Pages

Subscribe:

Sunday, February 22, 2015

စပါး - ဝက်စ်ဟမ်း (ညနေ ၆း၃၀)



Best Of Three 1
Written by  Mizzima News

တနင်္ဂနွေဟာ များသောအားဖြင့် ပုံမှန် မဟုတ်တဲ့ ရလဒ်တွေ ထွက်လာတတ်ပေမယ့် အကောင်းဆုံး (၃) ပွဲကို ပရိသတ်ကြီးအတွက်
ရွေးထုတ်ပေးလိုက်ပါတယ်ဗျာ…။ အဆင်ပြေကြပါစေ။

စပါး - ဝက်စ်ဟမ်း (ညနေ ၆း၃၀)

*ယူရိုပါလိဂ်မှာ ဖီအိုရင်တီးနားနဲ့ ကစားပြီး တစ်ဂိုးစီ သရေကျခဲ့တဲ့ စပါးဟာ လန်ဒန်ဒါဘီ ပွဲစဉ်တစ်ပွဲကို ရင်ဆိုင်ရမှာပါ။ စပါးအသင်းမှာ ဒဏ်ရာရ၊ ပွဲပယ် ကစားသမား တစ်ယောက်မှ မရှိပေမယ့် ယူရိုပါလိဂ်ကြောင့် ကစားသမားတွေ ပွဲပန်းနေမှာကို သတိထားရမှာဖြစ်ပြီး နည်းပြ ပိုချက်တီနို အနေနဲ့ ယူရိုပါလိဂ်တုန်းက ပွဲမထွက်ခဲ့ရတဲ့ ကိန်း၊ လာမယ်လာ၊ ဒမ်ဘီလီ၊ မေဆွန် တို့ကို ပွဲထုတ်လာဖို့  ရှိနေပြီး ကစားသမား အပြောင်းအလဲ တစ်ချို့တော့ မြင်ရပါလိမ့်မယ်။

*စပါးဟာ ဒီပွဲပြီးရင် ယူရိုပါလိဂ် ဒုတိယ အကျော့ကို ကစားရပါဦးမယ်။ အဲဒီနောက် ချယ်လ်ဆီးနဲ့ ကက်ပီတယ်ဝမ်းဗိုလ်လုပွဲကို ကစားရမယ်။ ၁၆ ရက်အတွင်း ၆ ပွဲ ကစားရမယ့် အသင်း တစ်သင်းရဲ့ အနေအထားကို နည်းပြ ပိုချက်တီနို အနေနဲ့ ခက်ခက်ခဲခဲ စီမံရမယ် ထင်တယ်။

*စပါးဟာ ပရီးမီးယားလိဂ်မှာကစားခဲ့တဲ့ နောက်ဆုံး အိမ်ကွင်း (၇) ပွဲမှာ ရှုံးပွဲမရှိခဲ့ပဲ (၅) ပွဲနိုင် (၂) ပွဲသရေနဲ့ ပုံစံကောင်းကို ပြထားပါတယ်။ အဲဒီ (၇) ပွဲမှာ (၂) ဂိုးနဲ့ အထက် ဂိုးသွင်းနိုင်တဲ့ပွဲ (၅) ပွဲအထိ ရှိခဲ့လို့ သူတို့ရဲ့ အိမ်ကွင်းမှာ တိုက်စစ်ပိုင်းက ပိုပြီး အလုပ်လုပ်တယ်လို့ ယေဘူယျ ကောက်ချက်ချထားလို့ရပါတယ်။

*ဝက်စ်ဟမ်းအသင်းမှာတော့ တိုက်စစ်မှူး ကာရိုးလ်နဲ့ ပွဲပယ်ခံထားရတဲ့ တောင်ပံကစားသမား အမယ်ဖီတာနို တို့ မပါဝင်နိုင်ဖို့ ကျိန်းသေပါတယ်။ ပြီးတော့ ကြံ့ခိုင်မှု မပြည့်ဝသေးတဲ့ စာရင်းမှာ တိုက်စစ်မှူး ဆာခို၊ အသစ်ခေါ်ထားတဲ့ ကွင်းလယ်လူ နီနီ၊ ကူယက်တေးနဲ့ ဂျာဗစ် တို့ ရှိနေလို့ သူတို့ရဲ့ ကောင်းမွန်တဲ့ လူစာရင်း အတိအကျ ရပါမလားဆိုတာ သံသယရှိစရာပါ။

*ဝက်စ်ဘရွန်းကို (၄) ဂိုးပြတ်နဲ့ ရှုံးခဲ့တဲ့ ပွဲစဉ်တုန်းက နောက်ကျောဒဏ်ရာရသွားခဲ့တဲ့ တိုက်စစ်မှူး ဆာခို ပါမယ်၊ မပါဘူးဆိုတာက ဝက်စ်ဟမ်းအသင်းရဲ့ ရလဒ်ပိုင်းကို အပြောင်းအလဲ ဖြစ်သွားစေနိုင်ပါတယ်။ ဒီရာသီမှာ အသင်းအတွက် (၈) ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး ဝက်စ်ဟမ်းရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်ခဲ့တဲ့ ဆာခိုဟာ တိုက်စစ်မှာ ဗလင်စီယာနဲ့ အကောင်းဆုံး တွဲဖက်နိုင်သူပါ။

*ဝျှက်စ်ဟမ်းဟာ သူတို့ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး အဝေးကွင်း (၅) ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ (၅) ပွဲမှာ သရေ (၃) ပွဲရှိခဲ့ပြီး ချယ်လ်ဆီး၊ လီဗာပူးလ်တို့လို အသင်းကြီးတွေကိုပဲ ရှုံးခဲ့တာပါ။

သုံးသပ်ချက်

ဒါဘီပွဲတစ်ပွဲ ဖြစ်တဲ့အတွက် နှစ်သင်းစလုံးက ရလဒ်ကောင်းဖို့ အားစိုက်ကြမှာပါ။ ပြီးခဲ့တဲ့ ရာသီတုန်းက ၀ှိုက်ဟတ်လိန်းမှာ ၀က်စ်ဟမ်းတို့ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ အံ့အားသင့်ဖွယ် နိုင်ပွဲတစ်ပွဲရခဲ့ကြပြီး စပါးတွေကတော့ အဲဒါကို ပြန်လည်ချေဖျက်ဖို့ ကြိုးစားကြမှာပါ။ ဒါပေမယ့် ပွဲဆက်များနေတဲ့ အသင်းတစ်သင်းရဲ့ အခြေအနေကို ကျွန်တော်တို့ ချယ်လ်ဆီးကို ကြည့်ပြီး မြင်ခဲ့ပြီးပါပြီ။ စပါးဟာ ဒုတိယ မြောက်ချယ်လ်ဆီးဖြစ်လာပါဦးမယ်။ လက်ရှိအချိန်မှာတော့ စပါးအသင်းက တစ်ဂိုးသွင်းတာနဲ့ ၅၀ နိုင်ပါမယ်။ ဒါပေမယ့် ဒီနေရာမှာ စပါးတွေ နိုင်ပွဲတစ်ပွဲ အမှန်ပဲ လိုအပ်ရဲ့လားဆိုတာ စဉ်းစားရပါမယ်။ သူတို့ ဘာကို အာရုံစိုက်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပြီး ယူရိုပါလိဂ်၊ ကက်ပီတယ်ဝမ်း၊ စတာတွေရဲ့ နောက်မှာ ပရီးမီးယားလိဂ်ရဲ့ နိုင်ပွဲတစ်ပွဲ ပျောက်သွားတာက သိပ်အရေးမကြီးဘူးလို့ ထင်မိတာပါပဲ။ ၀က်စ်ဟမ်းဖက်မှာ နေတာပဲ စိတ်ချရမယ်ထင်တယ်..။

0 comments:

Post a Comment