ဒဏ်ရာကြောင့် ချယ်ဆီးနှင့်ပွဲကို ပီအက်စ်ဂျီ ကစားသမား ၄ ဦး လွဲချော်မည်
ယိုဟန် ကာဘာယီ၊ မာကွင်ဟို၊ ဆာဂျီအော်ရီယာနှင့် လူးကပ်စ်တို့သည် ဒဏ်ရာကြောင့် ချယ်ဆီးနှင့် ယှဉ်ပြိုင်ရမည့် ပီအက်စ်ဂျီ၏ ချန်ပီယံလိဂ် နောက်ဆုံး ၁၆ သင်း ပထမအကျော့ ပွဲစဉ်ကို လွဲချော်ရမည် ဖြစ်သည်။
အဆိုပါ ကစားသမား ၄ ဦးသည် စနေနေ့က ကန်အသင်းနှင့် ကစားခဲ့သည့် လီဂူးဝမ်း ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ ဘလိုင်စီမာတွီဒီသည်လည်း ၎င်းပွဲစဉ်တွင် အသေးစား ဒဏ်ရာရရှိခဲ့သောကြောင့် ပီအက်စ်ဂျီအသင်းက ကစားသမား ၉ ဦးတည်းဖြင့် ကစားခဲ့ရသည်။ကွင်းလယ် ကစားသမား ကာဘာယီသည် ပွဲချိန် ၁၆ မိနစ်တွင် ပေါင်ခြံဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး မာကွင်ဟိုမှာလည်း ပေါင်ဒဏ်ရာကြောင့် ဒေးဗစ်လူးဝစ်ဇ်နှင့် လူစားလဲခဲ့ရသည်။
ထို့အပြင် ဒုတိယပိုင်းတွင် မာတွီဒီကို ဗန်ဒါဝီရယ်နှင့် လူစားလဲခဲ့ရပြီး ပွဲပြီးခါနီးတွင် အော်ရီရာနှင့် လူးကပ်စ်တို့နှစ်ဦးမှာလည်း ကြွက်သားဒဏ်ရာကြောင့် ဆက်ကစားနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ပီအက်စ်ဂျီသည် ပထမပိုင်းတွင် ဇာလတန် အီဘရာဟီမိုဗစ်ခ်ျနှင့် အီဇီကွီရယ် လာဗက်ဇီတို့၏ သွင်းဂိုးဖြင့် ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းတွင် ကစားသမား ၉ ဦးတည်းဖြင့် ကစားခဲ့ရသည်။
“မာကွင်ဟို၊ ကာဘာယီ၊ အော်ရီရာနဲ့ လူးကပ်စ်တို့က ချယ်ဆီးနဲ့ပွဲမှာ မပါဝင်နိုင်တော့ပါဘူး။ မာတွီဒီရဲ့ ဒဏ်ရာကတော့ သိပ်စိုးရိမ်စရာ မရှိပါဘူး။ ဒီဖြစ်ရပ်အတွက် လက်ခံနိုင်ဖို့ အရမ်းခက်ခဲပါတယ်။ ဒီပွဲမှာ ပထမပိုင်း မိနစ် ၂၀ ကလွဲပြီး ကျန်အချိန်အားလုံးမှာ ဒဏ်ရာပြဿနာတွေကြောင့် ကျွန်တော်တို့ အခက်တွေ့ခဲ့ပါတယ်” ဟု ပီအက်စ်ဂျီ နည်းပြ လောရင့်ဘလန့်ခ်က ပြောကြားခဲ့သည်။
Soccer Myanmar
0 comments:
Post a Comment