Thursday, February 12, 2015
မြန်မာနေရှင် နယ်လိဂ်ရှိ ပြည်ပ ကစားသမား များနှင့် ပတ်သက်၍ ဦးမင်းဇော်ဦးဝေဖန်
မြန်မာနေရှင် နယ်လိဂ်ရှိ ပြည်ပ ကစားသမား များနှင့် ပတ်သက်၍ ဦးမင်းဇော် ဦးဝေဖန်
ကမ္ဘောဇ အသင်းနည်းပြ ဦးမင်းဇော်ဦးသည် မြန်မာနေရှင်နယ် လိဂ်သို့လာရောက် ကစားနေသော ပြည်ပ ကစားသမား အများစု အနေဖြင့် အခွင့်အရေး များကိုသာ ရယူလေ့ရှိကြပြီး အသင်းအတွက် ပေးဆပ်လိုစိတ် နည်းကြသည်ဟု ဝေဖန်လိုက်သည်။
ကမ္ဘောဇ အသင်းသည် ယခုနှစ်ရာသီတွင် ပြည်ပကစားသမား လေးဦးကို ခေါ်ယူအသုံးပြုခဲ့သော အသင်းတစ်သင်း ဖြစ်ပြီး ရမှတ်(၉)မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၅)နေရာတွင် ရောက်ရှိနေသော အသင်းဖြစ်သည်။ ဦးမင်းဇော်ဦးက “ကျွန်တော်တို့လိဂ်မှာ လာကစားနေကြတဲ့ ပြည်ပကစားသမား အများစုဟာ ကျွန်တော်တို့ ဆီကနေ အခွင့်အရေးကိုပဲ ယူကြတာပါ။ အသင်းအပေါ်ပေးဆပ်လိုစိတ်တွေ နည်းကြပါတယ်။ သူတို့ကို စမ်းသပ်တဲ့ ကာလမှာဆို သူတို့တွေရဲ့ ခြေစွမ်းတွေက အရမ်းကောင်းတယ်။ ဒါပေမယ့် စာချုပ်ချုပ်ဆိုပြီးတဲ့ နောက်မှာတော့ သူတို့က မကြိုးစားကြတော့သလို ဒဏ်ရာရသလိုတွေ လုပ်လာကြတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီလိုဖြစ်ရပ်မျိုးတွေကို ထိန်းသိမ်းဖို့ လိုအပ်ပါတယ်”ဟု ပြောသည်။
ထို့အပြင် ဦးမင်းဇော်ဦးက ကမ္ဘောဇအသင်းအနေဖြင့် လာမည့်အပြောင်းအရွှေ့ ဈေးကွက်ပြန်လည် ဖွင့်လှစ်ချိန်တွင် အသင်းရှိ ပြည်ပကစားသမား နှစ်ဦးကို လဲလှယ်သွားရန် ဆန္ဒရှိနေသည်ဟု ပြောခဲ့သည်။ ကမ္ဘောဇ အသင်းသည် လက်ရှိအချိန်တွင် မြန်မာနေရှင်နယ်လိဂ် (၅)ပွဲကစားခဲ့ရာတွင် ဇေယျာရွှေမြေနှင့် ရခိုင်ယူနိုက်တက် အသင်းတို့ကို အနိုင်ရရှိခဲ့ပြီး မနောမြေ၊ ဟံသာဝတီ ယူနိုက်တက်နှင့် ချင်းယူနိုက်တက် တို့နှင့် သရေကျခဲ့သည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment