ပရီးမီးယားလိဂ်တွင်
အမျိုးသမီး များအား ဆွဲဆောင်မှု အရှိဆုံး ကစားသမား အဖြစ် ဂီရော့ဒ်ရွေး ချယ်ခံရ
Written
by အောင်ငြိမ်းသွေး
အင်္ဂလန်၊ ဖေဖော်ဝါရီ
၁၂။ ။လောင်းကစား ကုမ္ပဏီ တစ်ခုဖြစ် သည့်
Paddy Power ၏ သုတေသန စစ်တမ်းပြု လုပ်ချက် အရ အာဆင်နယ် တိုက်စစ်မှူး ဂီရော့ဒ်သည် ပရီးမီးယားလိဂ်တွင်
အမျိုးသမီး များအား ဆွဲဆောင်မှု အရှိဆုံး ကစားသမား အဖြစ်ရွေးချယ်ခံ ခဲ့ရသည်။
Paddy
Power ကုမ္ပဏီသည် အမေရိကန် အမျိုးသမီး ၂၅၀ ကို ပရီးမီးယား လိဂ်ဘောလုံး သမား ၃၀၀ အား
မည်သူက ဆွဲဆောင်မှု အရှိဆုံး ကစားသမားလဲ ဟုမေးမြန်းခဲ့ရာတွင် ဂီရော့ဒ်မှာ မဲအများ ဆုံးရွေးချယ်ခံခဲ့
ရခြင်းဖြစ်သည်။
ထို့ကြောင့်ဂီရော့ဒ်သည်hottest
premier league player ဟုရေးသားထား သည့်ရွှေရောင်ဘောင်ကွပ် ထားသောမှန်တစ်ချပ် လက်ဆောင်အဖြစ်
ရရှိခဲ့သည်။ ယခုကဲ့သို့ ရုပ်ရည်မျိုး ရရှိအောင်မွေး ဖွားပေးခဲ့သည့် မိဘများ ကိုကျေးဇူးတင်
ရှိကြောင်း ဂီရော့ဒ် ကပြောသည်။
ဂီရော့ဒ်
၏နောက်တွင် ဆန်းဒါးလန်းမှ ဗာဂျီနီနှင့် လက်စတာမှ မက်တီဂျိမ်းစ်တို့က ဆွဲဆောင်မှု အရှိဆုံး
ကစားသမား အဖြစ် ရပ်တည် ခဲ့ကြသည်။
Paddy
Power ကုမ္ပဏီသည် ဆွဲဆောင်မှုအရှိဆုံး ကစားသမား ၁၁ ဦးကို စစ်တမ်းပြုလုပ်ခဲ့သလို အမျိုးသမီးများ
မနှစ်သက်ဆုံး ကစားသမား ၁၁ ဦးကိုလည်း စစ်တမ်းပြု လုပ်ခဲ့သည်။
ဆွဲဆောင်မှု
အရှိဆုံး ကစားသမား ၁၁ ဦး တွင်ဆောက်သမ်တန် ဂိုးသမား ဘင်ဖော်စတာ၊ မန်စီးတီးတောင်ပံ ကစားသမား
နာဗက်စ်၊ စပါးကွင်း လယ်လူချက် ဒ်လီနှင့် ကျူပီအာ တိုက်စစ်မှူးအော် စတင်တို့ ပါဝင် ခဲ့ပြီး
အမျိုးသမီး များကို မဆွဲဆောင်နိုင်သည့် ကစားသမား များစာရင်းတွင် မန်ယူတောင်ပံ ကစားသမား
ဒီမာရီယာ၊ လီဗာပူးလ် တိုက်စစ်မှူး ဘာလော့ တယ်လီ၊
အာဆင်နယ် တိုက်စစ်မှူးဟောင်း ချာမက်နှင့် ၀က်စ်ဘရွန်းနောက်ခံလူ လက်စ်ကော့တို့
ပါဝင်ခဲ့ကြ သည်။
ဆွဲဆောင်မှုအရှိဆုံးကစားသမား
၁၁ ဦးတွင် ဘန်လေမှ ဂျက်ဆင်ရှက်ကယ်တစ်ဦးသာပါဝင်ခဲ့သော်လည်း ဘန်လေအသင်းမှာ ပရီးမီးယားလိဂ်အသင်းများတွင်
ဆွဲဆောင်မှုအရှိဆုံးအသင်းအဖြစ် ရပ်တည်ခဲ့သည်။ ၀က်စ်ဘရွန်း၊ ဆွမ်ဆီးနှင့် နယူးကာဆယ် အသင်းတို့မှာ
ဆွဲဆောင်မှုအနည်းဆုံးအသင်းများအဖြစ်ရပ်တည်ခဲ့ကြသည်။
Ref:
Daily Mail
Mizzima
0 comments:
Post a Comment