရော်ဘတ်တို မန်စီနီက ပြောကြားလိုက်သည်။

အသက် ၂၂ နှစ်အရွယ် ကစားသမားသည် ပြီးခဲ့သည့်လက မိုနာကိုမှ ယူရို ၃၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး အင်တာမီလန်နှင့် ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့သူ ဖြစ်သည်။

ထို့နောက် မန်စီနီက ပြင်သစ်လက်ရွေးစင် ကစားသမားသည် ပြောင်းရွှေ့ကြေးနှင့် ထိုက်တန်သည့် ခြေစွမ်းကို ပြသနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဆိုခဲ့သည်။
၎င်းက “ဂျက်ဖရီက ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ယောက် ဖြစ်လာနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဇာဒန် ရှာကီရီနှင့် ဒေးဗစ်ဆန်တန်တို့သည် နွေရာသီတွင် ဆန်စီရိုမှ ထွက်ခွာသွားနိုင်ကြောင်း မန်ချက်စတာစီးတီး နည်းပြဟောင်းက ဝန်ခံပြောကြားခဲ့သည်။

ဆွစ်ဇာလန် လက်ရွေးစင် ကစားသမား ရှာကီရီသည် ဇန်နဝါရီလက ဆန်စီရိုသို့ ရောက်ရှိလာခဲ့သူ ဖြစ်သော်လည်း စတုတ်စီးတီးသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သလို ဆန်တန်သည်လည်း ကစားသမားသစ်များကြောင့် အသင်းမှ ထွက်ခွာရန် စီစဉ်လျက်ရှိသည်။

“ဇန်နီဝါရီလက ခေါ်ယူခဲ့တဲ့ ဆန်တန်နဲ့ ရှာကီရီအပေါ် ကျွန်တော်တို့ ယုံကြည်ခဲ့ပါတယ်။ အသင်းမှာက ကစားသမား ၂၅ ယောက်ပဲ ပါဝင်ခွင့်ရှိတာပါ။ ဒါကြောင့် ကျွန်တော်တို့ တစ်ခုခု ဆုံးဖြတ်ရပါမယ်။ အချို့ကစားသမားတွေကတော့ အသင်းက ထွက်ခွာရဖို့ရှိပါတယ်။ သူတို့အနေနဲ့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟု မန်စီနီက ဆိုခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment