Pages

Subscribe:

Tuesday, February 17, 2015

ဖူဆယ်လိဂ် ဂိုးသွင်းဘုရင် ဆုကိုမရိုးသား မှုများကြောင့် မပေးအပ်ခြင်းဖြစ် သည်ဟု ဦးစိုးမိုးကျော် ပြော



ဖူဆယ်လိဂ် ဂိုးသွင်းဘုရင် ဆုကိုမရိုးသား မှုများကြောင့် မပေးအပ်ခြင်းဖြစ် သည်ဟု ဦးစိုးမိုးကျော် ပြော

MFF MTC 2014 ဖူဆယ်လိဂ် ပြိုင်ပွဲအတွက် ဂိုးသွင်းအများဆုံး ဆုကို မရိုးသားမှုများ ပြုလုပ်ခဲ့ကြ သောကြောင့် ပေးအပ် ချီးမြှင့်တော့မည် မဟုတ်ကြောင်း ဘောလုံးအဖွဲ့ချုပ် အုပ်ချုပ်ရေးမှုး စီမံ ဦးစိုးမိုးကျော်က ပြောသည်။

၂၀၁၄ ခုနှစ်အတွင်း စတင်ကျင်းပပြီး ၂၀၁၅ ဖေဖော်ဝါရီလတွင် အဆုံးသတ်ခဲ့သည့် ယင်းဖူလိဂ်ပြိုင်ပွဲတွင် မူလက အဆင့် (၁)မှ(၄) အတွင်းဝင်ရောက် ခဲ့သော အသင်းများ၊အပြင် အသန့်ရှင်းဆုံး အသင်းဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုနှင့် ဂိုးသွင်းဘုရင်ဆုတို့ကို ပေးအပ်မည်ဟု ကြေငြာထားခဲ့သော်လည်း ဆုပေးပွဲအခမ်းအနားတွင် ဂိုးသွင်းဘုရင်ဆုကို ပေးအပ်ချီးမြှင့်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ မေးမြန်းခဲ့ရာတွင် ပြိုင်ပွဲကျင်းပရေးမှ ဂိုးသွင်းဘုရင်ဆုအတွက် စီစစ်နေဆဲဟု ဖြေကြားခဲ့သည်။ သို့သော် ထိုသို့ ဂိုးသွင်းဘုရင်ဆုကို မပေးရခြင်းမှာ ပွဲစဉ်ပြီးဆုံးရန် တစ်ပတ်အလို၌ ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်တစ်ပွဲတွင်း ဂိုးသွင်းဘုရင်ဆုအတွက် (၃၆) ဂိုးစီ သရေရလဒ် ထွက်ပေါ်အောင် ကစားခဲ့ခြင်းကြောင့် ပြိုင်ပွဲကျင်းပရေးမှ ပြန်လည်စီစစ်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အုပ်ချုပ်ရေးမှုးစီမံ ဒါရိုက်တာ ဦးစိုးမိုးကျော်အား မေးမြန်းခဲ့ရာတွင် “ဂိုးသွင်းဘုရင် ဆုအတွက် အသင်းနှစ်သင်းညှိကစားခဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါကြောင့် ဒီပြိုင်ပွဲအတွက် ဂိုးသွင်းဘုရင် ဆုကို မပေးတော့ပါဘူး။ ဒီလိုမသမာတဲ့ နည်းနဲ့ အရယူမယ်ဆိုရင် တစ်ကယ်ကြိုးစားပြီး ဂိုးသွင်းထားတဲ့ သူတွေနစ်နာတာ ပေါ့”ဟု Soccer Myanmar သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment