Pages

Subscribe:

Saturday, February 21, 2015

မန်စီးတီး - နယူးကာဆယ် (ည ၁၂း၀၀)



'Best Of Three 2'
Written by  Mizzima News
ယနေ့ညတွင် ယှဉ်ပြိုင်ကစားကြမည့် ဥရောပလိဂ် ပွဲစဉ်များထဲမှ အကောင်းဆုံး (၃) ပွဲကို မဇ္ဈိမ မှ ရွေးချယ်တင်ဆက်ပေးလိုက်ပါသည်။
မန်စီးတီး - နယူးကာဆယ် (ည ၁၂း၀၀)

*မန်စီးတီးအသင်းရဲ့ လူစာရင်းမှာ ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာ တစ်ယောက်ပဲ ဒဏ်ရာပြဿနာ ရှိနေပြီး ကျန်ကစားသမားတွေကတော့ ဒဏ်ရာနဲ့ ပွဲပယ် ကင်းစင်နေပါတယ်။

*ဒီပွဲအတွက် ယာယာတိုရေးနဲ့ ဘိုနီတို့ အသင့်ရှိနေကြပြီး နည်းပြ ပယ်လီဂရီနီ အနေနဲ့ တိုက်စစ်မှာ အဂွီရိုနဲ့ ဘိုနီကို တွဲကစားခိုင်းမလား၊ ဒါမှမဟုတ် သူအားသန်တဲ့ ကွင်းလယ် ၅ ယောက် အကွက်ကို ဆက်သုံးဦးမလားဆိုတာ စောင့်ကြည့်ရပါမယ်။

*မန်စီးတီးဟာ သူတို့နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ် (၃၁) ပွဲမှာ (၂၈) ပွဲအထိ မရှုံးအောင် ကစားထားနိုင်ခဲ့လို့ ဒါဟာ အိမ်ကွင်း အီတီဟတ်မှာ ဘယ်သူမှ နိုင်ဖို့ မလွယ်ဘူးဆိုတာ ပြသ ထားခဲ့တာပါပဲ။

*နယူးကာဆယ်အသင်းမှာတော့ ကွင်းလယ်လူ တီအိုတီ၊ လူငယ်ကစားသမား အာရွန်နဲ့ ကာဘယ်လာ၊ ယန်းမတ်နဲ့ စတီဗင်တေလာ စတဲ့သူတွေ ဒဏ်ရာ ရှိနေပါတယ်။

*လက်ထောက်နည်းပြ ဂျွန်ကာဗာ ကိုင်တွယ်နေတဲ့အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် (၃) ပွဲဆက် ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့တယ် ဆိုပေမယ့် ကစားပုံကတော့ ထင်သလောက် အကောင်းကြီး မဟုတ်ပါဘူး။ မန်စီးတီးနဲ့တွေ့တိုင်း ဂိုးပြတ်အရှုံးပေးရလေ့ရှိတဲ့ မှတ်တမ်းဆိုးတွေကို ဒီပွဲမှာ ဂျွန်ကာဗာ တစ်ယောက် ခြေဖျက်နိုင်မလားဆိုတာ သံသယရှိဖို့ ကောင်းနေပါတယ်။

သုံးသပ်ချက်

ဒီပွဲဟာ မန်စီးတီးရဲ့ ကွင်းလယ်တိုက်စစ်ကစားသမားတွေနဲ့ နယူးကာဆယ်ရဲ့ ကွင်းလယ်ခံစစ် ကစားသမားတွေ ယှဉ်မယ့်ပွဲလို့တောင် ပြောနိုင်ပါတယ်။ နှစ်သင်း စလုံးရဲ့ အားသာချက်တွေက ကွင်းလယ်မှာရှိနေကြပြီး နယူးကာဆယ်ရဲ့ ကွင်းလယ်အတွဲဖြစ်တဲ့ ကိုးလ်ဘတ်နဲ့ ဆစ်ဆိုကို အတွဲဟာ ပြိုင်ဘက်တွေ ထင်ထားတာထက် ပိုပြီး မာကျောကြသူတွေပါ။ မန်စီးတီးကလည်း ကွင်းလယ်တိုက်စစ်ကနေပဲ ဂိုးရဖို့ ကြိုးစားလေ့ရှိတဲ့အသင်းဖြစ်ပြီး ပြီးခဲ့တဲ့ ပွဲက ဂိုးပေါက်ပြန်တွေ့ခဲ့တဲ့ အဂွီရိုကိုတော့ မျှော်လင့်စရာ နည်းနည်း ရှိနေပါတယ်။


မန်စီးတီးအနေနဲ့ ဒီပွဲမှာပါ ချယ်လ်ဆီးနဲ့ အမှတ်ထပ်ပြတ်သွားရင် ချန်ပီယံဆုအတွက် ဘယ်လိုမှ လိုက်မမီတဲ့ အနေအထားကို ရောက်သွားမှာပါ။ မန်စီးတီးရဲ့ လူပြန်စုံလာတဲ့အနေအထား၊ အမှတ်လိုအပ်နေမှု စတာတွေကြောင့် ဒီပွဲမှာ မန်စီးတီးတို့ အမှတ်ရဖို့ ကြိုးစားမှာဖြစ်ပြီး ထုံးစံအတိုင်း ဂိုးပြတ်သွားပါလိမ့်မယ်။

0 comments:

Post a Comment