Pages

Subscribe:

Monday, February 23, 2015

ဘာစီလိုနာ အရေးနိမ့်သွားသဖြင့် အံ့ဩမိဟု ရီးယဲလ်နည်းပြ အန်ဆလော့တီ ဝန်ခံ



ဘာစီလိုနာ အရေးနိမ့်သွားသဖြင့် အံ့ဩမိဟု ရီးယဲလ်နည်းပြ အန်ဆလော့တီ ဝန်ခံ

လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာအတွက် အဓိကပြိုင်ဘက် ဘာစီလိုနာအသင်း အရေးနိမ့်သွားခြင်းကို အံ့ဩမိကြောင်း ရီးယဲလ်မက်ဒရစ် နည်းပြကြီး ကာလို အန်ဆလော့တီက ဝန်ခံခဲ့သည်။

ရီးယဲလ်သည် အယ်လ်ချေးကို (၂-၀)ဖြင့် အနိုင်ရခဲ့ပြီး တစ်ဖက်တွင် ဘာစီလိုနာက မာလာဂါကို (၁-၀)ဖြင့် ရှုံးနိမ့်သွားသည်။ ယခုအခါ အသင်းနှစ်ခုကြား အမှတ်ကွာဟမှု (၄)မှတ်ထိ ရှိလာသည့်တိုင် ဆုဖလားအတွက် ဘာစီလိုနာကို လျှော့မတွက်ကြောင်းလည်း အန်ဆလော့တီက ဆိုသည်။ ဘာစီလိုနာသည် ပြိုင်ပွဲပေါင်းစုံ (၁၁)ပွဲဆက်တိုက် အနိုင်ကစားထားပြီးမှ ဟွမ်မီ၏ အစောပိုင်း သွင်းဂိုးကို မချေဖျက်နိုင်ဘဲ အိမ်ကွင်း နူးကမ့်တွင် အရှုံးနှင့် ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။

ရီးယဲလ်ကမူ နောက်ထပ် (၂၄)နာရီ အကြာတွင် အယ်လ်ချေးကို ကာရင်မ်ဘန်ဇီးမား၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့၏ သွင်းဂိုးများဖြင့် အနိုင်ရခဲ့သည်။ အန်ဆလော့တီက “အဓိက ပြိုင်ဘက်တွေ စနေနေ့မှာ ဘယ်လိုဘယ်ပုံ ဖြစ်ပျက်ခဲ့တယ် ဆိုတာကို သိထားတဲ့နောက် ဒီပွဲဟာ အရေးပါလာပါတယ်။ ဘာစီလိုနာအပေါ် ရမှတ်ပိုပြီး အသာစီး ရဖို့အတွက် ဒီပွဲကို အနိုင်ကစားရမယ်လေ။ ဘာစီလိုနာ ရှုံးသွားတာဟာ အားလုံးအတွက် အံ့ဩစရာ ဖြစ်ခဲ့တယ်ဆိုတာ သိသာပါတယ်။ သူတို့ဟာ လောလောဆယ် ပုံစံကောင်း ရနေသလို ကစားပုံလည်း တော်တော် ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အခုဆိုရင် အမှတ်ပေးဇယားကို ဆက်ဦးဆောင်နေပါပြီ။ ဒါပေမဲ့ ကျွန်တော် အရင်ကတည်းက အကြိမ်ကြိမ် ပြောဖူးပါတယ်။ ချန်ပီယံဆုဆိုတာ ရာသီတစ်ခုရဲ့ နောက်ဆုံးပွဲစဉ် အပြီးမှသာ အဖြေထွက်လာတာပါ”ဟု မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment