Pages

Subscribe:

Wednesday, February 18, 2015

ချယ်လ်ဆီးသည် ခမ်းနားကြီးကျယ်သည့် အသင်းတစ်ခု မဟုတ်သေးဟု ကိန်းမှတ်ချက်ပြု



ချယ်လ်ဆီးသည် ခမ်းနားကြီးကျယ်သည့် အသင်းတစ်ခု မဟုတ်သေးဟု ကိန်းမှတ်ချက်ပြု

မန်နေဂျာ ဟိုဆေးမော်ရင်ဟို ကိုင်တွယ်နေသည့် ချယ်လ်ဆီးကို ခမ်းနားကြီးကျယ်သည့် အသင်းကောင်း တစ်ခုအဖြစ် သတ်မှတ်ရန် မဖြစ်နိုင်သေးကြောင်း ရွိုင်ကိန်းက ပြောကြားလိုက်သည်။

ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် PSGကို တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် မော်ရင်ဟိုက ချယ်လ်ဆီးကို အသင်းကောင်း တစ်ခုအဖြစ် ဂုဏ်တင် ညွှန်းဆိုခဲ့သည်။ “ကျွန်တော်တို့ဟာ ထိပ်တန်း အသင်းကောင်းတစ်ခု ဖြစ်လာအောင် ကြိုးစား လုပ်ဆောင်ခဲ့ကြတယ်။ ချယ်လ်ဆီးက ထိပ်တန်း အသင်းကောင်း တစ်ခုပါပဲ”ဟု မော်ရင်ဟိုက မှတ်ချက်ပြုခဲ့သည်။ သို့သော်လည်း မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ကိန်းကမူ မော်ရင်ဟို၏ စကားကို လက်မခံနိုင်ကြောင်း ဆိုသည်။

ကိန်းက “တကယ့်ကို ခမ်းနားကြီးကျယ်တဲ့ အသင်းကြီးတစ်ခု ဖြစ်လာဖို့ သူတို့မှာ အလားအလာလေးတော့ ရှိတယ်လို့ ကျွန်တော်ထင်တယ်။ မော်ရင်ဟိုက တကယ့်ကို ထူးချွန်ထက်မြက်တဲ့ မန်နေဂျာ တစ်ယောက်ဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ ချယ်လ်ဆီးကို အသင်းကြီးတစ်ခုအဖြစ် သူလုပ်ပြဖို့ ဆိုတာကတော့ ဆုဖလားတွေ ရယူပြဖို့ လိုသေးတယ်။ အခုလောလောဆယ် အနေအထားလောက်နဲ့ ချယ်လ်ဆီးဟာ ခမ်းနားကြီးကျယ် လှပါပြီဆိုပြီး လျှောက်ပြောနေရင်တော့ အခြေအမြစ် မရှိပါဘူး”ဟု ဝေဖန်ခဲ့သည်။

ကိန်း၏ အသင်းဖော် ဖြစ်ဖူးသည့် ပေါလ်စခိုးလ်ကလည်း ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဦးဆောင်နေသည့် အသင်းသည် ၎င်းတို့၏ တန်ဖိုးအမှန်ကို ပြသရန် လိုအပ်နေဆဲဟု ဆိုသည်။ “နောက်ထပ် လေးငါးနှစ်လောက် အတွင်းမှာ နှစ်တိုင်းလိုလို ဆုဖလားတွေ ရယူပြနေဖို့ လိုပါတယ်။ လောလောဆယ်မှာတော့ ချယ်လ်ဆီးဟာ တကယ့် ထိပ်တန်း အသင်းကြီးတစ်ခု ဆိုတာကို သတ်မှတ်ဖို့ စောပါသေးတယ်”ဟု စခိုးလ်က မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment