Pages

Subscribe:

Monday, February 23, 2015

ဆွမ်ဆီးနှင့်ပွဲ အရှုံးမှ အမြန်ဆုံး နိုးထရန် ယူနိုက်တက် အသင်းဖော်များကို ရွန်နီတိုက်တွန်း



ဆွမ်ဆီးနှင့်ပွဲ အရှုံးမှ အမြန်ဆုံး နိုးထရန် ယူနိုက်တက် အသင်းဖော်များကို ရွန်နီတိုက်တွန်း

ဆွမ်ဆီးစီးတီးကို အရေးနိမ့်ခဲ့ခြင်းမှ အမြန်ဆုံး ရုန်းထပြီး ရလဒ်ကောင်းများ ပြန်လည် ဆောင်ယူနိုင်အောင် ကြိုးစားကြရန် မန်ချက်စတာ ယူနိုက်တက် အသင်းဖော်များအား ဝိန်းရွန်နီက ဆော်ဩ တိုက်တွန်းလိုက်သည်။

ယူနိုက်တက်သည် နောက်ဆုံး ပရီးမီးယားလိဂ် (၁၆)ပွဲတွင် ဒုတိယမြောက် အရှုံးအဖြစ် လေဘာတီကွင်းတွင် ဆွမ်ဆီးကို (၂-၁)ဖြင့် အရေးနိမ့်ခဲ့သည်။ ယူနိုက်တက် အသင်းခေါင်းဆောင် ရွန်နီက အဆိုပါ အရှုံးကို မေ့ဖျောက်ပြီး လာမည့်သီတင်းပတ် ဆန်းဒါးလန်းနှင့် အိမ်ကွင်းပွဲစဉ်ကို အနိုင်ယူပြရန် အသင်းဖော်များအား နှိုးဆော်ခဲ့သည်။ MUTVနှင့် အင်တာဗျူးတွင် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးက “ကျွန်တော်တို့ နောက်တစ်ပတ်မှာ ပြန်လာနိုင်ဖို့ လိုပါတယ်။ ကစားရမယ့် ပွဲတွေက အများကြီး ကျန်သေးတယ်။ ကျွန်တော်တို့ မြန်နိုင်သမျှမြန်မြန် ရုန်းထနိုင်ဖို့ လိုအပ်နေပါတယ်”ဟု ဆိုသည်။

၎င်းက “အသင်းဟာ နောက်ထပ် ကောင်းမွန်တဲ့ ဖြတ်သန်းမှုမျိုး ပြန်ရဖို့ လိုတယ်။ ဒါမှသာ ထိပ်ဆုံးလေးသင်း စာရင်းမှာ ပါဝင်ပြီး ရာသီသိမ်းဖို့ ကျွန်တော်တို့ နေရာကောင်း တစ်ခုကို ဖန်တီးနိုင်မှာပါ။ ဒီပွဲအရှုံးက လက်ခံဖို့တော့ ခက်ပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာပေါ့။ ပွဲကို ကျွန်တော်တို့က စိုးမိုးထားလျက်နဲ့ သူတို့က ဂိုးသွင်းသွားတယ်။ ကျွန်တော်တို့ တစ်ဂိုး အသာရခဲ့ချိန်မှာ အဆင်ပြေနေပြီလို့တောင် တွေးခဲ့မိတာပါ။ ဒုတိယပိုင်းမှာ ဆွမ်ဆီးက ရုန်းကန်ခဲ့ရပေမယ့် တစ်ချက် အရှိုက်ထိုးသွားခဲ့တယ်။ ကိုက်(၃၀)လောက် အကွာကနေ ကန်တဲ့ဘောလုံး လမ်းကြောင်းလွဲပြီး ဂိုးဝင်သွားတာလေ။ အဝေးကွင်းမှာ ကစားပုံ ကောင်းခဲ့ပေမယ့် တစ်မှတ်မှ မရခဲ့ဘူး ဆိုတာက ကျွန်တော်တို့အတွက် ထိုးနှက်ချက် တစ်ခုပါပဲ”ဟုလည်း ဖွင့်ဟသွားသည်။

Soccer Myanmar

0 comments:

Post a Comment