Pages

Subscribe:

Saturday, February 28, 2015

ခြေစွမ်းပိုင်း အတန်ငယ် နိမ့်ကျနေကြောင်း ဒီမာရီယာ ဝန်ခံ ~ အင်္ဂလန်တွင် အထိုင်ကျရန် အချိန် ယူနေရဆဲဟု ဖွင့်ဟ



ခြေစွမ်းပိုင်း အတန်ငယ် နိမ့်ကျနေကြောင်း ဒီမာရီယာ ဝန်ခံ ~ အင်္ဂလန်တွင် အထိုင်ကျရန် အချိန် ယူနေရဆဲဟု ဖွင့်ဟ

မိမိ အနေဖြင့် ခြေစွမ်းပိုင်းအရ အတန်ငယ် ရုန်းကန်နေရကြောင်း ဝန်ခံခဲ့သော်လည်း အကောင်းဆုံး စွမ်းဆောင်ရည် ပြန်လည်ရရှိလာအောင် အားထုတ် ကြိုးစားနေကြောင်း အိန်ဂျယ်လ် ဒီမာရီယာက ပြောကြားလိုက်သည်။

မန်ချက်စတာ ယူနိုက်တက် အသင်း၏ အာဂျင်တီးနား တောင်ပံတိုက်စစ်သမားသည် အိုးလ်ထရက်ဖို့ဒ်သို့ စတင်ရောက်ရှိကာစ အချိန်ပိုင်းတွင် အထူးတလည် ခြေစွမ်းပြခဲ့သော်လည်း မကြာသေးမီ ပွဲစဉ်များတွင်မူ ရုန်းကန်နေခဲ့ရသည်။ ရီးယဲလ်မက်ဒရစ်မှ ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း(၆၀)ဖြင့် ခေါ်ယူထားသည့် ကစားသမားက လက်ရှိ ရုန်းကန်နေရသော အခြေအနေသည် အင်္ဂလန် ဘောလုံးလောကနှင့် အထိုင်မကျသေး၍ ဖြစ်ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

MUTVနှင့် အင်တာဗျူးတွင် ဒီမာရီယာက “ကျွန်တော် ပြီးခဲ့တဲ့ ပွဲစဉ်တချို့မှာ မှန်းဆသလောက် ကောင်းကောင်း ကစားမပြနိုင်ခဲ့ဘူး။ ဒါကလည်း အင်္ဂလန်မှာ အထိုင်ကျအောင် အချိန်ယူ ပြင်ဆင်နေရခြင်းရဲ့ အစိတ်အပိုင်း တစ်ရပ်လို့ ထင်ပါတယ်။ ကျွန်တော်က ယူနိုက်တက်မှာ အရမ်း အစကောင်းခဲ့တယ်။ ဒီတော့ ပရိသတ်ဆီက မျှော်လင့်ချက်က အရမ်းကြီး မြင့်တက်လာတယ်။ ကျွန်တော်ကတော့ တူညီတဲ့ အနေအထားအတိုင်း ရှေ့ဆက် ကြိုးစားနေမှာပါပဲ။ ဘောလုံးမှာတော့ တစ်ခါတစ်လေ အနိမ့်အမြင့် ကာလတွေ ကြုံတတ်ပါတယ်” ဟု ဆိုသည်။

၎င်းက “အရင် အသင်းတွေမှာလည်း ပုံမှန် ခြေစွမ်းရဖို့ ကျွန်တော် နည်းနည်းတော့ အချိန်ယူခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်အခု ပြင်းပြင်းထန်ထန် ကြိုးစား လေ့ကျင့်နေဆဲပါ။ ကိုယ်ဘာလိုချင်တယ် ဆိုတာကိုပဲ တွေးတော အာရုံ စိုက်ထားပါတယ်။ ယူနိုက်တက်အတွက် ဖြစ်နိုင်သမျှ အကောင်းဆုံး ကျွန်တော် ပေးဆပ် ကစားသွားချင်ပါတယ်”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment