Pages

Subscribe:

Wednesday, February 18, 2015

အသင်းကြီးများနှင့် ဆက်တိုက် ကစားရခြင်းကို ရခိုင်နှင့် နေပြည်တော် နည်းပြတို့ အမြင်ချင်း မတူ



အသင်းကြီးများနှင့် ဆက်တိုက် ကစားရခြင်းကို ရခိုင်နှင့် နေပြည်တော် နည်းပြတို့ အမြင်ချင်း မတူ

၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၏ အစောပိုင်းပွဲစဉ်များတွင် အသင်းကြီးများနှင့် ဆက်တိုက်ရင် ဆိုင်ကစားရခြင်းကို ရခိုင်ယူနိုက် တက် အသင်းနည်းပြနှင့် နေပြည်တော် အသင်းနည်းပြ တို့၏အမြင်များ ကွဲလွဲစွာ  ထွက်ပေါ်လာခဲ့သည်။
၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ၏ အစာပိုင်းပွဲစဉ်(၆)ပွဲတွင် အသင်းကြီးများနှင့် ဆက်တိုက် ပွဲကြပ် ယှဉ်ပြိုင်ကစားခဲ့ ရသောကြောင့် နေပြည်တော် အသင်းနည်းပြ ဦးမျိုးလှိုင်ဝင်းက “ကျွန်တော်တို့ အနေနဲ့ ပြိုင်ပွဲအစပိုင်းမှာ အသင်းကြီးတွေနဲ့ ဆက်တိုက်ရင်ဆိုင် ခဲ့ရတာကြောင့် အခက်အခဲရှိပါတယ်။ ဒါ့ကြောင့် နောက်လာမယ့် အစည်းအဝေးတွေ ရောက်ရင် ပြိုင်ပွဲကျင်းပရေး ကော်မတီကို ပွဲစဉ်ဇယားရေး ဆွဲမှုတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ် ရပါလိမ့်မယ်” ဟုပြော ကြားခဲ့သည်။
သို့သော် ရခိုင်ယူနိုက်တက် အသင်းနည်းပြ ဦးဝင်းတင်ကမူ “ကျွန်တော်တို့ အတွက်ပွဲစဉ်အစောပိုင်းမှာ အသင်းကြီးတွေနဲ့ ဆက်တိုက် ကစားခဲ့ရတာက အခက်အခဲဖြစ် စေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက် အတွေ့အကြုံနဲ့ နောက်ပိုင်ပွဲစဉ် တွေမှာ တန်းတူ အသင်းတွေနဲ့ ဆက်တိုက် ကစားရမှာဖြစ်လို့ အားသာမှုကတော့ ရစေနိုင်ပါတယ်။ အသင်းကြီးတွေနဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်တွေကို ကြည့်ပြီးအကောင်း ဆုံးပြင်ဆင်ခဲ့လို့ တစ်ပွဲထက်တစ်ပွဲ ပိုပြီး ခြေစွမ်းတည်ငြိမ် လာပါတယ်။ အသင်းကြီးတွေ နဲ့ ကစားခဲ့ရတာက ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ ရလဒ်တစ်ခုကိုလည်း ပြန်လည် ရရှိခဲ့ပါတယ်”ဟု သုံးသပ်ခဲ့သည်။

၂၀၁၅ မြန်မာနေရှင် နယ်လိဂ်ပွဲစဉ်(၆)ပွဲ ကစားပြီးချိန်တွင် ရခိုင်ယူနိုက်တက် အသင်းသည် ရမှတ်(၃)မှတ် ဖြင့်အမှတ်ပေး ဇယား အဆင့်(၁၀)တွင်လည်းကောင်း၊ နေပြည်တော် အသင်းသည် ရမှတ်(၂)မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၁၁) တွင်လည်းကောင်း အသီးသီးရပ်တည်လျက် ရှိကြသည်။

Soccer Myanmar

0 comments:

Post a Comment