Pages

Subscribe:

Monday, February 23, 2015

လီဝန်ဒေါစကီးသည် မန်ဇူကစ်ထက် ပိုကောင်းသည့် တိုက်စစ်မှူးဖြစ်ကြောင်း ဟိုးနက်စ် ပြောကြား



လီဝန်ဒေါစကီးသည် မန်ဇူကစ်ထက် ပိုကောင်းသည့် တိုက်စစ်မှူးဖြစ်ကြောင်း ဟိုးနက်စ် ပြောကြား

မာရီယို မန်ဇူကစ်ကို ရောင်းချပြီး ရောဘတ် လီဝန်ဒေါစကီးကို ခေါ်ယူခဲ့သည့် ဘွန်ဒက်စ်လီဂါ ချန်ပီယံအသင်း၏ လုပ်ရပ်သည် မှန်ကန်ကြောင်း ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးဟောင်း ဒီယက်တာဟိုးနက်စ်က ပြောကြားလိုက်သည်။

မန်ဇူကစ်သည် ဘိုင်ယန်မြူးနစ်တွင် ကစားခဲ့သည့် နှစ်ရာသီအတွင်း ဘွန်ဒက်စ်လီဂါ ၅၄ ပွဲ၌ ၃၃ ဂိုး သွင်းယူထားခဲ့သော်လည်း နွေရာသီက အက်သလက်တီကို မက်ဒရစ်ထံ ရောင်းချခံခဲ့ရသည်။

မန်ဇူကစ်သည် စပိန်တွင် ပြိုင်ပွဲအရပ်ရပ်၌ ၃၂ ပွဲကစားပြီး ဂိုး ၂၀ သွင်းယူထားနိုင်ချိန်တွင် ၎င်း၏နေရာတွင် အစားထိုးခေါ်ယူထားသည့် လီဝန်ဒေါစကီးမှာ ခြေစွမ်းတည်ငြိမ်မှု ရရှိရန် ရုန်းကန်နေရသည်။

သို့သော်လည်း ပိုလန် လက်ရွေးစင် တိုက်စစ်မှူးသည် နည်းပြ ပပ်ဂွာဒီယိုလာ၏ နည်းစနစ်နှင့် ပိုမိုအံဝင်သူ ဖြစ်ကြောင်းနှင့် လက်ရှိတွင် ပြိုင်ပွဲအရပ်ရပ်၌ ပွဲ ၃၀ ကစားပြီး ၁၃ ဂိုး သွင်းယူထားသည့် လီဝန်ဒေါစကီး အနေဖြင့် ၎င်း၏ ထိပ်တန်းခြေစွမ်းကို မကြာခင် ပြန်လည်ရရှိလိမ့်မည် ဖြစ်ကြောင်း ဟိုးနက်စ်က ဆိုခဲ့သည်။

“လီဝန်ဒေါစကီးက ဘိုင်ယန်အတွက် အရမ်းကို အရေးပါတဲ့ ကစားသမားပါ။ မန်ဇူကစ်ထက်စာရင် သူက ဂွာဒီယိုလာရဲ့ နည်းစနစ်နဲ့ ပိုပြီး အံဝင်ပါတယ်။ ဒါပေမဲ့ မန်ဇူကစ်က ဘွန်ဒက်စ်လီဂါမှာ ဆက်မကစားတော့တဲ့ အတွက် ကျွန်တော် ဝမ်းနည်းမိပါတယ်” ဟု ဟိုးနက်စ်က ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment