Pages

Subscribe:

Tuesday, February 17, 2015

ချယ်ဆီးသို့ ပြန်ရန်အတွက် ပီအက်စ်ဂျီ၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း မော်ရင်ဟို ဖွင့်ဟ



ချယ်ဆီးသို့ ပြန်ရန်အတွက် ပီအက်စ်ဂျီ၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း မော်ရင်ဟို ဖွင့်ဟ

ပီအက်စ်ဂျီ နည်းပြရာထူးအတွက် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ဖူးကြောင်းနှင့် ယခုအခါတွင် ချယ်ဆီးနှင့်အတူ ချန်ပီယံလိဂ် အောင်မြင်မှု ရရှိရန် ရည်မှန်းထားကြောင်း ဟိုဆေးမော်ရင်ဟိုက ပြောကြားလိုက်သည်။

အသက် ၅၂ နှစ်အရွယ် မော်ရင်ဟိုသည် ရီးယဲမက်ဒရစ်တွင် တာဝန်ယူခဲ့စဉ်က လီဂူးဝမ်း ချန်ပီယံ အသင်းပိုင်ရှင်များ ဖြစ်သည် နက်ဆာအယ်လ်ခီလိုင်ဖီနှင့် ရှိတ်တမ်မင်ဘင်ဟာမက် အယ်လ်တာနီတို့ဖြင့် တွေ့ဆုံခဲ့ကြောင်း၊ သို့သော်လည်း မိမိအနေဖြင့် စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ ပြန်လာရန်သာ ဆုံးဖြတ်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

ထို့နောက် မိမိအနေဖြင့် ချယ်ဆီးသို့ ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်းအတွက် နောင်တရမည် မဟုတ်ကြောင်း အင်္ဂါနေ့တွင် ပီအက်စ်ဂျီနှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ် နောက်ဆုံး ၁၆ သင်းအဆင့် ပွဲစဉ်မတိုင်မီ မော်ရင်ဟိုက ပြောကြားခဲ့သည်။“ပီအက်စ်ဂျီမှာ သိပ်ကောင်းတဲ့ စီမံကိန်းရှိတယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစီမံကိန်းအတွက် ကျွန်တော်နဲ့ ပီအက်စ်ဂျီ အသင်းပိုင်ရှင်တို့ တွေ့ဆုံခဲ့ကြပါတယ်။ ကျွန်တော့်ကို နည်းပြအဖြစ် တာဝန်ယူဖို့ အတွက်ပါ။ ကျွန်တော်တို့ ကာတာမှာ တွေ့ခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြင်သစ်ကိုသွားဖို့ ငြင်းဆန်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ တကယ့်အစစ်အမှန် ရည်မှန်းချက်က စပိန်၊ အင်္ဂလန်နဲ့ အီတလီမှာ ချန်ပီယံဖြစ်ဖို့ပါ” ဟု မော်ရင်ဟိုက ဆိုခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment